• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ရှောင်စခန်းမှ ကချင်လူငယ် ၃ ဦး အသတ်ခံရမှု တပ်မတော်သားများ ပတ်သက်ခြင်း ရှိမရှိ စုံစမ်းနေ

by နန်းလွင်နှင်းပွင့်
30 May 2017
in သတင်း
A A
မိုင်းခေါန် စစ်ဘေးရှောင်စခန်း အတွင်း တနေရာ / နန်းလွင်နှင်းပွင့်/ဧရာဝတီ

မိုင်းခေါန် စစ်ဘေးရှောင်စခန်း အတွင်း တနေရာ / နန်းလွင်နှင်းပွင့်/ဧရာဝတီ

12.8k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မိုင်းခေါန် စစ်ဘေးရှောင်စခန်းနေ သေနတ် ဒဏ်ရာများဖြင့် အသတ်ခံထား ရသည့် ကချင်လူငယ် ၃ ဦး အမှုတွင် တပ်မတော်သားများ ပါဝင် ပတ်သတ်မှု ရှိ မရှိ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေပြီ ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ယင်း သတင်း ထုတ်ပြန်ချက်တွင် အသတ်ခံရမှုနှင့် ပတ်သက်ပြီး မေလ ၂၉ ရက်မှ စ၍ စုံစမ်းမှုများ ပြုလုပ်ရန် သက်ဆိုင် ရာ တာဝန်ရှိသူများက ဆောင်ရွက်လျက် ရှိကြောင်း ရေးသားထားသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
12
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
47
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
243

အသတ်ခံရသည့် လူငယ်များမှာ အသက် ၃၁နှစ်အရွယ် အင်ခွန်ဂမ်အောင် ၊ အသက် ၂၇ နှစ်ရှိ လဗျနော်ခွန် နှင့် အသက် ၂၂ နှစ်အရွယ် မရန်ဘရန်ဆိုင်းတို့ ဖြစ်သည်။
၎င်းတို့မှာ မေလ ၂၅ ရက်တွင် မိုင်းခေါန်ကျေးရွာနှင့် ၃ မိုင်ခန့်ဝေးသည့် တောထဲတွင် ထင်းသယ်ရန် သွားရာ ခြေမြန် တပ်ရင်း (ခမရ) ၃၁၉ စစ်ကြောင်းနှင့် တွေ့ပြီး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု မိုင်းခေါန် စစ်ဘေးရှောင်စခန်း တာဝန်ခံ နှင့် ရပ်မိရပ်ဖများက ပြောသည်။

ဖမ်းဆီးခံရပြီးနောက် စခန်းတာဝန်ခံများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက တပ်စခန်းရှိရာသို့ လိုက်လံ မေးမြန်း ခဲ့သော် လည်း အကြောင်း တစုံတရာမသိရဘဲ ပျောက်ဆုံးနေပြီး အသတ်ခံရသည်ဟု သတင်းများ ကြားသိရခြင်း ဖြစ်သည်။

မေလ ၂၈ ရက်က မိုင်းခေါန်ကျေးရွာနှင့် ၄ မိုင်ခန့်ဝေးသည့် တောတွင်းသို့ မိသားစုနှင့်အတူ စခန်း တာဝန်ခံများက လိုက်လံ ရှာဖွေရာ မြေဖို့ထားသည့် နေရာတွေ့သဖြင့် တူးဖော်ကြည့်ရာ ရိုက်နှက်ပြီး သေနတ်ဒဏ်ရာ များဖြင့် အသတ် ခံထားရသည့် ၎င်းတို့ ၃ဦးကို ပြန်လည် တွေ့ရှိရခြင်း ဖြစ်သည်။

မေလ ၂၉ ရက်တွင် စခန်းတာဝန်ခံများ၊ အုပ်ချုပ်ရေးမှူးများက အလောင်းများကို မန်စီမြို့နယ် ရင်ခွဲရုံသို့ ပို့ကာ ဆေး စစ်ချက်များ ယူကာ စခန်းတာဝန်ခံများက လူငယ် သုံးဦး အသတ်ခံရသည့် နေရာ၊ မြေမြှုပ် ထားသည့် နေရာများ ကို လည်း မှတ်တမ်းတင်ပြီး လူသတ်မှု အဖြစ် မန်စီမြို့နယ် ရဲစခန်းတွင် တိုင်ကြား ထားသည်ဟု သိရသည်။

ခမရ ၃၁၉ တပ်ရင်းမှူးက မေလ ၂၉ ရက် ညနေ ၅ နာရီခန့်တွင် တကြိမ် ၊ ည ၈ နာရီခွဲခန့်တွင် တကြိမ် ခေါ်ယူ တွေ့ဆုံ သည် ဟု မိုင်းခေါန် စစ်ဘေးရှောင်စခန်း တာဝန်ခံနှင့် ရပ်မိရပ်ဖများက ဧရာဝတီကို ပြောသည်။

မိုင်းခေါန် စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးနော်မိုင် က “၅နာရီမှာ ခဏလေးပဲ တွေ့ပြီး ကျနော်တို့ အုပ်ချုပ် ရေးမှူး အိမ် မှာ ရှိနေတဲ့အချိန် ည ၈နာရီခွဲလောက်မှာ ပြန်ခေါ်တော့ ထပ်တွေ့တယ်။ သူ (တပ်ရင်းမှူး)က အဖြစ်မှန်ကို ပြောခိုင်း တယ်။ ကျနော်တို့က ပြောပြတော့ သူက စစ်တပ်ရဲ့ ဥပဒေအရ အရေးယူမယ်လို့ ပြောတယ်။ သူတို့ လုပ်တာကို ဝန်ခံ တဲ့ သဘောပဲ။ လုပ်မိတယ်ဆိုပြီး ပြောတဲ့ပုံနဲ့ ဝန်ခံတာမျိုးပါ”ဟု ပြောဆိုသည်။

တပ်ရင်းမှူးနှင့် တွေ့ဆုံရာတွင် မိုင်းခေါန် စစ်ဘေးရှောင်စခန်း တာဝန်ခံ၊ မိုင်းခေါန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ များ ပါဝင်သည်ဟု သိရသည်။
ကချင် နှစ်ခြင်း အသင်းတော်မှ ဦးနန်းဇိမ်းလဂျာက မန်စီမြို့နယ် ရင်ခွဲရုံမှ ဆေးစစ်ချက်အရ အသတ်ခံထားရသူ ၃ ဦး လုံး ၏ ခြေထောက်များကို ဓားဖြင့် ခုတ်ပြီး ချိုးထားသည်ကို တွေ့ရသည်ဟု ပြောသည်။

ဧရာဝတီမှ ရရှိထားသည့် ဆေးစစ်ချက်အရ မရန်ဘရန်ဆိုင်းမှာ ဓားဒဏ်ရာများအပြင် ရိုက်နှက် ခံထားရသဖြင့် မျက် လုံး များ ချိုင့်ဝင်၊ မျက်ခုံး စုတ်ပြဲဒဏ်ရာ၊ ဦးခေါင်းများ ကြေမွနေပြီး ရင်ညွှန့်တည့်တည့်တွင် ၈ စင်တီမီတာခန့် သေနတ် ဒဏ်ရာ ၁ ချက်၊ ဝဲ လက်ပြင်တွင် အချင်း ၄ စင်တီမီတာခန့် ကျည်ထွက်ဒဏ်ရာ တချက်တို့ ရရှိထားကြောင်း သိရ သည်။

လဗျနော်ခွန်မှာ ဓားဒဏ်ရာများအပြင် ဦးခေါင်းတခုလုံး ကြေမွပြီး ဝဲနားရွက်မှာ ၂လက်မခန့် ဖြတ်တောက် ထားခြင်း ခံထားရကြောင်း၊ အင်ခွန်ဂမ်အောင် သည်လည်း ဒူးနှစ်ဘက်လုံးတွင် ဓားဒဏ်ရာ ၅ ချက်စီ တွေ့သည့် အပြင် ယာညှပ် ရိုး အောက်တွင် ကျည်ဝင်နေသည့် ဒဏ်ရာ ၁ ချက်၊ နောက်ကျော ဝဲလက်ပြင်တွင် ကျည်ထွက် ဒဏ်ရာ ၁ ချက်တို့ တွေ့ရကြောင်း ဆေးစစ်ချက်တွင် ရေးသားထားသည်။

အလောင်းများကို ဆေးစစ်ချက်များ ယူပြီးနောက် မိုင်းခေါန်ကျေးရွာရှိ နှစ်ခြင်းသချိၤုင်းတွင် မေလ ၂၉ ရက်က သဂြိဟ် လိုက်ပြီဟု ဦးနန်းဇိမ်းလဂျာက ဆိုသည်။

ဦးနန်းဇိမ်းလဂျာက “ဒီမှာ တခြားတပ်မရှိဘူး။ ခမရ ၃၁၉ က မိုင်းခေါန်နယ်မြေမှာ တပ်စခန်းချတာ တနှစ်နီးပါးရှိပြီ။ လွန်ခဲ့တဲ့ အချိန်မှာ ရပ်ရွာနဲ့ ပြဿနာမရှိဘူး။ ဒီတကြိမ်က တော်တော်လေး ဆိုးသွားတယ်။ ကျနော်တို့ဘက် ပြည်သူ လူထုဘက်က တော်တော်လေး ထိတ်လန့်စရာဖြစ်သွားတယ်။ Camp က လူတွေဆို အခု အပြင် မထွက်ရဲတော့ဘူး” ဟုလည်း ပြောသည်။

ဦးနန်းဇိမ်းလဂျာက အသတ်ခံရသူ မိသားစုဝင်များနှင့် ရပ်ရွာတာဝန်ရှိသူများက ယခုလူသတ်မှုကို တရားဥပဒေအရ အမှန်တိုင်းဖြစ်စေလိုပြီး အရပ်ဘက် တရားရုံးတွင် တရားစွဲဆိုခွင့် ရလိုသည်ဟုလည်း ပြောဆိုသည်။

အသတ်ခံရသည့် ၃ ဦးအနက် တဦးမှာ ကလေးနှစ်ဦး၏ ဖခင်ဖြစ်ပြီး လက်ရှိတွင် ဇနီး၌ ကိုယ်ဝန် ကျန်ရှိခဲ့သည်။ ကျန် ၂ ဦးမှာလည်း ကလေး တဦးစီ ရှိသည့် ဖခင်များ ဖြစ်သည်ဟု သိရသည်။

ကျန်ရှိခဲ့သည့် မိသားစုဝင်များက ၎င်းတို့ မိသားစုဝင် ၃ ဦး အသတ်ခံရသည်ကို တရားဥပဒေအရသာ အရေးယူ ပေးစေ လိုသည်ဟု ဆိုသည်။

အသတ်ခံရသူများမှာ စစ်ဘေးရှောင် ဒုက္ခသည်များဖြစ်ပြီး ၎င်းတို့ကို ကမ္ဘာ့ကုလသမဂ္ဂ (UN) ကလည်း စောင့်ရှောက်မှု ပေးထားသဖြင့် လက်ရှိတွင် ဗန်းမော်အခြေစိုက် ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကို အကြောင်းကြားထားသည်ဟု သိရသည်။

အဆိုပါကိစ္စရပ်များကို မေးမြန်းရန် ခမရ ၃၁၉ တပ်ရင်းမှူး အပါအဝင် တပ်မတော် သတင်းနှင့်ပြန်ကြားရေး တာဝန် ရှိသူများကို ဧရာဝတီ က ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုခဲ့သော်လည်း ဖုန်းဖြေဆိုခြင်း မရှိပါ။

မိုင်းခေါန ်စစ်ဘေးရှောင်စခန်းမှာ ၂၀၁၁ ခုနှစ် ဇွန်လနောက်ပိုင်းမှစ၍ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ကြား တိုက်ပွဲများကြောင့် ထွက်ပြေးခဲ့ရသည့် ရွာပေါင်း ၂၀ ကျော်မှ စစ်ဘေးရှောင် ဒုက္ခသည် ၈၀၀ ကျော် နေထိုင် ကြောင်း သိရသည်။

Your Thoughts …
Tags: ကချင် လူငယ် ၃ ဦး အသတ်ခံရမှု
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
သီရိလင်္ကာရှေ့နေ ကုမာရာဆွာမိနှင့် လူ့အခွင့်အရေးလှုပ်ရှား Radhika ကို တွေ့ရစဉ် / Reuters

ရခိုင်အရေး ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့ အိန္ဒိယရှေ့နေဦးဆောင်မည်

ကုလား အသုံးအနှုန်း ဖေ့စ်ဘုတ် ပိတ်ပင်ခြင်းနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပေါ်

ကုလား အသုံးအနှုန်း ဖေ့စ်ဘုတ် ပိတ်ပင်ခြင်းနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပေါ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate