• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန် ရေကြီးရေလျှံ ပြဿနာ ဖြေရှင်းရန် ကမ္ဘာ့ဘဏ်က ဒေါ်လာ ၁၂၅ သန်း ကူညီမည်

by ဇူးဇူး
9 June 2017
in သတင်း
A A
ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း / မျိုးမင်းစိုး / ဧရာဝတီ

ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း / မျိုးမင်းစိုး / ဧရာဝတီ

7.8k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းဒေသကြီး အတွင်း နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီးရေလျှံ ပြဿနာကို ဖြေရှင်းရန် ကမ္ဘာ့ဘဏ်က ဒေါ်လာ ၁၂၅ သန်း ကူညီမည်ဟု သဘောတူညီ ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တနှစ်တာ ဆောင်ရွက်မှုလုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ဇွန် လ ၉ ရက်က ပြုလုပ်ခဲ့ရာတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

RelatedPosts

တော်လှန်ရေးဗွက်ထခြင်း

တော်လှန်ရေးဗွက်ထခြင်း

20 July 2025
624
စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

20 July 2025
67
ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

20 July 2025
199

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အစိုးရအဖွဲ့သစ် စတင်တာဝန်ယူခဲ့ရချိန်တွင် မိုးတွင်းအခါ၌ လမ်းများတွင် ရေကြီးရေလျှံမှုကို ကြုံတွေ့ခဲ့ရသည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး အနေဖြင့် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပြီး အစိုးရ အဖွဲ့ သစ် အနေဖြင့်လည်း ပုဂ္ဂလိက ကဏ္ဍသို့ ကျပ် ၁ ဘီလီယံ ပေးကာ ရေမြောင်းများကို ရှင်းခဲ့သော်လည်း မိုးအလွန်များပါက ချက်ချင်း ရေမဆွဲချနိုင်သည့် အခြေအနေကို ကြုံတွေ့ နေရသေးသည်ဟု ပြောသည်။

“ဒီအခြေအနေဟာ ကျနော်တို့ ရန်ကုန်တခုတည်း ကြုံတွေ့နေရတာ မဟုတ်ပါဘူး။ နိုင်ငံတကာ မြို့ကြီး တော်တော်များများ မှာ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုနဲ့အတူ ဒီအခြေအနေတွေဟာ ကြုံနေရတာပဲဖြစ်ပါတယ်။ ဒီအတွက် ပြုပြင်ပြောင်းလဲ မှုအတွက် ကြိုးစားနေပါတယ်။ ကမ္ဘာ့ဘဏ်ကနေပြီးတော့ ကျနော်တို့ကို သန်းပေါင်း ၁၂၅ သန်း ကူညီဖို့ သဘောတူညီထား ပြီးဖြစ်ပါတယ်။ ဒီလာမယ့် ပွင့်လင်းရာသီမှာ ရေကြီးရေလျှံဖြစ်နေတဲ့ မြောင်းတွေကို ပြင်ဆင်နိုင်ဖို့အတွက် သန်း ၁၀၀ သုံးစွဲ သွားဖို့ စီမံချက်ရေးဆွဲထားပြီး ဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောဆိုသည်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကလည်း ဇွန် ၄ ရက် ညနေပိုင်းက အချိန် ၂ နာရီခန့်အတွင်း မိုးရေချိန် ၄ လက်မခန့် ရွာသွန်းခဲ့မှုကြောင့် ရန်ကုန်မြို့အနီးတဝိုက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ထားမှုကြောင့် မိနစ် ၉၀ အတွင်း ရေ ပြန်ကျသွားခဲ့ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

လက်ရှိတွင် YBS ယာဉ်လိုင်းပေါင်း ၇၉ လိုင်း၊ ယာဉ်စီးရေ ၄၀၀၀ ခန့်ဖြင့် နေ့စဉ် ခရီးသွားပြည်သူ ၂.၅ သန်းခန့်ကို ဝန် ဆောင်မှု ပေးလျက်ရှိပြီး ကား ၃၀၀၀ ခန့်တွင် GPS စနစ် တပ်ဆင်ထားပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် ကားအသစ်ပေါင်း ၂၆၀၀ ရောက်ရှိနေပြီဖြစ်ပြီး ယင်းကားအသစ်များဖြင့် အစားထိုး ပြေးဆွဲသွားရန် ဆောင်ရွက်နေကြောင်း သိရသည်။

ဆက်လက်၍ ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးသည် မြေကစားမှုပေါင်းများစွာ ကြုံတွေ့နေရသည့်အတွက် မြို့သစ် တည်ဆောက်မည်ဆိုပါက အစိုးရကသာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြင့် စနစ်တကျ ဆောင်ရွက် သွားမည် ဖြစ်သကဲ့သို့ နိုင်ငံတော်မြေကွက်ကို လက်ညှိုးထိုးရောင်းစားသူများကိုလည်း ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ် ကြောင်းလည်း သတိပေး ပြောကြားလိုက်သည်။

၎င်း၏ တနှစ်တာ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍မူ “ဒီပြုပြင်ပြောင်းလဲခဲ့တဲ့ ကာလတွေအတွင်းမှာ ကျနော် ဆောင် ရွက်တဲ့ လုပ်ငန်းတိုင်းအပေါ် ကျေနပ်ပါတယ်။ အောင်မြင်မှုရလဒ်အနေနဲ့ ပြောရမယ်ဆိုရင် ဒီအောင်မြင်မှုရလဒ်တွေကို တချက်ချင်း ခုချက်ချင်းမှာ မြင်တွေ့နိုင်မှာမဟုတ်ပါဘူး။ ခု ရေတွင်းတူး ခုရေကြည် သောက်နိုင်လို့ ရမယ်ဆိုတဲ့ အခွင့် အလမ်း မျိုး ဘယ်လုပ်ငန်းစဉ်ကမှ လွယ်လွယ်မရနိုင်ပါဘူး” ဟု ပြောသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ တနှစ်တာဆောင်ရွက်မှု မှတ်တမ်းများကို ရှင်းလင်းပြောကြားရာတွင် ကျူးကျော်ကိစ္စ ဆောင်ရွက် ချက်များ၊ YBS စနစ် ဆောင်ရွက်ချက်များ၊ လျှပ်စစ်မီးကဏ္ဍ ဆောင်ရွက်ချက်များ၊ မြေယာပြဿနာများ စသည်ဖြင့် ကဏ္ဍ အလိုက်ကို သက်ဆိုင်ရာ ဝန်ကြီးများကပါ ရှင်းလင်းပြောကြားခဲ့သည်။

 

 

Your Thoughts …
Tags: ရန်ကုန်တိုင်း အစိုးရ
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

ရန်ကုန်မြို့သစ် စီမံကိန်းတွင် ပါဝင်သည် ဆိုသော တွံတေးမြို့နယ်အတွင်းရှိ မြေနေရာ တခု  / အောင်ကျော်ထက်  /  ဧရာဝတီ

ရန်ကုန်တိုင်း အစိုးရက မြေများ ရောင်းချပေးမည်

by မျိုးပပစန်း
2 October 2019
31.3k

နေစရာမရှိသူများနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် မြေနေရာ အခက်အခဲ ရှိသူများကို တိုင်းဒေသကြီး အစိုးရ အဖွဲ့က လာမည့် တပတ်အတွင်း မြေများရောင်းချပေးမည် ဖြစ်ကြောင်း

ရန်ုကုန်တိုင်းဒေသကြီး လွှတ်တော်  / ထက်ဝေ / ဧရာဝတီ

ရန်ကုန်တိုင်း အစိုးရ အဂတိလိုက်စားမှု ရှိနေလား

by အောင်သီဟ
26 January 2020
13.3k

ဒီလို လေလွင့်ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေသာ လမ်းမီးမရှိတဲ့ နေရာတွေမှာ မီးတိုင်လေးပဲ လုပ်နိုင်တယ် ဆိုရင် တောင် ပြည်သူတွေ အတွက် အကျိုးရှိတယ်

ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်မှ လက်ရှိ အရောင်းအဝယ်ဖြစ်နေသည့် မြေကွက်တချို့ကို တွေ့ရစဉ် / ko ko Htaike

စိုက်ပျိုးရေးဇုန် ဖော်ရန် လုပ်ငန်းရှင်များသို့ ပေးထားသောမြေများ အစိုးရ ပြန်သိမ်းမည်

by မျိုးပပစန်း
10 October 2019
7.1k

ယခင်အစိုးရ လက်ထက်က စီးပွားရေး လုပ်ငန်းရှင်များသို့ စံပြစိုက်ပျိုးရေးဇုန် ဖော်ဆောင်ရန် ပေးထား သောမြေကွက် များကို လက်ရှိ အစိုးရက ၈၀ ရာခိုင်နှုန်း ပြန်သိမ်းမည် ဖြစ်ကြောင်း

စီမံကိန်းကို အကောင်အထည်ဖော်မည့် တိုင်း အစိုးရပိုင် ရန်ကုန်မြို့သစ် တည်ဆောက်ရေး ကုမ္ပဏီ (NYDC) ကို ဖွဲ့စည်းကြောင်း ကြေညာသည့်ပွဲ / ရွှေလေး

ရန်ကုန်တိုင်း အစိုးရ ပွင့်လင်းမြင်သာမှုကို မြို့သစ် စီမံကိန်းက စိန်ခေါ်နေ

by Debby Chan Sze Wan
18 July 2018
5.5k

စီမံကိန်း အောင်မြင်မှုက ပြည်သူလူထု၏ ထောက်ခံမှုပေါ်တွင် တည်နေပါသည်။ သို့သော် ပြည်သူများက စီမံကိန်းနှင့် စီမံကိန်း အကောင်အထည်ဖော်ရေး တို့နှင့် ပတ်သက်၍ အနည်းငယ်မျှသာ သိထားကြဆဲ ဖြစ်သည်။

ပြည်တွင်း စက်သုံးဆီ အရောင်းဆိုင် တဆိုင်ရှိ ပန့်များ / Reuters

စက်သုံးဆီဈေးကို ရန်ကုန်တိုင်း အစိုးရ ထိန်းချုပ်သွားမည်ဟု ဆို

by မျိုးပပစန်း
8 March 2018
9.7k

စက်သုံးဆီဈေး မြင့်တက်နေခြင်းကို ယခုနှစ်မှ စတင်၍ ထိန်းချုပ်သွားရန် ပြင်ဆင်မှုများပြုလုပ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။

--

ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ လူစုလူဝေးလုပ်ခြင်း အပေါ် သူတို့ဘယ်လိုမြင်သလဲ

by ထွန်းထွန်း
27 May 2020
21k

ဘယ်သူ မှားတယ် မှန်တယ် ဆိုတာထက် ဥပဒေအောက်မှာ အားလုံး တန်းတူရေးနဲ့ မျှတတဲ့ တရားစီရင်ရေး ဖြစ်ဖို့ကို လို ချင်တာပါ။ အစိုးရမို့လို့၊ အာဏာရှိသူမို့လို့ ကင်းလွတ်ခွင့် ပေးတာမျိုး ဖြစ်နေရင် တရားဥပဒေက ဘက်လိုက်မှု တွေ...

Next Post
နေပြည်တော် ရှိ Horizon Hotel တွင် ဇွန်လ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် လူကုန်ကူးခံရသူများအား စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် တွေ့ဆုံ ဆွေးနွေးပွဲ / ဖေသက်ထက်ခင် / ဧရာဝတီ

၂၀၁၇ နှစ်ဝက်အတွင်း လူကုန်ကူးခံရသူ ၁၃၄ ဦးရှိပြီး မိမိဆန္ဒအရ ရောင်းစားခံမှု များပြား

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဂျပန်ရောက် ကချင်၊ ရခိုင်၊ တအာင်း(ပလောင်)လူမျိုးများက ဆန္ဒပြစဉ် / Hkalen Uma

စစ်ဘေးရှောင် ဒုက္ခသည်များ၏ စားဝတ်နေရေးကို တာဝန်ယူပေးရန် ကချင်လူထုက အစိုးရအား တောင်းဆို

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.2k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

4 days ago
5.1k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate