• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောင်းသူ ၂ ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ကျောင်းဆရာကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်

by ဆလိုင်းသန့်စင်
1 June 2017
in သတင်း
A A
၈ တန်းကျောင်းသူ ၂ ဦးကို အဓမ္မပြုကျင့်ခဲ့သည့် တရားခံ

၈ တန်းကျောင်းသူ ၂ ဦးကို အဓမ္မပြုကျင့်ခဲ့သည့် တရားခံ

69k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အလယ်တန်းကျောင်းခွဲမှ
၈ တန်းကျောင်းသူ ၂ ဦးကို စာသင်ကျောင်းအတွင်း အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သော တရားခံ ဖြစ်သည့် ကျောင်းဆရာ ဦးရန်နိုင်အား ဖျာပုံခရိုင် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၄၀ ယမန်နေ့က ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ရွှေညောင်ပင် အလက (ခွဲ) မှ သမိုင်းဘာသာပြဆရာဖြစ်သူ ဦးရန်နိုင်အား ကျောင်းသူ ၂ ဦး၏ ဖခင်များက ပုဒ်မ ၃၇၆ (မုဒိန်းမှု) ဖြင့် တစ်ဦးချင်းစီ တရားလိုပြုလုပ် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ယင်းအမှုများအား ဖျာပုံခရိုင် တရားရုံးတွင် ၈ လခန့် စစ်ဆေးကြားနာပြီးနောက် ဖျာပုံခရိုင်တရားသူကြီး ဒေါ်ခင်လင်းက တရားခံ ကျောင်းဆရာ ဦးရန်နိုင်အား သက်ငယ်မုဒိန်းမှု တမှုလျှင် နှစ် ၂၀ နှုန်းဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၄၀ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

RelatedPosts

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

16 June 2025
79
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
1.5k
ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

16 June 2025
654

“ဒီလိုစိတ်ဓါတ်မျိုးရှိတဲ့သူတွေဟာ ကျောင်းဆရာတို့ရဲ့ ဂုဏ်သိက္ခာနဲ့လည်း မတန်ဘူး။ ပညာရေးလောက အတွက် အန္တရာယ်ရှိနိုင်တယ်လို့ ရုံးတော်ကဆုံးဖြတ်ပြီး အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခဲ့တာပါ”ဟု ကျောင်းသူများ ဘက်မှ ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ခဲ့သူ ဥပဒေကုစားရေးအဖွဲ့ (မြန်မာ) ဧရာဝတီတိုင်း တာဝန်ခံ အထက်တန်းရှေ့နေ ဦးကျော်ဇေယျက ဧရာဝတီကို ပြောသည်။

အမှုကြားနာစဉ်ကာလတလျှောက် ကျောင်းဆရာ ဦးရန်နိုင်ကို ဖျာပုံအကျဉ်းထောင်တွင် ဖမ်းဆီးထိမ်းသိန်း ထားခဲ့သော်လည်း ယမန်နေ့က ထောင်ဒဏ် နှစ် ၄၀ အမိန့်ချမှတ်ပြီးနောက် ပုသိမ် အကျဉ်းထောင်သို့ ပြောင်းရွှေ့ပြီး ထောင်ဒဏ်ကျခံစေခဲ့ကြောင်း သိရသည်။

ယင်းတရားခံသည် ၂၀၁၆ ခုနှစ် သြဂုတ်လ နှင့် စက်တင်ဘာလများအတွင်းက ရွှေညောင်ပင် အလက(ခွဲ) မှ အသက် ၁၅ နှစ်အရွယ် ၈ တန်းကျောင်းသူ ၁ ဦးကို ကျောင်းပိတ်ရက် အချိန်ပိုခေါ်ယူ သင်ကြားချိန်များတွင် ဆရာများနားနေခန်းအတွင်း ၅ ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး အသက် ၁၄ နှစ်အရွယ်
၈ တန်း ကျောင်းသူ ၁ ဦးကိုလည်း ညနေကျောင်ဆင်းပြီးချိန်များတွင် စာသင်ခန်းအတွင်း ၃ ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း ကျိုက်လတ်မြို့မရဲစခန်း၏ စစ်ဆေးချက်များအရ သိရသည်။

ထိုကိစ္စများကို ကျောင်းသူ ၂ ဦး၏ အတန်းဖော်သူငယ်ချင်းမှတဆင့် ကျောင်းတွင် ရှိသည့် ဆရာ၊ ဆရာမများ၊ မိဘများမှ သိရှိသွားပြီးနောက် ကျောင်းသူတို့၏ဖခင်များမှ မုဒိန်းမှုဖြင့် တရားလိုပြုလုပ်အမှုဖွင့်ခဲ့ရာ
ကျိုက်လတ်မြို့မရဲစခန်းက ကျောင်းဆရာ ဦးရန်နိုင်ကိုဖမ်းဆီးကာ ဖျာပုံခရိုင်တရားရုံးသို့ တရားစွဲဆိုရန် တင်ပို့ခဲ့ခြင်းဖြစ်သည်။

ဖျာပုံခရိုင်တရားရုံး တရားခွင်စစ်ဆေးမှုတွင် မိမိအားမကျေနပ်သည့် ရွှေညောင်ပင်ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသူများ ပူးပေါင်းကာ လုပ်ကြံလီဆယ်တိုင်ကြားခြင်းဖြစ်ကြောင်း တရားခံ ဦးရန်နိုင်က ထုချေခဲ့သော်လည်း ခရိုင်တရားသူကြီးဒေါ်ခင်လင်းမှ ဦးရန်နိုင် ပြစ်မှုကျူးလွန်သည်မှာ ထင်ရှားကြောင်း ဆုံးဖြတ်ကာ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“တရားရုံးတော်အနေနဲ့ အခုလို သက်ငယ်မုဒိန်းကျူးလွန်သူကို ထိရောက်စွာနဲ့ ပြစ်ဒဏ်ချမှတ်တဲ့အပေါ်မှာ ကျောင်းသူတွေရဲ့ မိဘတွေရော၊ ကျမတို့ လိုက်ပါကူညီဆောင်ရွက်ပေးသူတွေရော ကျေနပ်ပါတယ်”ဟု မုဒိန်းမှု ကျူးလွန်ခံရသူ ကျောင်းသူ ၂ ဦးဘက်မှ လိုက်ပါကူညီပေးခဲ့သည့် ကျိုက်လတ်မြို့အခြေစိုက် ရောင်နီဦး အမျိုးသမီးအဖွဲ့မှ ဒေါ်ခင်မိုးအေးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်း အသက် ၂ နှစ်အရွယ်မှ ၁၆ နှစ်အရွယ်ရှိ ကလေးသူငယ်ပေါင်း ၁၀၁ ဦး အဓမ္မပြုကျင့်ခံခဲ့ရပြီး သက်ငယ် မုဒိန်းမှု ၁၀၁ မှု ဖြစ်ပွားခဲ့ကြောင်း၊
အဆိုပါ သက်ငယ်မုဒိန်းမှု ၁၀၁ မှုအနက် ဖျာပုံခရိုင်တခုတည်းတွင် ၂၆ မှု ဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်း တစ်ခုလုံးတွင် ဖျာပုံခရိုင်မှာ သက်ငယ်မုဒိန်းမှုအများဆုံးဖြစ်ပွားသည့်ဒေသအဖြစ် တည်ရှိနေကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။

Your Thoughts …
Tags: သက်ငယ်မုဒိန်း
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ထွက်ပြေးခိုအောင်းနိုင်သည့် မြို့နယ်ရဲစခန်းများသို့ ဖြန့်ဝေပေးထားသော စိတ္တသုခကျောင်းထိုင်ဆရာတော် ဦးနန္ဒာသီရိဓာတ်ပုံ / သလပ်ခွာနယ်မြေရဲစခန်း

ရေသိုးရွာ ဘုန်းကြီးကျောင်း ငရဲခန်းမှာ လပေါင်းများစွာ

by အောင်ငြိမ်းချမ်း & ဝင်းနန္ဒာ
24 May 2018
60.2k

ပုသိမ်မြို့ပြင်မှ မူလတန်းကျောင်းသူတချို့ ကာလကြာရှည် မုဒိမ်းကျင့်ခံရခြင်းသည် မိဘများ ဆင်းရဲနွမ်းပါးမှု၊ ဆင်ခြင်တုံတရားနည်းပါးမှုတို့နှင့်လည်း ဆက်စပ်နေသည်

ထွက်ပြေးခိုအောင်းနိုင်သည့် မြို့နယ်ရဲစခန်းများသို့ ဖြန့်ဝေပေးထားသော စိတ္တသုခကျောင်းထိုင်ဆရာတော် ဦးနန္ဒာသီရိဓာတ်ပုံ / သလပ်ခွာနယ်မြေရဲစခန်း

သက်ငယ်မုဒိန်းဖြင့် အမှုဖွင့်ခံထားရသည့် ကျောင်းထိုင်ဆရာတော် ထွက်ပြေးတိမ်းရှောင်နေ

by ဆလိုင်းသန့်စင်
10 May 2018
33.3k

အမှုဖွင့်ခံထားရသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ မဒေါ့ကုန်းအုပ်စု၊ ရေသိုးကျေးရွာရှိ စိတ္တသုခ ကျောင်းထိုင်ဆရာတော် ဦးနန္ဒာသီရိမှာ ထွက်ပြေးတိမ်းရှောင်နေသည်။

ဒလ ဆိပ်ကမ်း  / မျိုးမင်းစိုး / ဧရာဝတီ

ဒလ သက်ငယ်မုဒိမ်းမှု မျက်မြင်သက်သေများကို စွပ်စွဲခံရသူများက အမှုပြန်ဖွင့်

by ထက်ခေါင်လင်း
18 February 2020
14.7k

ပြီးခဲ့သည့် နွေရာသီတွင် တကြိမ်၊၂ဝ၁၉ ခုနှစ် ဒီဇင်ဘာကျောင်းပိတ်ရက်တွင် တကြိမ် ဒလမြို့နယ်ရှိ ဈေးများ အိမ်သာ၌ အသက် ၁၅ နှစ် အရွယ် ၇ တန်းကျောင်းသူကို အသက် ၆၂ နှစ်အရွယ် ဈေးသာယာရေး ဥက္ကဋ္ဌ...

သက်ငယ်မုဒိန်းမှု သေဒဏ်ပေးရေး လှုပ်ရှားမှုတခု  / ဧရာဝတီ

သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးရန် ဆောင်ရွက်နေဟု ရန်ကုန် လုံ/နယ် ဝန်ကြီးပြော

by သဇင်လှိုင်
5 June 2018
9.7k

အမျိုးသမီးများ အကြမ်းဖက်ခြင်း၊ နှောက်ယှက်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများကို တည်ဆဲ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ လက်ရှိမှာ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းပြီး သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး သေဒဏ်ရရှိရေး တင်သွင်းဆောင်ရွက်လျက်ရှိပါတယ်

မန္ထလေး ကျုံးနဲ့ မြို့ရိုး  / ဧရာဝတီ

မန္တလေးက အဓမ္မပြုခံရသည့် ကလေးအမှု ကူညီမည့် ရှေ့နေလိုအပ်နေ

by နန်းဆိုင်နွမ်
18 November 2016
15.6k

မန္တလေး အောင်မြေသာဇံမြို့နယ်တွင် ဘုန်းကြီးတပါး၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရသည့် ၄ နှစ်အရွယ် ကလေး၏ အမှုကို လိုက်ပါ ကူညီပေးမည့် ရှေ့နေ လိုအပ်နေသည်

သံတွဲတွင် ငါးနှစ်သမီးကို အဓမ္မပြုကျင့် သတ်ဖြတ်မှုဖြစ်ပွား / ဇော်ဇော် / ဧရာဝတီ

သံတွဲတွင် ငါးနှစ်သမီးကို အဓမ္မပြုကျင့် သတ်ဖြတ်မှုဖြစ်ပွား

by မိုးမြင့်
16 December 2016
22.1k

ရဲတပ်ဖွဲ့က ဦးဟန်မောင်ကို အဓမ္မပြုကျင်မှု၊ လူသတ်မှုတို့ဖြင့် ပြစ်မှုဆိုင်ရာ ရာဇဝတ် ပုဒ်မ ၃၇၆ နှင့် ၃၀၂ အရ စွဲဆိုထားသည်။

Next Post
ယခုနှစ်ဇန်နဝါရီလပိုင်းက အင်ဒိုနီးရှားနိုင်ငံတွင် စိန်ခေါ်ထိုးသတ်ခဲ့သော လက်ဝှေ့ပွဲ၌တွေ့ရသည့် အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ် / One Championship

အောင်လအန်ဆန်နှင့် ကမ္ဘာ့ချန်ပီယံ ဘစ်ဒက်ရှ်တို့ ရန်ကုန်တွင် မကျေပွဲ ထိုးသတ်မည်

ကန္တာရဝတီတိုင်း(မ်)မှ အမျိုးသမီးသတင်းထောက် မော်ဦးမြာသည် ယာဉ်မတော်တဆမှုကြောင့် သတိလစ် မေ့မြော နေရာမှ သတိပြန်လည်ရလာပြီဖြစ်သည်။ / စိုင်းခမ်းညို

အကြမ်းဖက်ခံရတဲ့ ကယားအမျိုးသမီးသတင်းထောက် သတိ ပြန်ရပြီ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate