• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာရှိကို လာဘ်စားမှုဖြင့် တရားစွဲမည်ဟုဆို

by ထွန်းထွန်း
2 June 2017
in သတင်း
A A
တာမွေမြို့နယ်ရှိ လူထုဟစ်တိုင်ကွင်းတွင် မီဒီယာကို ရှင်းပြနေသော ဦးမိုက်ကယ်ကျော်မြင့် / သက်ထွန်းနိုင် / ဧရာဝတီ

တာမွေမြို့နယ်ရှိ လူထုဟစ်တိုင်ကွင်းတွင် မီဒီယာကို ရှင်းပြနေသော ဦးမိုက်ကယ်ကျော်မြင့် / သက်ထွန်းနိုင် / ဧရာဝတီ

36.3k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာရှိ ဦးတင်ထွန်းအား လာဘ်စားမှုဖြင့် တရားစွဲဆို မည်ဖြစ်ကြောင်း မြောက်ဒဂုံမြို့နယ်နေ ဦးမိုက်ကယ်ကျော်မြင့်ဆိုသူက ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

မြောက်ဒဂုံမြို့နယ် ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းအနီး မြေကွက်လပ် ၉ ဧကကို မူလပိုင်ရှင်များက ပြန်လည်ခံစား ခွင့်ပေး ရန် တောင်းဆိုတင်ပြမှုတွင် ဂရန်ထုတ်ပေးမည်ဟုဆိုကာ ဦးတင်ထွန်း ကျပ်သိန်း ၅၀ တောင်းခံခဲ့ရာ တွင် ကျပ် ၁၂ သိန်းကို ယခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပေးအပ်ခဲ့ရကြောင်း ၎င်းက ပြောသည်။

RelatedPosts

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
55
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
100
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
87

ဦးမိုက်ကယ်ကျော်မြင့်က “ဝန်ကြီးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို မြန်မြန်ရအောင်လုပ်ပြီး ဂရန်ထွက်ပေးမယ်ဆိုပြီး တောင်းတာပါ၊ ပိုက်ဆံကို တိုင်းအစိုးရရုံးအရှေ့က ဆိုင်မှာပဲ ပေးခဲ့တာပါ”ဟု ပြောသည်။

လက်ရှိတွင် ဦးတင်ထွန်းသည် ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေဆဲဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ အနေဖြင့် ဦးမိုက်ကယ်ကျော်မြင့်၏ ပြောဆိုချက်များနှင့် ပတ်သက်၍ အသေးစိတ်သိရှိခြင်း မရှိသေး၍ လတ်တလောတွင် မည်သည့်တုံ့ပြန်မှုမှ ဆောင်ရွက်ရန်မရှိသေးကြောင်း အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးမိုးဟိန်းက ပြောသည်။

မြေလွတ် ၉ ဧကကို မူလပိုင်ရှင်ဆိုသူ ဦးအုန်းဟံ၏ ကိုယ်စားလှယ်ဖြစ်သူ ဒေါ်ချောကေခိုင်က ၂၀၁၆ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ပြန်လည်ပေးအပ်ရန် အစိုးရထံ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ယင်းမြေသည် ၁၉၉၀-၉၁ ခုနှစ်တွင် နိုင်ငံတော်က မြို့ပြနှင့် အိုးအိမ်စီမံကိန်းအတွက် သိမ်းယူခဲ့သည့် မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်အတွင်းရှိ လယ်ယာမြေ ၃၀ ဒသမ ၄၄ ဧကမှ စီမံကိန်းလုပ်ဆောင်ခြင်း မရှိသည့် မြေတစိတ်တပိုင်း ဖြစ်သည်။

မြေကွက်နှင့်ပတ်သက်၍ စိစစ်ဆဲတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဒေါ်တင်တင်မြင့် ဆိုသူ အမည်ဖြင့် မြေလွတ် ၉ ဧကထဲမှ ၂ ဧကကို ၂၀၁၆ ခုနှစ် ၂၀၁၆ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် အစိုးရက မြေငှားဂရန် ထုတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ကျန်ရှိမြေ ၇ ဧကအား ပိုင်ဆိုင်ခွင့် တောင်းဆိုမှုအပေါ် စိစစ်မှုများပြုလုပ်ပြီးနောက် အထောက်အထား များ မှန်ကန်သည့်အတွက် နိုင်ငံတော်သို့ သတ်မှတ်တန်ဖိုး ပေးသွင်းပြီး မြေပြန်လည်ရယူရန် တိုင်း ဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီနှင့် မူလပိုင် ရှင်တို့အကြား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

ယင်းသို့ မူလပိုင်ရှင်အား ပြန်ပေးရန် သဘောတူလက်မှတ် ထိုးထားသော်လည်း တိုင်းအစိုးရက ယင်း မြေပေါ်တွင် စီမံကိန်း ရှိခြင်းကြောင့် မြေလျော်ကြေးပေးမည်ဟုသာ ၂၀၁၇ ခုနှစ် မေလ ၃ ရက်တွင် စာထုတ်ခဲ့ပြီး Myanmar V-Pile ကုမ္ပဏီအား စီမံကိန်းဆောက်လုပ်ရန် ခွင့်ပြုပေးခဲ့ကြောင်း ဦးမိုက်ကယ်ကျော်မြင့်က ပြောသည်။

Myanmar V-Pile ကုမ္ပဏီအနေဖြင့် ဗိုလ်ဗထူးအိမ်ရာစီမံကိန်း အပိုင်း ၁ ကို တည်ဆောက် ပြီးစီးပြီးနောက် အပိုင်း ၂ စီမံကိန်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကတည်းက စတင်ခဲ့ကြောင်းနှင့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးရန် ခန့်မှန်းထားပြီး ကျပ် ၂၆၇သိန်းနှင့် ၂၈၅ သိန်း၊ ကျပ် ၃၅၉ သိန်းနှင့် ၃၇၇ သိန်းတန် အခန်းများကို ၂၀၁၇ ခုနှစ် မေလ ၂ ရက်မှ စတင်ကာ လျှောက်ထားဝယ်ယူနိုင်ကြောင်း ကြေညာထားသည်။

ထိုသို့ ကတိကဝတ်အပေါ် လိုက်နာမှုမရှိဘဲ စိတ်ထင်ရာလုပ်နေသည်ဟုဆိုကာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား စွပ်စွဲပြစ်တင်ရန်အတွက် လွှတ်တော်များထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြေသိမ်းယူစဉ် မျှတသည့် လျော်ကြေး/နစ်နာကြေး လုံးဝမရှိခဲ့ကြောင်းနှင့် တောင်းခံသူ မူလပိုင်ရှင်အနေဖြင့် ပိုင်ဆိုင်မှု အထောက်အထားများ ပြည့်စုံမှန်ကန်မှုရှိသည့်အတွက် မြေကို မူလပိုင်ရှင်ထံ ပြန်ပေးသင့်ကြောင်း မြောက်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဇော်လင်းက သဘောထား မှတ်ချက်ပေးသည်။

တရားစွဲဆိုမည့် လုပ်ငန်းရှင် ဦးမိုက်ကယ်ကျော်မြင့်သည် မြေပြန်လည်တောင်းဆိုသည့် မူလပိုင်ရှင်ဆိုသူ ဦးအုန်းဟံ နှင့် ဆွေမျိုးတော်စပ်မှုမရှိဘဲ ပါဝင်ဆောင်ရွက်ပေးသည့် ၎င်းအနေဖြင့် လက်ရှိရောင်းချရန် ကြေညာထားသည့် ဗိုလ်ဗထူးအိမ်ရာ အခန်းများကိုလည်း ကာလတန်ဖိုးထက် လျော့နည်းသည့် ကျပ်သိန်း ၁၂၀ ခန့်ဖြင့် အခန်းများ ရောင်းချပေးနိုင်ကြောင်း ပြောခဲ့သည်။

သတင်းစာရှင်းလင်းပွဲကို မူလက ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ပြုလုပ်မည့်မနက်တွင်မှ ဆိုင်က လက်မခံကြောင်း ပြောသည့်အတွက် ယုဇနဟိုတယ်တွင် ပြုလုပ်ရန် ထပ်မံစီစဉ်ခဲ့ ရာတွင်လည်း ဟိုတယ်က လက်မခံသည့်အတွက် တာမွေမြို့နယ်ရှိ လူထုဟစ်တိုင်ကွင်းတွင်သာ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရရှိသော သတင်းအရ ဦးမိုက်ကယ်ကျော်မြင့်ကို ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြသည်ဟုဆိုကာ တာမွေမြို့နယ်ရဲစခန်းမှ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Your Thoughts …
Tags: မိုက်ကယ်ကျော်မြင့်
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

အခြေခံလူတန်းစား ဘဝ တိုးတက်မြင့်မားရေးပါတီ ခေါင်းဆောင် မိုက်ကယ်ကျော်မြင့်

သွေးသောက်အဖွဲ့မှာ ဘယ်သူတွေ ပါလဲ

by ဧရာဝတီ
13 June 2022
9.2k

ဧရာဝတီက စုံစမ်းသိရှိရသော အချက်အလက်တွေအရ လူမှုကွန်ရက်များတွင် နာမည်ခံဦးဆောင်နေသော သွေးသောက်အဖွဲ့ခေါင်းဆောင်များ၏ နောက်ကွယ်တွင် စစ်တပ်ပါဝင် နေသည်မှာ ထင်ရှားနေသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝိစိတ္တာ ဘိဝံသ (ခ) ဦးဝီရသ  / ဧရာဝတီ

ဝရမ်းပြေး လက်ခံထားသူများအတွက် တပ်လှန့်သံ

by ထွန်းထွန်း
18 June 2019
48.8k

ဝရမ်းပြေးဖြစ်သူ မိုက်ကယ်ကျော်မြင့်အား ဖမ်းဆီးစဉ် လက်ခံထားသည့် ယောက္ခမဖြစ်သူ ဦးကျော်မောင်အား ဝရမ်းပြေး လက်ခံမှု ပုဒ်မ ၂၁၆ ဖြင့် အမှုဖွင့် အရေးယူလိုက်ခြင်းသည် အခြားသော ဝရမ်းပြေးများနှင့် ပတ်သက် သူများအား သတိပေး  တပ်လှန့်လိုက်ခြင်းဖြစ်သည်။

မျိုးချစ်အမည်ခံ စစ်တပ်ထောက်ခံသူ မိုက်ကယ်ကျော်မြင့် / မိုက်ကယ်ကျော်မြင့် facebook မှ ကူးယူဖော်ပြသည်

မိုက်ကယ်ကျော်မြင့်နှင့် ဒေါ်မိုးမိုးခိုင်တို့၏ အမှုများ စစ်ကောင်စီက ရုပ်သိမ်းပေး

by ဧရာဝတီ
19 May 2021
42.2k

စစ်တပ်ကို ထောက်ခံကြောင်း အစဉ်တစိုက်ပြောကာ NLD အစိုးရအပေါ် ဝေဖန်တိုက်ခိုက်သဖြင့် တရားစွဲခံရသည့် မိုက်ကယ်ကျော်မြင့်နှင့် ဒေါ်မိုးမိုးခိုင် ဆိုသူတို့အား စစ်ကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ယမန်နေ့က အမှုများ ရုတ်လိုက်ကြောင်း သိရသည်။

ယနေ့ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဗိုလ်ချုပ်ဇော်မင်းထွန်း / သီဟလွင် / ဧရာဝတီ

မျိုးချစ်ဆိုသူများ၏ ကျောက်တိုင်စိုက်ပွဲ ထောက်ပံ့ခြင်းမရှိဟု တပ်မတော်ငြင်း

by ထွန်းထွန်း
26 January 2021
13.5k

၎င်းအပါအဝင် တပ်မတော်ထောက်ခံသူများ အနေဖြင့် မျိုးချစ်တပ်မတော်မှ အခြေခံဥပဒေနှင့် အညီ တိုင်ပြည် ကာကွယ် စောင့်ရှောက်ပေးရန် ဆိုကာ ဇန်နဝါရီ ၂၉ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ရုံးစိုက်ရာ အနီးတွင် တိုင်းပြု ပြည်ပြု ကျောက် တိုင်စိုက်ထူရန်...

ဇန်နဝါရီ ၂၆ ရက်နေ့ညပိုင်းက တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တွင် ဖမ်းဆီးခံခဲ့ရသည့် မိုက်ကယ်ကျော်မြင့် / David Kyaw facebook

မျိုးချစ်များ၏ တပ်ဂုဏ်ပြု ကျောက်တိုင်စိုက်ပွဲပျက်

by ထွန်းထွန်း
27 January 2021
28.3k

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) အား ကန့်ကွက်လျက်ရှိပြီး မျိုးချစ် တပ်မတော်မှ အခြေခံ ဥပဒေနှင့်အညီ တိုင်းပြည်အား ကာကွယ် စောင့်ရှောက်ပေးရန် ဟုဆိုကာ ဇန်နဝါရီ ၂၉ ရက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး...

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်  / UDP

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရဲဘက်ပြေးမှုနဲ့ ဖမ်းဆီး

by ထွန်းထွန်း
30 September 2020
43.6k

နှင်းဆီပါတီခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်(ခ) မိုက်ကယ် ကျော် မြင့်ဟွာဟူအား ရဲဘက်ပြေးမှုနှင့် စက်တင်ဘာ ၂၉ ရက်နေ့ညပိုင်းက ဖမ်းဆီးလိုက်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အတည်ပြုပြောဆိုသည်။

Next Post
တရားခံပြေး အောင်ဝင်းခိုင်ကို နေပြည်တော်ပရဆေးဥယျာဉ်အတွင်း ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ

တရားခံပြေး အောင်ဝင်းခိုင်ကို နေပြည်တော်ပရဆေးဥယျာဉ်အတွင်း ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ

မြန်မာနိုင်ငံရဲ့ အကြီးဆုံး ရေနံမြေဖြစ်တဲ့ ငနောင်မုန်းကို ထောင်နဲ့ချီတဲ့ အလုပ်သများတွေဟာ ငွေကြေးပြေလည်ပြီး ချမ်းသာဖို့ ဆိုတဲ့ အိပ်မက်နဲ့ ရောက်ရှိလာကြတာပါ။ / ADAM DEAN

ရေနံအိပ်မက်ကို တူးဖော်နေသူများ

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

1 week ago
10.9k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate