• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၆၆ (ဃ)ကို ပြင်ဆင်ရန် အစိုးရ ကတိပြုဟု CPJ ထုတ်ပြန်

by ဧရာဝတီ
12 June 2017
in သတင်း
A A
ပုဒ်မ ၆၆ ဃ ဆန့်ကျင်ရေး နိုင်ငံတဝန်းရှိ မီဒီယာသမားများ စုပေါင်းဆန္ဒထုတ်ဖော်လျက် ရှိသည် / ချန်းစွန်း / ဧရာဝတီ

ပုဒ်မ ၆၆ ဃ ဆန့်ကျင်ရေး နိုင်ငံတဝန်းရှိ မီဒီယာသမားများ စုပေါင်းဆန္ဒထုတ်ဖော်လျက် ရှိသည် / ချန်းစွန်း / ဧရာဝတီ

8.3k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့သည့် ဇွန်လ ၈ ရက်က ပြန်ကြားရေး ဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူတဦးနှင့် CPJ မှတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် သတင်းမီဒီယာသမားများအား အသရေဖျက်မှုကို ရာဇဝတ်မှုပုဒ်မဖြင့် ဖမ်းဆီးထိန်းသိမ်းမှုများရှိနေကြောင်း၊ ယင်းဥပဒေပုဒ်မကို ပြင်ဆင်ရန် အဆိုပြုမှုများကို မကြာမီ စတင်တော့မည်ဖြစ်ကြောင်း ပြောဆိုကြောင်း သိရှိရသည်။

နယူးယောက်အခြေစိုက် ဂျာနယ်လစ်များ အကာအကွယ်ပေးရေး ကော်မတီ (Committee to Protect Journalists – CPJ) သည် ကမ္ဘာ့ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် လှုပ်ရှားနေသော လွတ်လပ်သော ၊ အကျိုးအမြတ်မယူသည့် နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သည်။

RelatedPosts

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
110
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
77
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
242

CPJ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ ကော်မတီ၏ ဥက္ကဌ ကက်သလင်းကာရို က “သတင်းမီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်လာနေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ကို ဖျက်သိမ်းဖို့ စိတ်အားထက်သန်မှုကို ကြိုဆိုပါတယ်။ စိတ်အားထက်သန်တဲ့အတိုင်းလည်း အမြန်ဆုံး ဖျက်သိမ်းပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်ဖို့ အစိုးရနှင့်တကွ ဥပဒေပြုမဏ္ဍိုင်ကို တိုက်တွန်းလိုပါတယ်။ သတင်းမီဒီယာသမားတွေ ကိုယ့်အလုပ်ကိုယ်လုပ်လို့ ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတာ မဖြစ်သင့်ပါဘူး” ဟု တွေ့ဆုံဆွေးနွေးမှုတွင် ပြောဆိုခဲ့ကြောင်း ထုတ်ပြန်သည်။

ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တွေ့ဆုံရာတွင် ယင်းအားတက်ဖွယ် သတင်းကောင်းကို ကြားသိခဲ့ရခြင်းဟု ဆိုသည်။ ဥပဒေပြင်ဆင်သည့် အဆိုပြုချက်ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။ ဆက်သွယ်ရေးဥပဒေအရ တရားစွဲဆိုမှုများပြုလုပ်ရာတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ရယူရမည်ဟု ဥပဒေတွင်ပြဌာန်းထားသည်။

ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်နှင့် တွေ့ဆုံရာတွင်မူ ဆက်သွယ်ရေးဥပဒေပြင်ဆင်ရန် အဆိုပြု ဥပဒေကြမ်းတစောင်ကို ယနေ့အချိန်ထိ တင်သွင်းထားခြင်း မရှိသေးကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် သတင်းမီဒီယာ လွတ်လပ်ခွင့်၏ အရေးပါပုံကို သိနားလည်သည့်အလျှောက် ယင်းဥပဒေကြမ်းအဆိုပြုလွှာတင်သွင်းလာခဲ့ပါက ဥပဒေကြမ်းကော်မတီအနေဖြင့် ဦးစားပေးဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

CPJ နှင့် ပဲန်မြန်မာတို့ ရန်ကုန်မြို့တွင် ပူးတွဲကျင်းပသည့် ပြီးခဲ့သည့်အပတ် သတင်းစာရှင်းလင်းပွဲတွင် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ရန်၊မြှင့်တင်ရန် ကြိုးပမ်းနေကြသည့် သတင်းမီဒီယာအဖွဲ့အစည်းများ ၊ လူ့ရပိုင်ခွင့်အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုကို CPJ က အပြည့်အဝထောက်ခံကြောင်း ၊ ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေး နှင့် ပုဒ်မ ၆၆ (ဃ) ကိုအမြန်ဆုံးဖျက်သိမ်းပေးသင့်ကြောင်း အစိုးရတာဝန်ရှိသူများနှင့် ဥပဒေပြုမဏ္ဍိုင်ကို တိုက်တွန်းလိုက်သည်။ ၎င်းဥပဒေအရ ကာယကံရှင်မဟုတ်သော ကြားလူတဦးတယောက်မှ တရားစွဲဆိုနိုင်ခြင်း၊ သတင်းမီဒီယာသမားများကို ချက်ခြင်းဖမ်းဆီးချုပ်နှေင်နိုင်ခြင်း၊ အာမခံရရှိရန် ခက်ခဲခြင်း စသည့်အချက်များကြောင့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်သည့်အပြင် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ချုပ်နှောင်လျှက်ရှိကြောင်း ပြောဆိုသည်။

သတင်းမီဒီယာသမားကို ဖမ်းဆီးချုပ်နှောင်ရန် ရည်ရွယ်ချက်ဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကိုအသုံးပြုနေခြင်း၊ ဥပဒေပါ ရာဇဝတ်ကြောင်းအရ အပြစ်ပေးနိုင်ခြင်းများေ ကြာင့် ဤဥပဒေသည် တလွဲအသုံးပြုမှုများဖြစ်စေနိုင်ကြောင်းကို ဦးမျိုးမြင့်မောင်ကလည်း သဘောတူညီသည်။ သို့ရာတွင် ယခုလက်ရှိတရားရင်ဆိုင်နေရသော သတင်းမီဒီယာသမားများအနေဖြင့် မည်သို့ဖြစ်နိုင်ကြောင်းကိုမူ တစုံတရာ မှတ်ချက်မပြုပါ။

CPJ သည် အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) သာမက အခြားသော သတင်းမီဒီယာလွတ်လပ်ခွင့် ကို ထိပါးနေသည့် ဥပဒေများ၊ ပြည်တွင်းပြည်ပသတင်းသမားများ သတင်းရေးသားရာတွင် အတားအဆီးဖြစ်စေသော ဥပဒေများအကြောင်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

လွန်ခဲ့သည့် ၁၄ လက နိုင်ငံတော်အတိုင်ပင်ခံပုဂ ္ဂိုလ် ဒေ ါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရ အာဏာရရှိလာသည့်အချိန်တွင် သတင်းမီဒီယာလွတ်လပ်ခွင့်ကို တိုးမြှင့်ပေးရန် ၊ သတင်းမီဒီယာသမားများ၏ အခွင့်အရေး နှင့်ရပိုင်ခွင့်များကို အကာအကွယ်ပေးရန် ကတိစကားပြုခဲ့သည်။ သို့ရာတွင် ဥပဒေအတားအဆီးများ ဆက်လက်တည်ရှိနေခဲ့ပြီး တရားစွဲဆိုမှုများ ပိုမိုများပြားလာသည့်အပြင် သတင်းမီဒီယာသမားများအား တိုက်ခိုက်ရန်ပြုမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲပင်ဖြစ်သည်။

The Voice နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် စာရေးဆရာ ကိုကျော်စွာနိုင် ( ဗြိတိလျှကိုကိုမောင်) တို့ကို အွန်လိုင်းအသရေဖျက်မှုပုဒ်မ ၆၆ (ဃ) ဖြင့် တပ်မတော်က တရားစွဲဆို ဖမ်းဆီးခဲ့သည်။ CPJ ကော်မတီမှ ကိုယ်စားလှယ်များက ယခုတရားစွဲဆိုမှုကို ပြန်လည်ရုပ်သိမ်းပေးရန် ဖမ်းဆီးထိန်းသိမ်းထားသည့် သတင်းသမားများအား အမြန်ဆုံးပြန်လွှတ်ပေးရန် တိုက်တွန်းတောင်းဆိုထားသည်။

ဆက်သွယ်ရေးဥပဒေ သုတေသနအဖွဲ့၏ တွေ့ရှိချက်များအရ အစိုးရသစ် အာဏာရရှိလာသည့် ဧပြီလ ၂၀၁၆ ခုနှစ်မှ ယနေ့အချိန်ထိ ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုထားသည့် အမှုပေါင်း ၆၁ မှုရှိပြီး ယင်းတို့အနက် ၉ မှုမှာ သတင်းမီဒီယာသမားများကို စွဲဆိုထားခြင်းဖြစ်သည်။ သတင်းမီဒီယာသမား ၁၄ ဦး တရားရင်ဆိုင်နေရသည်။

ရန်ကုန်နှင့် နေပြည်တော်သို့ လာရောက် ဆွေးနွေးပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သော CPJ မှ ကိုယ်စားလှယ်အဖွဲ့ဝင်များမှာ ဥက္ကဌ ကက်သလင်း ကာရို ၊ အကြီးတန်းအကြံပေးပညာရှင် ဆန်ဒရာ မင်းမ်ရို ဝီ (Sandra Mims Rowe ) ၊ အမှုဆောင်ဒါရိုက်တာ ဂျိုးဆိုင်မွန် (Joel Simon ) ၊ အာရှပရိုဂရမ်ပူးတွဲအရာရှိ စတီဗင်ဘတ္တလာ (Steven Butler) နှင့် အရှေ့တောင်အာရှအကြီးတန်းကိုယ်စားလှယ် ရှောန်ခရစ္စပင်း (Shawn Crispin ) တို့ဖြစ်သည်။

Your Thoughts …
Tags: ၆၆ (ဃ)
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အပြောခံရသူက တော်တော် ငတာက ကဲကဲဖြစ်နေသလား / သီဟ(စခန်းသစ်) / ဧရာဝတီ

ဆိုရှယ်မီဒီယာပေါ်က ခေတ်သစ် ငတာများ

by လင်းငယ်
23 November 2016
16.5k

ငတာဟာ ဘယ်ခေတ်ရောက်ရောက် ငတာသာ ဖြစ်နေပါတယ်။ ငတာချီးကျူးလိုက်တာက တကယ်ရော ဂုဏ်မြောက်ရဲ့လား

ထိန်းရခက်လာသည့် တရားမဝင်အွန်လိုင်း စုမဲများ  / ကျော်ခ / ဧရာဝတီ

ပိုဆိုးလာသည့် အွန်လိုင်းစုမဲ ငွေလိမ်မှုများ ထိန်းရခက်နေဟု ရဲတပ်ဖွဲ့ပြော

by လဲ့လဲ့
19 July 2020
39.7k

သူငယ်ချင်းတယောက်နဲ့ သူ့အသိတယောက်က ခေါ်လို့ ကိုယ်လည်း တလ ၂ သိန်းလောက် ပြန်ရမယ်၊ အိမ်ထဲက အိမ်အပြင်ထွက်ပြီး အလုပ်လုပ်စရာလည်း မလိုတော့ ထည့်လိုက်တာ ကုန်တာပဲ။ တိုင်လည်း စိတ်ပင်ပန်း မယ်။ ငွေလည်း ထပ်ကုန်မှာစိုးလို့ တိုင်မနေတော့ဘူး။...

မအူပင်မြို့နယ် တရားရုံးသို့ ရုံးထုတ်လာသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင် / အောင်မြသန်း / မအူပင်

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ဇေယျာလွင်ကို တပ်မတော်က ထပ်မံတရားစွဲ

by ဆလိုင်းသန့်စင်
27 November 2020
7.6k

ထောင်ကျနေချိန် ကိုဇေယျာလွင်ကို သံချပ်ထိုးမှုအား လူမှုကွန်ရက် Facebook တွင် တိုက်ရိုက် ထုတ်လွှင့်ခဲ့သည် ဆိုကာ ဒု ဗိုလ်မှူးကြီး သက်နိုင်ဝင်းက တရားလို ပြုလုပ်၍ အီလက်ထရောနစ် ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် မအူပင်မြို့၌ ထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း...

သတင်းစာနယ်ဇင်းသမားများအား ပုဒ်မ ၆၆ ဃ ဖြင့် ဖမ်းဆီးသည်ကို ကန့်ကွက်ဆန္ဒပြနေသူတဦး / Reuters

၆၆ (ဃ) ကို ထိရောက်အောင် ပြင်ဆင်ဖို့ ဘာတွေထပ်ဖြည့်သင့်လဲ

by မောင်ဆောင်းခ
14 August 2017
3.7k

၆၆ (ဃ) ဖျက်သိမ်းရေးနဲ့ ဆက်သွယ်ရေး ဥပဒေပါ လူ့အခွင့်အရေးကို ချိုးဖောက်နေတဲ့ အခြားပုဒ်မများကို ပြင်ဆင်နိုင်ရေး ကိစ္စဟာ မျှော်လင့်ချက် နည်းလာခဲ့ပါတယ်။

တံတားဦးမြို့နယ် တရားရုံး / ဧရာဝတီ

တံတားဦးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က စွဲဆိုသည့် ၆၆(ဃ)အမှု စွဲချက်တင်

by ဒီလှိုင်းဝင်း
7 February 2020
5.5k

ကျနော်တို့ကို ဂုဏ်သိက္ခာညိုးနွမ်းအောင် ရည်ရွယ်ချက်ရှိရှိနဲ့ သိက္ခာချတာဖြစ်တယ်၊ မဟုတ်မမှန်တာတွေကို စွပ်စွဲ ပြီးတော့ ဖေ့စ်ဘုတ် ပေါ်တင်တာပေါ့နော်၊ ကျနော်တို့လည်း မကျေနပ်ကြပေမယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က တရားစွဲတာပါ၊

မအူပင်မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၆ လ ချမှတ်ခြင်းခံခဲ့ရသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်  / အောင်မြသန်း / မအူပင်

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်ကို ထောင်ဒဏ်ချမှတ်မှု လူ့အခွင့်အရေးအဖွဲ့များ ဝေဖန်

by ဆလိုင်းသန့်စင်
17 December 2020
4.6k

တပ်မတော်ကို ထိခိုက် ပုတ်ခတ်စော်ကားသော စကားလုံး များဖြင့် သံချပ်ထိုးမှုကို Facebook တွင် တိုက်ရိုက် ထုတ်လွှင့်ခဲ့သည် ဟုဆိုကာ သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်ကို တပ်မတော် ကိုယ်စား အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဒု ဗိုလ်မှူးကြီး သက်နိုင်ဝင်းက...

Next Post
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တန်ဖိုသင့်အိမ်ရာတခု  / ခင်ဦးသာ / ဧရာဝတီ

တန်ဖိုးနည်းတိုက်ခန်းများ ၁၀နှစ် အရစ်ကျမှ ၁၅ နှစ်သို့ နှစ်တိုးရောင်းမည်

လှည်းကူး ကျုးကျော်များကို ဆက်လက်ဖယ်ရှားနေ (ရုပ်/သံ)

လှည်းကူး ကျုးကျော်များကို ဆက်လက်ဖယ်ရှားနေ (ရုပ်/သံ)

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 days ago
3.6k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate