တရားမဝင် ကုန်သေတ္တာများ တားဆီးထိန်းချုပ်နိုင်ရန် နိုင်ငံတကာ သတင်းအချက်အလက်များကို အခြေခံ၍ ထိန်းချုပ် လုပ်ဆောင်သော Port Control Unit (PCU) စနစ်ကို ရန်ကုန်မြို့ ရှိ မြန်မာ့စက်မှုဆိပ်ကမ်းတွင် မေလ ၃၁ရက်နေ့က စတင် တပ်ဆင်ကြောင်း မြန်မာ့ ဆိပ်ကမ်းတွင် ယင်းနေ့က ပြုလုပ်သော UNODC-WCO ကုန်သေတ္တာ ထိန်းချုပ်ရေးစနစ် (CCU) ဖွင့်ပွဲ အခမ်း အနားမှ သိရသည်။
အကောက်ခွန် ဦးစီးဌာန စီမံရေးရာဌာနခွဲ ညွှန်ကြားရေးမှူး Container Control Programme (CCP)၏ အဖွဲ့ခေါင်းဆောင် ဦးယဉ်မျိုးအောင်က “ ဒီစနစ်က အခုဆိပ်ကမ်းမှာက ပထမဆုံး ပရောဂျက်ဖြစ်ပါတယ်။ ဒီ PCU စနစ်ကို ရန်ကုန် Port Control Unit (PCU)လို့လည်း ပြောလို့ရပါတယ်။ အခု စလုပ်လိုက်တဲ့အတွက် ကျန်တဲ့ ဆိပ်ကမ်းတွေကိုပါ သတင်း အချက်အလက်ကို Share(ဝေငှ) လုပ်မှာပါ။ ကျန်တဲ့ နိုင်ငံတွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက် တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ စက်မှုဆိပ်ကမ်း (MIP)မှာ စဖွင့်တယ် ဆိုပေမယ့်လည်း ရန်ကုန်ဧရိယာအားလုံး အကျုံးဝင်ပါတယ်’’ဟု ပြောသည်။
CCU (သို့မဟုတ်) PCU သည် ကုန်သွယ်မှု ပမာဏများ မြင့်တက်လာသည်နှင့် အမျှ တရားဝင်ကုန်သွယ်မှုများကို လွယ်ကူ လျင်မြန်စေရန် အခြား PCU အဖွဲ့ဝင် နိုင်ငံများမှ ရရှိသော သတင်းအပေါ် အခြေခံပြီး သံသယ ရှိစေနိုင်သည့် ကုန်သေတ္တာ များကို ရွေးချယ်၍ တရားမဝင် ကုန်ပစ္စည်းများကို ဖမ်းဆီး ရှာဖွေသွားရန် ဖြစ်ကြောင်း ၎င်းက ပြောသည်။
စနစ်တပ်ဆင်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်းသို့ အန္တရာယ်ရှိသော ကုန်စည် များဖြစ်သည့် ထိန်းချုပ် ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ တတ်သော ဆေးဝါးများ၊ ပေါက်ကွဲအား ပြင်းထန် စေသော လက်နက်ခဲယမ်း များ၊ ရေဒီယို သတ္တိကြွပစ္စည်းများနှင့် အခြား မှောင်ခိုပစ္စည်းများကို ကာကွယ်တားဆီးပြီး နိုင်ငံတကာနှင့် ပူးပေါင်းချိတ်ဆက်ကာ သတင်းများ ဖလှယ်ကြခြင်းဖြင့် တရားမဝင် ကုန်ပစ္စည်းများနှင့် ရာဇဝတ်မှုများကို ကာကွယ် တားဆီးသွားရန် ဖြစ်ကြောင်း သိရသည်။
အန္တရာယ်ရှိ ကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး တင်သွင်း၊ တင်ပို့သူနှင့် ကုန်ပစ္စည်းပိုင်ရှင်များကို သက်ဆိုင်ရာဥပဒေနှင့် အညီ အရေးယူသွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ စနစ်သည် နိုင်ငံတကာနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိတွင် Donor Countries (အလှူရှင်နိုင်ငံများ) အနေဖြင့် ဥရောပ သမဂ္ဂ အပြင် နိုင်ငံပေါင်း ၁၂ နိုင်ငံ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမှ PCU စနစ်ကို အဓိကငွေကြေးထောက်ပံ့ပေးသည့် နိုင်ငံမှာ သြစတြေးလျနှင့် ကနေဒါနိုင်ငံတို့ဖြစ်ပြီး ယင်းစနစ် ကို စတင်ရန် ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် စတင်ညိုနိူင်း ခဲ့ပြီး၂၀၁၇ ခုနှစ် ဧပြီလတွင် အကောက်ခွန်ဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အကောက်ခွန် အဖွဲ့အစည်း(WCO)၊ ကုလ သမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) တို့ နားလည်မှု စာချွန်လွှာရေးထိုးကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြင့် ပူးပေါင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ဥရောပ သမဂ္ဂ မှ PCU၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာက “အခုတပ်ဆင်တဲ့ ယူနစ်က အရှေ့တောင်အာရှမှာ ပထမဆုံး အသုံးပြုတဲ့ ယူနစ်ဖြစ်တယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်ရတာ ဖြစ်တယ်။ တရားမဝင် ကွန်တိန်နာ တွေကို ဒီယူနစ် စနစ် ကနေ ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ ရှိနေတဲ့ အကောက်ခွန် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရမှာလည်း ဖြစ်ပါတယ်” ဟု ပြောသည်။
စနစ်တပ်ဆင်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်းသို့ အန္တရာယ်ရှိသော ကုန်စည် များဖြစ်သည့် ထိန်းချုပ်ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်း လဲစေ တတ်သော သာ ဆးဝါးများ၊ ပေါက်ကွဲအား ပြင်းထန် စေသော လက်နက်ခဲယမ်းများ၊ ရေဒီယိုသတ္တိကြွပစ္စည်းများနှင့် အခြား မှောင်ခိုပစ္စည်းများကို ကာကွယ်တားဆီးပြီး နိုင်ငံတကာနှင့် ပူးပေါင်းချိတ်ဆက်ကာ သတင်းများ ဖလှယ်ကြခြင်းဖြင့် တရားမဝင် ကုန်ပစ္စည်းများနှင့် ရာဇဝတ်မှုများကို ကာကွယ် တားဆီးသွားရန် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် သွင်းကုန် အလိုအလျောက် ရှင်းလင်းရေးစနစ် (MACCS) အသုံးပြုကာ တရားမဝင် ကုန်ပစ္စည်း တန်ဖိုးစုစုပေါင်း ကျပ်သန်းပေါင်း ၇ ဘီလီယံကျော်ဖိုး ဖမ်းဆီးရ မိခဲ့ကြောင်း သိရသည်။