သတင်း

ငါးဖမ်းခွင့်မရသည့် ရေလုပ်သားများ ကျောက်ဖြူ ပင်လယ်ပြင်၌ ဆန္ဒထုတ်ဖော်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရေနံတင်ဆိပ်ကမ်းသို့ ဝင်ထွက်နေသည့် တရုတ်နိုင်ငံမှ ရေနံတင် သ င်္ဘော ကြီးများကြောင့် တနိုင်တပိုင်ငါးဖမ်းခွင့် တားဆီးခံရသည့် ရေလုပ်သားများသည် ယမန်နေ့က ကျောက်ဖြူ ဆိပ်ကမ်းမှ မဒေးကျွန်းရှိ ရေနံတင် ဆိပ်ကမ်းသို့ ချီတက် ဆန္ဒ ထုတ်ဖော်ကြကြောင်း သိရသည်။

ဆန္ဒ ထုတ်ဖော်မှုတွင် ကျောက်ဖြူမြစ်ကြောင်းအတွင်း ရေလုပ်သားများ၏ မိသားစု စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာ ရေး ကိစ္စများအား တာဝန်ယူ ဆောင်ရွက်ပေးရန်၊ ဒေသခံများ အတွက် သီးသန့် ဆိပ်ကမ်းတခု တည်ဆောက်ပေးရန်၊ ဒေသခံပြည်သူများ၏ နစ်နာမှုများ အတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် စသည့် အချက်များကို တောင်းဆို ခဲ့ကြ ကြောင်း ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ ဦးမောင်မြင့် က ဧရာဝတီ ကို ပြောသည်။

ဦးမောင်မြင့်က “မဒေးကျွန်း ဒေသခံတွေက လယ်ယာလုပ်ငန်းနဲ့ ငါးဖမ်းတဲ့အလုပ်ကို လုပ်ပြီး အသက်မွေးကြတာပါ၊ အခု က လယ်တွေလည်း သိမ်းလိုက်ပြီ၊ ငါလည်း မဖမ်းရတော့ဘူး ဆိုတော့ ကျနော်တို့က ဘာကိုလုပ်စားပြီး ရပ်တည်ကြရမလဲ” ဟု ပြောဆိုသည်။

မေ ၂၂ ရက်က ဆန္ဒထုတ်ဖော်ရာတွင် လှေအစီးရေ ရာချီပါဝင်ပြီး၊ ကျောက်ဖြူ ဆိပ်ကမ်းမှ မဒေးကျွန်းရှိ ရေးနံတင် ဆိပ်ကမ်း နှင့် ကျွန်းပေါ် ရှိ စီမံကိန်းများအား ဦးဆောင်လုပ်ကိုင်နေသည့် China National Petroleum Corporation (CNPC) ရုံးရှေ့တို့တွင် ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ပင်လယ်ပြင်သို့ လိုက်ပါ၍ စောင့်ကြည့်ခဲ့သော် လည်း တစုံတရာ ဟန့်တား ပြောဆိုမှု မရှိခဲ့ကြောင်း ဆန္ဒပြရာတွင် ပါဝင်သူများ က ပြောသည်။

ဒေသခံ ရေလုပ်သားများသည် ရေနံတင် သင်္ဘောကြီးများ မလာရောက်မီ ရက်အနည်းငယ်မှစတင်၍ ငါးဖမ်းခွင့်မရှိတော့ ကြောင်း၊ တခြားရက်များတွင် ဖမ်းဆီးရန် ကြိုးပမ်းပါကလည်း ရေကြောင်းတလျှောက်တွင် ချထားသည့် အချက်ပြရေ ကြောင်း အမှတ်အသားတိုင်များကြောင့် ငါးဖမ်းဧရိယာ ကျဉ်းမြောင်းသွားကြောင်း မဒေးကျွန်း ဒေသခံ ဦးလှခိုင် ကလည်း ဧရာဝတီ ကို ပြောသည်။

ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကိစ္စများ ဆောင်ရွက်ပေးရန်၊ လျှပ်စစ်မီး ၂၄ နာရီရရှိရေး ဆောင်ရွက်ပေးရန်နှင့် ဒေသ ခံများ၏ တောင်းဆိုချက်များအား ဆောင်ရွက်ပေးခြင်း မရှိပါက လက်ရှိ ဝင်ထွက်နေသည့် တရုတ်ရေနံတင် သင်္ဘောများ အား ရပ်တန့်ထားရန် စသည့် အချက်ကိုများကိုလည်း ကြေညာချက် ထုတ်၍တောင်းဆိုခဲ့ကြောင်း သိရသည်။

ဒေသခံများ၏ တောင်းဆိုချက်များအား ဆောင်ရွက်မပေးပါက လူထုအင်အားဖြင့် ဆန္ဒထုတ်ဖော်မှုများ ထပ်မံ လုပ်ဆောင် သွားမည် ဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

မဒေးကျွန်းဒေသ ဒေသဖွံဖြိုးရေးအတွက် လုပ်ဆောင်ပေးရမည့် အချက် ၃ ချက်ကိုလည်း မေလ ၁၁ ရက်က ဆန္ဒ ထုတ်ဖော် ခဲ့ကြသေးသည်။

မဒေးကျွန်းပေါ်ရှိ ရေနံပိုက်လိုင်း စီမံကိန်း၊ ရေနံသိုလှောင်ကန်များနှင့် ရေနံတင် ဆိပ်ကမ်းတို့အား ၂၀၁၁ ခုနှစ်တွင် စတင် အကောင်အထည် ဖော်ဆောင်ခဲ့ပြီး ယင်းစီမံကိန်းများသည် ယခုနှစ်ဆန်းပိုင်းမှ စတင်၍ လည်ပတ်နေပြီ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading