• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အသက် ၁၃ နှစ်အရွယ် အိမ်အကူကို နှိပ်စက်သည့်လင်မယားကို ဖမ်းဆီးအရေးယူ

by မေစစ်ပိုင်
6 June 2017
in သတင်း
A A
အိမ်အကူ ကလေးအား ရိုက်နှက် နှိပ်စက်သည့် လင်မယား / ရန်ကုန်တိုင်းရဲတပ်ဖွဲ့

အိမ်အကူ ကလေးအား ရိုက်နှက် နှိပ်စက်သည့် လင်မယား / ရန်ကုန်တိုင်းရဲတပ်ဖွဲ့

46.4k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော် အေ ၆ လမ်း၊ တိုက် ၁၁၊ အခန်း ၄၀၂ တွင် နေထိုင်သည့် အိမ်ရှင်လင်မယားကို အသက် ၁၃ နှစ်အရွယ် အိမ်အကူမိန်းကလေးအား ရိုက်နှက်နှိပ်စက်သည့်အတွက် အပြင်းအထန် နာကျင်စေမှုဖြင့် ဖမ်းဆီးအရေးယူလိုက်ပြီ ဖြစ်ကြောင်း ဒဂုံဆိပ်ကမ်းရဲစခန်းမှ သိရသည်။

“ကလေးမလေးက အဲဒီမှာ အလုပ်လာလုပ်တာ ရက် ၂၀ လောက်ပဲရှိသေးတယ်။ အိမ်ရှင်တွေကို မနေ့က သွားပြီး ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ကလေးက အခုလက်ရှိ ဆေးရုံမှာပါ။ ဒဏ်ရာတွေက ရှိတယ်” ဟု ဒဂုံဆိပ်ကမ်းရဲစခန်းမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

RelatedPosts

တော်လှန်ရေးဗွက်ထခြင်း

တော်လှန်ရေးဗွက်ထခြင်း

20 July 2025
540
စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

20 July 2025
66
ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

20 July 2025
185

အိမ်ရှင်လင်မယားဖြစ်သည့် အသက် ၃၃ နှစ်အရွယ် ထွန်းထွန်းနှင့် ၎င်း၏ ဇနီးဖြစ်သူ မြတ်နိုးသူ ဆိုသူက အိမ်အကူအဖြစ် လာရောက် အလုပ်လုပ်ကိုင်နေသည့် မခိုင်နှင်းဝေ၏ ရင်ဘတ်၊ ကျောကုန်း၊ လက်ဝဲနှင့် လက်ယာဘက် လက်မောင်း၊ လက်ယာဘက် ပေါင်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိအောင် ပြုလုပ်ခဲ့သည်။ ထို့ပြင် ဦးခေါင်းနှင့် လက်ဝဲနှင့် လက်ယာခြေထောက်တို့တွင် ဖူးရောင် ဒဏ်ရာများ ရရှိအောင်လည်း ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အိမ်အကူကလေးငယ်ကို ခန္ဓာကိုယ် အနှံံ့ မီးပူဖြင့် ကပ်ခြင်း၊ ရေနွေးပူဖြင့်လောင်းခြင်း၊ နှုတ်ခမ်းကို အပ်ဖြင့်ထိုးခြင်း၊ ခေါင်းကို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရိုက်နှက်နှိပ်စက်သူများသည် ယင်းအိမ်အကူ ကလေးငယ်ကို ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း၊ အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသည်မှာ ရက် ၂၀ ခန့်သာ ရှိသေးကြောင်း သိရသည်။ လက်ရှိတွင် အိမ်ရှင်လင်မယားကို အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၆ အပါအဝင် ပုဒ်မ ၃၂၅၊ ပုဒ်မ ၁၁၄ တို့ဖြင့် ဒဂုံဆိပ်ကမ်း ရဲစခန်းတွင် အမှုဖွင့်ကာ ဖမ်းဆီးထားသည်ဟု သိရသည်။

ထို့ပြင် ကလေးသူငယ် ဥပဒေဖြင့် အရေးယူနိုင်ရန် စီစဉ်နေပြီး လူကုန်ကူး တားဆီးကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်း ရှိ၊ မရှိကိုလည်း ရဲတပ်ဖွဲ့က စစ်ဆေးနေပြီဖြစ်သည်။

၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်ရှင်များက မိန်းကလေးငယ် ၂ ဦးကို နှိပ်စက် ညှင်းပန်းမှု၊ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးကားဝင်း မုံရွာလမ်းတွင် ဖွင့်လှစ်ထားသည့် ဆွေညီနောင် စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးက ဆိုင်အကူ မိန်းကလေးငယ် ၂ ဦးကို ရိုက်နှက် နှိပ်စက်မှု၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ရာတွင် နေထိုင်သည့် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး နှင့် ၎င်း၏ မိသားစုဝင် များက အသက် ၁၀ နှစ်အရွယ် အိမ်အကူကလေးငယ်ကို သွားများကျွတ်ထွက်သည်အထိ ရိုက်နှက်မှု၊ မွန်ပြည်နယ်၊ မုပွန်မြို့တွင် အဆောင်များအတွက် ထမင်းချက် ကန်ထရိုက်ယူထားသူ ဒေါ်အေးအေးစိုးက ၎င်း၏ အလုပ်သမား ဖြစ်သည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို ရေနွေးပူဖြင့် လောင်းကာ ရိုက်နှက်နှိပ်စက်မှု စသည့်အမှုများစွာ ဖြစ်ပွားခဲ့သည်။

Your Thoughts …
Tags: အိမ်အကူ
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

အလုပ်ရှင် ဂိုင်ယာသီရိ မူရူဂါယန်နှင့် မပိုင်ငေးဒွန်

မြန်မာအိမ်အကူများ သေဆုံးခြင်းနှင့် စင်ကာပူ၏ ဥပဒေဟာကွက်

by Jean Lau
29 June 2023
6.5k

သေမှုသေခင်း စစ်ဆေးမှုအရ မပိုင်ငေးဒွန်၏ ခန္ခာကိုယ်တွင် အမာရွတ် ၃၁ ခုနှင့် ပြင်ပဒဏ်ရာ ၄၇ ခု ရှိကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် တန်းစီနေကြသူများ

အရှေ့အလယ်ပိုင်း နိုင်ငံများရောက် မြန်မာအလုပ်သမများ အခက်အခဲကြုံ

by ဧရာဝတီ
20 October 2022
2.3k

ယခုနှစ်ပိုင်းတွင် ပြည်တွင်း၌ စီးပွားရေးကျပ်တည်းနေခြင်းကြောင့် ငွေကြိုပေးစရာမလိုဘဲ လုပ်ခ လစာ ကျပ် ၁၀သိန်း ဝန်းကျင်ရရှိမည့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အိမ်အကူ အဖြစ် သွားရောက် လုပ်ကိုင်မှုများ မြင့်တက်လာသည်။

၂၀၁၅ မှ ၂၀၂၀ အတွင်း နှိပ်စက် ညှဉ်းပန်းခံရသည့် အလုပ်သမား တချို့၏ ပုံများ / ဧရာဝတီ

၂၀၁၅ မှ ၂၀၂၀ ထိ အလုပ်သမား နှိပ်စက်ညှဉ်းပန်းမှုများ

by သဇင်လှိုင်
7 March 2020
24.9k

၂၀၁၅ ခုနှစ်မှ ယခု ၂၀၂၀ အထိ လူသိထင်ရှား ဖြစ်ပွားခဲ့သည့် လုပ်သားများ နှိပ်စက်ညှင်းပန်းခံရမှု အမှုများစွာ ရှိခဲ့သည်။

လူမှု ကွန်ရက်တွင် မျှဝေနေကြသည့် မင်းရာဇာ အဖမ်းခံရသည့် ပုံများ

မင်းရာဇာအိမ်က အိမ်အကူအမှု တရားမျှတမှုရပါ့မလား

by ရွှေရည် & မယ်လွန်း
19 April 2020
31.2k

သမီး တက်သွားတဲ့အချိန် (မြို့တက်အလုပ်လုပ်ချိန်) ကို အမေတို့ မှတ်ထား၊ အမေတို့ ဘယ်တော့မှ စိတ်မ ဆင်းရဲရဘူး၊ သမီး အမေတို့ကို ရှာကျွေးမယ်ဆိုပြီး ၁၀ နှစ်သမီးကတည်းကနေ သူတက်သွားတယ်

စင်ကာပူတွင် မြန်မာ မိန်းကလေး မဇင်မာဦး ခုန်ချ သေကြောင်းကြံစည်ခဲ့သော ကွန်ဒို တိုက်ခန်းတွဲ / ခင်လေး ဖေ့စ်ဘုတ်

စင်္ကာပူတွင် တိုက်ပေါ်မှ ခုန်ချသတ်သေခဲ့သည့် မြန်မာအိမ်အကူ၏ အေးဂျင့်များကို စုံစမ်းနေ

by ထွန်းထွန်း
15 June 2017
11.3k

ကိုဝေဟင်အောင်က “ဒီနေ့ပဲ ကျနော်သူ့အဖိုးနဲ့အဖွားဆီသွားတွေ့ခဲ့တယ်၊ လောလောဆယ် သူ့အတွက် အလှူလုပ်ပေးနိုင်ဖို့ ၅ သိန်းပဲလှူခဲ့သေးတယ်၊ အေးဂျင့်နဲ့ အဆက်အသွယ်ရပြီပြောတယ်” ဟုပြောသည်။

၂၀၁၆ ခုနှစ်က ရုံးထုတ်လာသော ဂိုင်ယာသီရိ မူရူဂါယန် / Getty Image

စင်ကာပူတွင် မြန်မာအိမ်အကူ သတ်မှု ထောင်ဒဏ်နှစ် ၃၀ အယူခံကို ပယ်ချ

by ဧရာဝတီ
1 July 2022
6.7k

ပရီမာနှင့် ဂိုင်ယာသီရိ၏ အမျိုးသား အသက် ၄၂ နှစ်အရွယ် ရာထူးချခံထားရသော ရဲတပ်ကြပ်ကြီး ကီဗင် ချယ်လ်ဗမ်တို့သည်လည်း ညှဉ်းပန်းနှိပ်စက်မှုအတွက် စွဲချက်ပေါင်း ၄၉ ခုနှင့် ၅ ခု အသီးသီးစွဲဆိုခံရသည်။

Next Post
မိုရာ မုန်တိုင်း ထိခိုက်ပျက်စီးမှု အစိုးရ ထုတ်ပြန်ချက်နှင့် လက်တွေ့ကွဲလွဲနေ

မိုရာ မုန်တိုင်း ထိခိုက်ပျက်စီးမှု အစိုးရ ထုတ်ပြန်ချက်နှင့် လက်တွေ့ကွဲလွဲနေ

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.2k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
5k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate