• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ဘေးရှောင်များကို တနိုင်းမြို့ပေါ်မှ ပြောင်းရွှေ့ရန် အာဏာပိုင်များ ဖိအားပေး

by ခင်ဦးသာ
9 June 2017
in သတင်း
A A
တနိုင်း မြို့ပေါ်တွင် တွေ့ရသော စစ်ဘေးရှောင် ဒုက္ခသည် တချို့ / mai mai mai FB

တနိုင်း မြို့ပေါ်တွင် တွေ့ရသော စစ်ဘေးရှောင် ဒုက္ခသည် တချို့ / mai mai mai FB

6.5k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် တနိုင်းမြို့ပေါ်၌ စစ်ရှောင်နေကြသည့် ဒုက္ခသည်များအား မြို့နှင့် ၁၀ မိုင်ခန့် ကွာဝေးသည့် ကောင်ရာ ကျေးရွာသို့ ပြောင်းရွှေ့ရန် ဒေသဆိုင်ရာ အာဏာပိုင်များက ဖိအားပေးနေကြောင်း သိရသည်။

ထိုဒုက္ခသည်များသည် တနိုင်းမြို့နယ်ရှိ ရွှေနှင့်ပယင်းမှော်များမှ စစ်ဘေးရှောင်ရန် ရောက်ရှိနေကြခြင်းဖြစ်ပြီး၊ လက်ရှိတွင် စုစုပေါင်း လူဦးရေ ၃၀၀ ဝန်းကျင် ကျန်ရှိနေသေးကြောင်း ကူညီပေးနေသူများ က ဧရာဝတီ ကို ပြောသည်။

RelatedPosts

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

9 July 2025
56
ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

9 July 2025
162
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
169

စစ်ဘေးရှောင် ဒုက္ခသည်များသည် တနိုင်းမြို့ပေါ်ရှိ ခရစ်ယာန် ဘုရားကျောင်းများတွင် ခိုလှုံနေကြောင်း၊ ထိုသူများအား ဇွန်လ၈ ရက်နေ့မှစတင်၍ ကောင်ရာကျေးရွာသို့ ပြောင်းရွှေ့ရမည်ဟု မြို့နယ် အထွေထွေအုပ်ချုပ်ရေး အဖွဲ့က ပြောဆို ကြောင်း နှစ်ခြင်း ခရစ်ယာန် အသင်းတော် (KBC) မှ ကူညီဆယ်ရေး တာဝန်များ ဆောင်ရွက်နေသူ ဦးနော်တာ က ဧရာ ဝတီ ကို ပြောပြသည်။

ဒုက္ခသည်များအား လုံခြုံရေးအရဟု ပြောဆို၍ ကောင်ရာ ရွာသို့ ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်ကြောင်း၊ သို့သော် ဒုက္ခသည်များ က ပြောင်းရွှေ့ရန် ငြင်းဆိုကြကြောင်း၊ ထို့ကြောင့် ဒုက္ခသည်များ၏ ဆန္ဒအရ နေထိုင်ခွင့်ပေးရန် အာဏာပိုင်အဖွဲ့ထံ ပြန် လည် တင်ပြထားကြောင်း KBC တာဝန်ရှိသူများ က ပြောသည်။

ဦးနော်တာ က “သူတို့ဒေသမှာ မလုံခြုံလို့ မြို့ပေါ်ကို ထွက်ပြေးလာတာ ဖြစ်တယ်၊ အဲဒါကြောင့် လုံခြုံမှု မရှိတဲ့ ကောင်ရာ ရွာကိုလည်း မသွားချင်ဘူးလို့ ပြောကြတယ်၊ ဘာကြောင့်လဲ ဆိုတော့ ကောင်ရာရွာထဲကို လက်နက်ကြီး ကျလို့ ရွာသား ၃ ယောက် ကျည်ထိမှန်ထားတာ သိပ်မကြာသေးတဲ့အတွက် ကြောက်နေကြတုန်းပဲလို့ ပြောကြတယ်” ဟု ပြောဆိုသည်။

ရွှေနှင့်ပယင်းမှော်များတွင် နေထိုင် လုပ်ကိုင်သူများအား ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာကြရန် တပ်မတော် က နှိုးဆော်ထား၍ နေရပ်သို့ ပြန်ရန် လုံး၀ မဖြစ်နိုင်သေးကြောင်းလည်း KBC အဖွဲ့က ပြောသည်။

ရွှေနှင့်ပယင်းမှော် ရှိရာကျေးရွာများမှ တနိုင်းမြို့ပေါ်သို့ စစ်ဘေးရှောင်ရန် ထွက်ပြေးလာကြသည့် ဒေသခံများကိုလည်း မြို့ ပေါ်သို့ ခေါ်ယူရန် ဘာသာရေးအဆိုင်ရာ အဖွဲ့များ၊ လူမှုအဖွဲ့များက စီစဉ်ခဲ့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက ခွင့်မပြု၍ လမ်းတွင် ပိတ်မိနေဆဲ ဖြစ်ကြောင်း ဒေသခံများ က ဧရာဝတီ ကို ပြောပြသည်။

အထက်ပါ အကြောင်းအရာများနှင့်ပတ်သက်၍ တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူ တချို့ထံ ဧရာ ဝတီ က ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေဆိုခြင်း မရှိပေ။

ပိတ်မိနေသူများထဲမှ ငွေကြေး တတ်နိုင်သူ တချို့သည် မိမိတို့ အစီအစဉ်များဖြင့် ရေကြောင်းလမ်း၊ ကုန်းလမ်းများမှ တနိုင်း မြို့နှင့်တခြားဒေသများသို့ ထွက်ခွာနေကြရကြောင်း၊ ခရီးစရိတ် မတတ်နိုင်သူများကမူ တနိုင်းမြို့ တဖက်ကမ်း၌ အခက် အခဲ မျိုးစုံဖြင့် စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

တနိုင်းဒေသမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနောင်နဂျာတန် က “မှော်တွေက ပြန်လာတဲ့ သူတွေကို တနိုင်းနဲ့ နီး တဲ့ ချောင်းက ဖြတ်သန်းခွင့် မပြုတော့ တခြားနည်းလမ်းတွေနဲ့ ကုန်းတတန်၊ ရေတတန် လာရတဲ့အတွက် လူတယောက်ကို ၄ သောင်း လောက်ကုန်ကျတယ်၊ အဲဒီတော့ ပိုက်ဆံ မတတ်နိုင်တဲ့လူတွေက ပိတ်မိနေတုန်းပဲ”ဟု ဧရာဝတီကို ပြော သည်။

တနိုင်းမြို့နယ်၌ မှော်နယ်မြေတချို့တွင် တိုက်ပွဲတချို့ ရှိနေပြီး ကောင်ရာရွာ အနီးတွင်လည်း ယနေ့ နံနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားကြောင်း၊ ထို့ကြောင့် မှော်များမှ စစ်ရှောင်လာသည့် ဒုက္ခသည်များအား ကောင်ရာရွာ၌ နေရာချထားပေးရန် ခက်ခဲ နေကြောင်း၊ ထိုကိစ္စများအား လွှတ်တော်၌ တင်ပြရန် ဒေသခံ ကိုယ်စားလှယ်တချို့က ကြိုးစားခဲ့သော်လည်း ပယ်ချ ခံခဲ့ရ ကြောင်း သိရသည်။

ထို့အတူ လမ်းတွင် ပိတ်မိနေသည့် ဒုက္ခသည်များအား မြို့ပေါ်သို့ ခေါ်ယူခွင့်ရရန် ပြည်နယ် အစိုးရထံ တင်ပြသော်လည်း ထူးခြားမှု မရှိသေးဟု ဒေသခံအဖွဲ့များ က ပြောသည်။

စစ်ရှောင်ထွက်ပြေးလာသည့် ဒေသခံများသည် ထန်းပလားမှော်၊ ဝမ်းပလာ၊ အောင်လွတ်၊ တုံမဏီ၊ ချောင်းဆုံ၊ နန်ဗြူ၊ ဂျာ အောင်ဘာ၊ ဇီးဖြူကုန်း၊ ညောင်ပင်ကုန်းမှော်နှင့် နမ့်ကွမ်းမှော်များတွင် လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း သိရသည်။

ထိုမှော်များတွင် လုပ်ကိုင်နေထိုင်သူများသည် ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား ထွက်ခွာရန်နှင့်အကယ်၍ မထွက်ခွာပါ က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းနေသူများအဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း၊ နယ်မြေ ရှင်းလင်း သည့်အခါ ထိခိုက်ဒဏ်ရာ ရမှုများ ဖြစ်ပေါ်လာမည်ကို မလိုလားသဖြင့် ကြိုတင် အသိပေးရခြင်း ဖြစ်ကြောင်း တပ်မတော် က ဖြန့်ဝေသည် ဆိုသည့် စာတွင် ဖော်ပြထားသည်။

တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မည့် ရွှေနှင့်ပယင်းမှော် နယ်မြေများသည် KIA ထိန်းချုပ်ရာ နယ်မြေဖြစ် ကြောင်း၊ ထိုမြေများမှ ရရှိသည့် အကျိုးစီးပွားများအား တပ်မတော်မှ ထိန်းချုပ်လို၍ ယခုကဲ့သို့ နယ်မြေရှင်းရေးဟု အ ကြောင်းပြ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း KIA ဘက်က ပြောဆိုသည်။

တပ်မတော်ကမူ မှော်များကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ရှိသည့်အတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက် မည်ဟု ပြောဆိုထားသည်။

Your Thoughts …
Tags: ကချင် စစ်ရှောင်များ
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

No Content Available
Next Post
ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း / မျိုးမင်းစိုး / ဧရာဝတီ

ရန်ကုန် ရေကြီးရေလျှံ ပြဿနာ ဖြေရှင်းရန် ကမ္ဘာ့ဘဏ်က ဒေါ်လာ ၁၂၅ သန်း ကူညီမည်

နေပြည်တော် ရှိ Horizon Hotel တွင် ဇွန်လ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် လူကုန်ကူးခံရသူများအား စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် တွေ့ဆုံ ဆွေးနွေးပွဲ / ဖေသက်ထက်ခင် / ဧရာဝတီ

၂၀၁၇ နှစ်ဝက်အတွင်း လူကုန်ကူးခံရသူ ၁၃၄ ဦးရှိပြီး မိမိဆန္ဒအရ ရောင်းစားခံမှု များပြား

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.3k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate