သတင်း

ဒုက္ခသည် နေရပ်ပြန်နိုင်ရေး တပ်မတော် ပြန်ဆုတ်ရန် KNU တောင်းဆို

Want create site? Find Free WordPress Themes and plugins.

စစ်ရှောင်ဒုက္ခသည် ရွာသားများ နေရပ်သို့ လုံခြုံစိတ်ချစွာ ပြန်နိုင်ရေး မြန်မာ့တပ်မတော်မှ တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာပေးရန် ဖာပွန်မြို့နယ်ရှိ ကရင် အမျိုးသား အစည်းအရုံး (KNU) ကော်မတီအဖွဲ့က တောင်းဆိုလိုက်သည်။

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန် ခရိုင်အတွင်းရှိ ဖလာခိုဒေသနှင့် အိထူထ ဒုက္ခသည်စခန်းမှ ရာနှင့်ချီသော စစ်ရှောင် ဒု က္ခသည်များက သံလွင်မြစ်အတွင်းတွင် ဆန္ဒပြပွဲတခု မကြာသေးခင်က ပြုလုပ်ခဲ့ပြီး မြန်မာ့တပ်မတော် တပ်ဖွဲ့များ ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ နည်းပါးလာခဲ့ပြီးနောက် တပ်မတော်က ဆက်လက်တပ်စွဲထားသော်လည်း ဒုက္ခသည်များကို သူတို့၏ နေရပ်ကျေးရွာများသို့ ပြန်ရန် ဖိအား ပေးမှုများ ရှိလာသည့် အတွက် ထိုသို့ တောင်းဆို ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် KNU နှင့် မြန်မာ အစိုးရတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တခု ရရှိခဲ့ပြီးနောက်ပိုင်း ဖာပွန်ခရိုင် အတွင်း မြန်မာ့တပ်မတော် တပ်စခန်း အရေအတွက် ၆၅ ခုမှ ၈၁ ခုသို့ တိုးလာကြောင်း သိရသည်။ ထိုသို့ တပ်စခန်းများတိုးလာသည့် အတွက် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များ အများအပြား ဆက်လက် ဖြစ်ပေါ်နေခြင်းကြောင့် ဒုက္ခသည်များအနေဖြင့် နေအိမ်သို့ ပြန်ရေးတွင် လုံခြုံမှု မရှိသလို ခံစားကြရသည်ဟုလည်း သူတို့က ဆိုသည်။

KNU ဖာပွန်ခရိုင်ကော်မတီက ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် ဖာပွန်ခရိုင်အတွင်းမှ မြန်မာ့တပ်မတော် တပ်ဖွဲ့ များ ပြန်လည်ရုပ်သိမ်းရေးကို ထောက်ခံကြောင်းနှင့် သို့မှသာ ပြည်တွင်း စစ်ရှောင်ဒုက္ခသည်များ နေအိမ်သို့ စိုးရိမ်ထိတ် လန့်မှု မရှိဘဲ ပြန်နိုင်ကြမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဖာပွန်ခရိုင်သည် KNU ၏ တပ်မဟာ ၇ ခုတွင် အင်အားအတောင့်တင်းဆုံးဟု ယူဆကြသည့် တပ်မဟာ ၅ ထိန်းချုပ်သည့် နယ်မြေ ဖြစ်သည်။ တပ်မဟာ ၅ ခေါင်းဆောင်များသည် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့ကို သတိကြီးစွာ စောင့်ကြည့်နေကြောင်း သိရသည်။

အိထူထ စခန်းမှ စစ်ရှောင်ဒုက္ခသည် အိမ်ရှင်မ တဦး ဖြစ်သည့် နော်ဆာဂေး က မြန်မာ့တပ်မတော် တပ်ဖွဲ့များက ဆက် လက်တပ်စွဲထားဆဲ ဖြစ်သည့်အတွက် အိမ်သို့ ပြန်မသွားရဲကြောင်းပြောသည်။

“သူတို့ နှိပ်စက်လို့ ကျမ အိမ်ကနေ ထွက်ပြေးလာရတာပါ။ ကျမ ပြန်မသွားရဲဘူး။ မြန်မာ့တပ်မတော်က သူတို့ စခန်းတွေ ကို မီးရှို့ပြီး ကျမတို့ ဒေသတွေကနေ လုံးဝ ပြန်ထွက်သွားစေချင်ပါတယ်။ အဲဒီနောက်မှသာ ကျမတို့ အိမ်ပြန်ရဲပါ လိမ့်မယ်” ဟု သူက ပြောသည်။

“မြေမြုပ်မိုင်းတွေ အားလုံးကို ရှင်းပစ်ဖို့နဲ့ အရပ်ဖက်နေရာတွေကနေ စစ်တပ်စခန်းတွေ ဖယ်ရှားစေချင်ပါတယ်။ အဲဒါမှ ကျနော်တို့ အိမ်ကို ပြန်ပြီး ငြိမ်းချမ်းစွာ နေနိုင်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရက ဒီအပြောင်းအလဲကို လုပ်ဆောင်ပေးတာကို မြင်ရဖို့ မျှော်လင့်ပါတယ်” ဟု ကျေးလက်ပြည်သူတဦး ဖြစ်သော စောရာခါ က ပြောသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရန်၊ တိုင်းရင်းသား ဒေသများတွင် ထိုးစစ်များ ရပ်တန့်ရန် နှင့် အရပ်သားများနေ ထိုင်သည့် နေရာများမှ မြေမြှုပ်မိုင်းများ ဖယ်ရှားပေးရန် တို့ကိုလည်း နယ်မြေခံ ကျေးလက်ပြည်သူများက တောင်းဆိုခဲ့ကြသည်။ အပစ်အခတ်ရပ်စဲရေးတွင် လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း စနစ်တကျစောင့်ကြည့် လေ့လာရန် လိုအပ်သည်ဟုလည်း ပြောသည်။

ဆယ်စုနှစ်များစွာ မြန်မာ့တပ်မတော်၏ နယ်မြေသိမ်းပိုက်မှု၊ တိုးချဲ့မှု နှင့် နှိပ်စက်မှုတို့က အရပ်သားများ စိုးရိမ် ထိတ်လန့်နေရခြင်းများ၏ အဓိကအကြောင်းဟု KNU ၏ ဖာပွန် ခရိုင်ကော်မတီက ဖော်ပြခဲ့သည်။

“အစိုးရက သူ့ရဲ့ တပ်ဖွဲ့တွေနဲ့ စစ်စခန်းတွေကို ပြန်လည်မရုပ်သိမ်းသေးသရွေ့ အသက်မွေးဝမ်းကျောင်း လုပ်နိုင်တဲ့ မြေလည်း ရှိမှာ မဟုတ်ဘူး။ စစ်ရှောင်ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ အိမ်ပြန်ဖို့ အာမခံချက် ရှိမှာ မဟုတ်ပါဘူး” ဟု KNU ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဖာပွန်ခရိုင် အတွင်းရှိ ပလာခို ဒေသနှင့် အိထူထ စခန်းမှ စစ်ရှောင် ဒုက္ခသည် အချို့မှာ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည် မှာ ဆယ်စုနှစ် ၄ ခုကျော်ခဲ့ပြီ ဖြစ်သည်။ အိထူထ စခန်းမှ စစ်ရှောင် ဒုက္ခသည် ၃၀၀၀ ခန့်မှာ ၂၀၀၆ ခုနှစ်တွင် မြန်မာ တပ် မတော်၏ ထိုးစစ်များကြောင့် KNU တပ်မဟာ ၂ နှင့် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေများမှ ထွက်ပြေးတိမ်းရှောင်လာသူများ ဖြစ်သည်။

ယခုနှစ် စက်တင်ဘာလတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဖြတ်တောက်တော့မည် ဖြစ်သည် အတွက် သူတို့အနေဖြင့် နေအိမ်သို့ ပြန်ရန် ပြင်ဆင်မှုများ ပြုလုပ်သင့်ပြီ ဖြစ်ကြောင်း ဒုက္ခသည်များကို ပြောထားသည် ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading