သတင်း

KNU ဒုဥက္ကဌ ခရီးစဉ် ကနေဒါရှိ ကရင်အသိုင်းအဝန်း စိတ်ပျက်

ကနေဒါနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဌ ဖဒိုစောကွယ်ထူးဝင်းသည် မြန်မာနိုင်ငံမှ ပြည်တွင်းစစ်ဒုက္ခသည် အများစုပါဝင်သော ကနေဒါနိုင်ငံရှိ ကရင်အသိုင်းအဝန်းနှင့် တွေ့ဆုံလိမ့်မည် မဟုတ်သောကြောင့် ထိုအသိုင်းအဝန်းက စိတ်ပျက်ရသည်ဟု တက်ကြွလှုပ်ရှားသူတဦးက ပြောသည်။

ဖဒိုစောကွယ်ထူးဝင်းနှင့် လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များဖြစ်သည့် ချင်းအမျိုးသားတပ်ဦးမှ ဆလိုင်းလျှံမုန်းဆာခေါင်း၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်မှ ဦးခွန်မြင့်ထွန်းနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီမှ ဆိုင်းလိုင်တို့သည် ဖက်ဒရယ်စနစ်ကို လေ့လာရန် ဇွန်လ ၃ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကနေဒါနိုင်ငံတွင် နေထိုင်နေကြသည်။

မြန်မာနိုင်ငံ၏လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကရင်အမျိုးသားအဖွဲ့ချုပ်၏ရပ်တည်မှုနှင့် ပတ်သက်၍ KNU ဒုဥက္ကဌ ရှင်းပြသည်ကို ထိုအသိုင်းအဝန်းက နားထောင်လိုကြောင်း ကနေဒါနိုင်ငံ ဆက်ကက်ချူးဝမ်ပြည်နယ်ရှိ ကရင်အသိုင်းအ ဝန်းအတွက် လုပ်ဆောင်နေသော ကရင်တက်ကြွလှုပ်ရှားသူ နော်ဆာမူး က ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“ဖဒိုစောကွယ်ထူးဝင်းမှာ သူတို့အတွက် အချိန်မရှိဘူးလို့ ကနေဒါက ကရင်အသိုင်းအဝန်းက ခံစားရတယ်။ ဒီက လူတွေ က သူ့ဆီက သတင်းတွေ ကြားချင်တယ်။ အထူးသဖြင့်တော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA အ ကြောင်းသိချင်နေကြတာ။ ကရင်ပြည်သူတွေအတွက် NCA က ဘယ်လို အကျိုးရှိလည်းသိချင်နေကြတာ” ဟု သူက ပြော သည်။

ကရင်ပြည်နယ်မှ KNU ထိန်းချုပ်ဒေသများတွင် စစ်ရေးတည်ဆောက်မှုများရှိနေသော်လည်း ၎င်းတို့နေရပ်သို့ ပြန်ရန် ဖိ အားပေးခံနေရသော ထိုင်းမြန်မာနယ်စပ်မှ ကရင်ဒုက္ခသည်များအတွက် လုံခြုံရေးအာမခံချက်ကိုလည်း ကရင်အသိုင်းအ ဝန်းက လိုချင်သည်ဟု သူက ဆက်ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ဆွီဒင်နိုင်ငံသို့ မသွားရောက်မီ ဇွန်လ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ကနေဒါနိုင်ငံတွင် ရှိနေပြီး ဝန်ကြီးချုပ် ဂျပ်စတင် ထရပ်ဒူးနှင့် အခြားအရာရှိများကို တွေ့ဆုံမည်ဖြစ်သည်။

ကရင်လူမျိုးစုများအပါအဝင် မြန်မာနိုင်ငံမှ လူမျိုးစုအသိုင်းအဝန်းများသည် ဒေါ်အောင်ဆန်းစုကြည် ကို လာမည့် ဇွန်လ ၉ ရက်နေ့တွင် တိုရွန်တိုမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြရန် စီစဉ်ထားသည်။

“သူတို့တွေက တိုင်းရင်းသားလူမျိုးစုအခွင့်အရေးတွေကို တောင်းဆိုကြမှာ” ဟု နော်ဆာမူး က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးအစီအစဉ်ကိုလည်း မေးခွန်းထုတ်ကြမည်ဖြစ်သည်။

ကရင်ပြည်နယ်မှ အစိုးရတပ်များ တပ်စခန်း တည်ဆောက်မှုများရှိနေသော်လည်း ဒုက္ခသည်များ နေရပ်ပြန်ရန် ဖိအားပေးခြင်းကိုလည်း စိုးရိမ်ကြောင်း ဖော်ပြမည်ဖြစ်သည်။

ပဒိုကွယ်ထူးဝင်း အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များသည် တိုရွန်တို၊ အော့တာဝါနှင့်ကွိဘက်မြို့များသို့ သွာေးရာက်ကြမည်ဖြစ်သည်။ KNU ဒုဥက္ကဌ၏လက်ထောက်တဦးရေးသားပြီး ဧရာဝတီသတင်းဌာနက ဖတ်ရှုခဲ့ရသောစာတစောင်တွင် ဖဒိုစောကွယ်ထူး ဝင်းသည် ခရီးစဉ် ကျပ်နေသောကြောင့် ကနေဒါရှိ ကရင်ဒုက္ခသည်များနှင့် မတွေ့ဆုံနိုင်ကြောင်းနှင့် လူမျိုးစုခေါင်းဆောင် များထံ လာရောက်လည်ပတ်နိုင်ပြီး အနည်းငယ် ဆွေးနွေးနိုင်ကြောင်း ဖော်ပြထားသည်။

“ဒေါ်အောင်ဆန်းစုကြည်သည်လည်း ကနေဒါနိုင်ငံသို့ လာမည်ကို သိပြီးဖြစ်ကြာင်းနှင့် သူမ၏အစိုးရအဖွဲ့ဝင်များ သည်လည်း လေ့လာရေးခရီးစဉ်တွင် ပူးပေါင်းပါဝင်မည်” ဟု ထိုစာတွင် ဖော်ပြထားသည်။ “သို့သော် ဒေါ်အောင်ဆန်းစု ကြည်မှာ ကိုယ်ပိုင် အစီအစဉ် ရှိပြီးဖြစ်သောကြောင့် ဖဒရယ် လေ့လာရေးအဖွဲ့နှင့်သွားမည်၊ မသွားလာမည်ကို မခန့်မှန်းလိုကြောင်း လည်းရေးသားထားသည်။

Loading