• English
Monday, December 11, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ကွန်လုံ ဟူသည်မှာ…

      ကွန်လုံ ဟူသည်မှာ…

      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          ကနေဒါရောက် ကရင်များက ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာပို့

          by စောရန်နိုင်
          7 June 2017
          in သတင်း
          Reading Time: 1 min read
          A A
          ကနေဒါခရီးစဉ်တွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် / နိုင်ငံတော်အတိုင်ပင်ခံရုံး

          ကနေဒါခရီးစဉ်တွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် / နိုင်ငံတော်အတိုင်ပင်ခံရုံး

          6k
          VIEWS
          Share on FacebookShare on Twitter

          ကနေဒါနိုင်ငံရောက် ကရင်တိုင်းရင်းသားဒုက္ခသည်များက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်တွန်း အားပေး ဆောင်ရွက် နေသော်လည်း ကရင်ပြည်နယ်တွင် မြန်မာအစိုးရတပ်များ တပ်စခန်းဆက်လက်တည်ရှိနေခြင်းအပေါ် စိုးရိမ်ကြောင်း အိတ်ဖွင့်ပေးစာတစောင် ထုတ်ပြန်၍ ဖော်ပြခဲ့ကြသည်။

          ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ ကနေဒါ ကရင်အသိုင်းအဝိုင်း (Karen Community of Canada -KCC)မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် အရာအားလုံး အဆင်ပြေချောမွေ့သည့် အပေါ်ယံလုပ်ပွဲ တခုသာဖြစ်မည်ကို စိုးရိမ်ကြောင်းနှင့် တိုင်းရင်းသားနယ်မြေတွင် စစ်တပ်များ ဆက်လက် နေရာတိုးချဲ့ချထားမှုနှင့် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသည့်အတွက် စိုးရိမ်ကြောင်း ဖေါ်ပြထားခြင်းဖြစ်သည်။
          ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်အောက်မှ တိုင်းရင်းသား လူနည်းစုများ၏ နစ်နာမှုကို အာရုံစိုက်ပေးရန်လည်း KCC က ကနေဒါ အစိုးရတာဝန် ရှိသူများကို တောင်းဆိုလိုက်သည်။

          RelatedPosts

          စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

          စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

          9 December 2023
          12.8k
          လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

          လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

          9 December 2023
          962
          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          9 December 2023
          12.3k

          “ကနေဒါက ကျနော်တို့ရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ခင်ဗျားတို့ကို တောင်းဆိုပါတယ်။ စစ်တပ်သိမ်းပိုက်မှု အောက်မှာ ဆက်လက်ပြီး ထိခိုက်နစ်နာနေရတဲ့ မြန်မာနိုင်ငံက ကရင်နဲ့ အခြားတိုင်းရင်းသားတွေရဲ့ ငိုကြွေးမှုတွေကို အလေးအနက် ဂရုပြုပေးပါ” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

          ကနေဒါ အစိုးရတာဝန်ရှိသူများ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ အစိုးရက ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးအတွက် သေချာအောင်မည်ကဲ့သို့ စီစဉ်ထားသည်၊ ကရင်ပြည်နယ်မှ မြန်မာစစ်တပ်များ ပြန် လည်ရုပ်သိမ်းရေးအတွက် ဒုက္ခသည်များကတောင်းဆိုထားခြင်းကို သူ၏ အစိုးရက မည်ကဲ့သို့ တုန့်ပြန်မည် စသည့် မေးခွန်းအချို့ မေးရန်လည်း ကရင်ဒုက္ခသည် အသိုင်းအဝိုင်းက တိုက်တွန်းထားသည်။

          နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၄ရက်နေ့ ညနေက ကနေဒါနိုင်ငံသို့ ရန်ကုန်လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်သည်။
          ပြီးခဲ့သည့် လအတွင်းက ကရင်ပြည်နယ်မှ စစ်ရှောင်ဒုက္ခသည်များက ဆန္ဒပြပွဲတခု ပြုလုပ်၍ သူတို့ နေအိမ်သို့ ဘေးကင်း စွာပြန်သွားနိုင်ရေးအတွက် ကျေးရွာများ အနီးမှ အစိုးရတပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းပေးရေးကို တောင်းဆိုခဲ့ ကြ သည်။

          ကရင်အမျိုးသား အစည်းအရုံး (KNU) က ၂၀၁၂ ခုနှစ်တွင် ယခင်အစိုးရနှင့် အပြန် အလှန် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တခုလက်မှတ်ရေးထိုးခဲ့သော်လည်း မြန်မာ့တပ်မတော်က ၎င်း၏ စခန်း များကို အင်အားဖြည့်တင်းခဲ့ပြီး ဒေသတွင်းတွင် စခန်းများ ထပ်မံတည်ဆောက်ခဲ့သည်ဟုလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

          KNU ဒုတိယ ဥက္ကဌ ဖဒိုကွယ်ထူးဝင်းလည်း ကနေဒါနိုင်ငံတွင် ဖက်ဒရယ်စနစ်လေ့လာရေး ခရီးစဉ်တခု ဖြင့်ရောက်ရှိနေရာ သူ့တွင် အစီအစဉ်များဖြင့် ပြည့်နှက်နေသည်သည့် အတွက် ကရင်ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ခြင်း မရှိသည့် အတွက် ကနေဒါနိုင် ငံရောက် ကရင်အသိုင်းအဝိုင်းက စိတ်ပျက်ခဲ့ကြသည်။

          KCC ၏ ဥက္ကဌ ဆလုံဖန်းက KNU ဒုတိယဥက္ကဌအနေဖြင့် ကနေဒါနိုင်ငံရောက် ကရင်တိုင်းရင်းသား အသိုင်းအဝိုင်း နှင့် တွေ့ဆုံ ရန် ပျက်ကွက်ခဲ့သည့် ၎င်းတို့ စိတ်ပျက်ခဲ့ရကြောင်း ပြောသည်။

          ဖဒိုကွယ်ထူးဝင်းသည် ကရင်အသိုင်းအဝိုင်းနှင့် မတွေ့ဆုံခဲ့သော်လည်း သူနှင့် အခြားသော တိုင်းရင်းသား ခေါင်းဆောင် များက Niagara ရေတံခွန်သို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

          ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ကနေဒါ သံအမတ်ကြီး Karen MacArthur တို့ တွေ့ဆုံခဲ့ခြင်း အပေါ် စိုးရိမ်မိကြောင်းလည်း KCC ကပြောသည်။ ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံမှ ပြည်တွင်းစစ်၊ နေအိမ်စွန့်ခွာထွက်ပြေးရခြင်းနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများကို တွန်းအား ပေးနေသည့် ရေအားလျှပ်စစ် စီမံကိန်းများတွင် ကနေဒါနိုင်ငံက ရင်းနှီးမြှုပ်နှံမည့် အလားအလာများကို ဆွေးနွေးခဲ့ကြ သည်။

          “အဲဒီဗိုလ်ချုပ်ကြီး (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) နဲ့ သူ့ရဲ့ တပ်ဖွဲ့တွေက ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေတဲ့ ကရင်နဲ့ တခြားတိုင်းရင်းသား အသိုင်းအဝိုင်းတွေအပေါ်မှာ အကြမ်းဖက် စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့တာတွေ အတွက် တာဝန်ရှိပါတယ်။ ဒါကြောင့် သံအမတ်ကြီး Karen MacArthur က သူနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးတဲ့ အတွက် ကျနော်တို့ တုန်လှုပ်ခဲ့ရပါတယ်။” ဟုလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

          ကနေဒါ ကရင် အသိုင်းအဝိုင်း(Karen Community of Canada -KCC) သည် ကနေဒါနိုင်ငံ တလွှားမှ ကရင် တိုင်းရင်းသား များကို ကိုယ်စားပြုသည့် အဖွဲ့အစည်းတခု ဖြစ်ပြီး ကရင်ယဉ်ကျေးမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ရေး ကိစ္စများဆောင် ရွက်နေသည်။

          Your Thoughts …
          Tags: ကနေဒါရောက် ကရင်များ
          စောရန်နိုင်

          စောရန်နိုင်

          ဧရာဝတီ

          Similar Picks:

          No Content Available
          Next Post
          ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် ငြိမ်းချမ်းရေးညီလာခံတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည် / မျိုးမင်းစိုး / ဧရာဝတီ

          နိုင်ငံတော် အတိုင်ပင်ခံသို့ အိတ်ဖွင့်ပေးစာ

          Andy Rubin by mercurynews com

          Andy Rubin က သူ့ရဲ့ Essential ဖုန်းသစ်က iPhone ကို ဈေးကွက်ပြိုင်ဆိုင်မယ်လို့ဆို

          No Result
          View All Result

          Recommended

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          3 days ago
          17.9k
          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          6 days ago
          12.9k

          Most Read

          • မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0
          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved