• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကချင်စစ်ပွဲ ၆ နှစ်ပြည့်ဆုတောင်းပွဲ ဦးဆောင်သူများကို တရားစွဲဒဏ်ငွေတပ်

by နန်းလွင်နှင်းပွင့်
13 June 2017
in သတင်း
A A
ဇွန်လ ၉ ရက်က မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့သည့် ကချင်စစ်ပွဲ ၆ နှစ်ပြည့် စုပေါင်းဆုတောင်းပွဲ  / Nang Pu Facebook

ဇွန်လ ၉ ရက်က မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့သည့် ကချင်စစ်ပွဲ ၆ နှစ်ပြည့် စုပေါင်းဆုတောင်းပွဲ / Nang Pu Facebook

8.3k
VIEWS
Share on FacebookShare on Twitter

ကချင်စစ်ပွဲ ၆ နှစ် ပြည့် စုပေါင်းဆုတောင်းပွဲ အခမ်းအနားကို ဦးဆောင်ကျင်းပသည့် ကချင်အမျိုးသား ၃ ဦးကို တရားစွဲဆိုပြီး တဦးလျှင် ကျပ် ၃၀,၀၀၀ စီ ဒဏ်ငွေပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

တရားစွဲဆိုခံရသူများမှာ ပြီးခဲ့သည့် ဇွန်လ ၉ ရက်က ကျင်းပခဲ့သည့် ကချင်စစ်ပွဲ ၆ နှစ်ပြည့် စုပေါင်းဆုတောင်းပွဲ အခမ်းအနားဖြစ်မြောက်ရေး ကော်မတီဥက္ကဌ ဦးခွန်ဆိုင်း၊ အတွင်းရေးမှူး ဦးဂမ်အောင်၊ တွဲဖက်အတွင်းရေးမှူး ဦးဇော်ဂျက်တို့ ဖြစ်သည်။

RelatedPosts

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

9 July 2025
57
ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

9 July 2025
162
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
170

၎င်းတို့ကို မြစ်ကြီးနား၊ အမှတ် (၁) ရဲစခန်းမှ စခန်းမှူးက တရားလိုပြုလုပ်ပြီး ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဦးဂမ်အောင်က “ အမှု မနေ့က ဖွင့်တယ်။ ဒီနေ့တရားရုံးမှာ ကျနော်တို့ ၃ ယောက် တရားရင်ဆိုင်ပါတယ်။ အပြစ်ရှိကြောင်း ပေါ်လွင်တာကြောင့် ဒဏ်ငွေ ၃၀,၀၀၀ ဒါမှမဟုတ် ထောင်ဒဏ် ၁၅ ရက်ပေါ့။ နောက်ဆုံး ကျနော်တို့ကို ငွေဒဏ်နဲ့ပြစ်ဒဏ် ချမှတ်ခံလိုက်ပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်က မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ကချင်ရိုးရာ မနောကွင်း၌ ကချင်စစ်ပွဲ ၆ နှစ်ပြည့် စုပေါင်းဆုတောင်းပွဲကို ပြုလုပ်ခဲ့ပြီး၊ ကချင်ဘာသာရေး ဆရာများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများက စစ်ဘေးရှောင်များကို တွေ့ဆုံပြီး အားပေးစကားပြောခြင်း၊ ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုဆုတောင်းပွဲသို့တက်ရောက်ရန် မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့တို့ရှိ စစ်ဘေးရှောင် ဒုက္ခသည်များက ကားဖြင့်လာရန် ငွေကြေးမတတ်နိုင်သဖြင့် စုဝေးပြီး မနောကွင်းသို့ လမ်းလျှောက်လာသည်ကို ခွင့်ပြုချက်မယူဘဲ စုဝေးလမ်းလျှောက် သည်ဟုဆိုကာ ငြိမ်း၊ စု၊ စီ ဥပဒေဖြင့် ပွဲဦးဆောင်းသူ ၃ ဦးကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဦးဇော်ဂျက်က “ကားနဲ့ IDPs စခန်းကနေလာဖို့ စရိတ်အများကြီး ပေးရမယ်။ ကျနော်တို့ ပိုက်ဆံမတတ်နိုင်လို့ လမ်းလျှောက်ပြီး စုပေါင်းဝတ်ပြုခြင်း အစီအစဉ်ကို လာကြတာ ဖြစ်တယ်။ တကယ်လို့များ သူတို့အနေနဲ့ ပိုက်ဆံပေးမယ်ဆိုရင် ကားနဲ့ပို့ဖို့ အစီအစဉ်ရှိတယ်လို့ မြို့နယ်ရဲကို ကျနော်ပြောခဲ့တယ်” ဟု ဆိုသည်။

လူစုလူဝေးဖြင့် ဆုတောင်းပွဲ ပြုလုပ်မည်ကို ဆုတောင်းပွဲဖြစ်မြောက်ရေး ကော်မတီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးကို စာတင်ခဲ့သော်လည်း မြို့နယ်ရဲတပ်ဖွဲ့ထံ အကြောင်းမကြားခဲ့သဖြင့် ဥပဒေနှင့်မညီဟု ပြောဆိုကြောင်း ၎င်းက ဆိုသည်။

ဦးဇော်ဂျက်က “ ဥပဒေနဲ့ ငြိတယ်ဆိုတဲ့ စကားလုံးက မြန်မာ့တပ်မတော်က ထိုးစစ်ဆင်နေတာတွေကို ချက်ချင်းရပ်ပါဆိုတာ ပါတယ်။ အဲဒါတွေက IDPs တွေရဲ့ရင်ဖွင့်သံတွေပဲ။ အမှန်တကယ်လည်း မြန်မာ့တပ်မတော်က ထိုးစစ်ဆင်နေလို့ IDPs တွေ ပေါ်လာရတာလေ။ ဒါအမှန်တရားပဲ” ဟု ဆက်ပြောသည်။

စုပေါင်းဆုတောင်းပွဲ ပြုလုပ်ရခြင်းသည် ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးရှောင်များကို နိုင်ငံတကာက ထောက်ပံ့နေသည့် စားနပ်ရိက္ခာ အကူအညီများ လျော့ချလိုက်ခြင်း၊ ရိက္ခာ မလုံလောက်ခြင်း၊ ၂၀၁၆ ခုနှစ်မှစ၍ တပ်မတော်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် စစ်ဘေးရှောင်များ ထပ်မံထွက်ပြေးနေရသည့် အခြေအနေများ အများသိရှိနိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုဆုတောင်းပွဲသို့ လူဦးရေ ၇,၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

Your Thoughts …
Tags: ကချင်စစ်ပွဲ
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

၂၀၁၆ ခုနှစ်အတွင်း စစ်ရှောင်စခန်းတခုအနီး တွေ့ရသော ကေအိုင်အေ စစ်သားများ  / ဧရာဝတီ

၆ နှစ်ကြာ ကချင်စစ်ပွဲ ရပ်မည့်ပုံ မမြင်ရသေး

by ငြိမ်းငြိမ်း
10 June 2017
12.6k

စစ်ပွဲကြောင့် ဒုက္ခသည် တသိန်းကျော်သည် နေရပ်စွန့်ခွာနေကြရဆဲ ဖြစ်ပြီး၊ ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ အစိုးရနှင့် KIO ထိန်းချုပ်ရာ အိုင်ဒီပီစခန်းများတွင် နေထိုင်နေကြရဆဲ ဖြစ်သည်။

ပိတ်မိနေသော ကျေးလက်ပြည်သူများကို တစုံတရာ ကူညီရေး တောင်းဆိုရန် ပြည်သူများ ပထမဆုံးအကြိမ်အဖြစ် စုရုံးခဲ့ကြခြင်း မဟုတ်ပါ

ကချင်စစ်ပွဲအကြောင်း နှုတ်ဆိတ်နေခြင်းသည် ဒီမိုကရေစီ ကျရှုံးခြင်း ဖြစ်သည်

by Joe Kumbun
26 May 2018
16.3k

မြန်မာပြည်သူတို့ကို ရင်ဝယ်သားသို့ ချစ်မြတ်နိုးသင့်ပါသည်။ အစိုးရက ဖြစ်စေ တပ်မတော်ကဖြစ်စေ ကျူးလွန် စော်ကားခြင်း မည်သည့်အခါတွင်မှ မခံရသင့်ပါ။

ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒပြသူများ / ကျော်ခ / ဧရာဝတီ

ကချင်တိုက်ပွဲတွင် ရုရှား နိုင်ငံသားများ တပ်မတော်ဘက်က ကူတိုက်ခဲ့ဟု စွပ်စွဲ

by ကျော်ခ
5 January 2017
88.9k

KIA စခန်းကို ဝေဟင်မှ ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် ရုရှားနိုင်ငံသား လေသူရဲအချို့ ပါဝင်ခဲ့ကြောင်း စွပ်စွဲချက် အခြေအမြစ် မရှိဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောသည်

အောက်တိုဘာလ ၃ ရက်နေ့ မြစ်ကြီးနားတွင် ပြုလုပ်ခဲ့သော လူထုဆန္ဒပြပွဲ / နန်းလွင်နှင်းပွင့် / ဧရာဝတီ

ဆိတ်ဆိတ်နေခြင်းက ကျည်ဆံထက် ပိုမိုနာကျင်စေသောအခါ

by စတယ်လာ နော
16 October 2016
4.9k

အမေရိကန် နိုင်ငံသား လူ့အခွင့်အရေး ခေါင်းဆောင် ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာက “နောက်ဆုံးမှာ ကျနော်တို့ အမှတ်ရနေမှာက ရန်သူ့ စကားလုံးတွေ မဟုတ်ဘဲ၊ ကျနော်တို့ မိတ်ဆွေရဲ့ နှုတ်ပိတ် ငြိမ်သက်မှု ကိုပါ” ဟု တခါက...

မြစ်ကြီးနားမြို့အနီး စစ်ရှောင်ဒုက္ခသည်စခန်းရှိ ကချင်ဒုက္ခသည်တချို့ကို ၂၀၁၅ ခုနှစ်အတွင်းက မြင်ရစဉ် / Reuters

ဒေသခံလူထုကို ဖိနှိပ်ခြင်းက ကချင်စစ်ပွဲကို ပိုဆိုးစေသည်

by Joe Kumbun
7 August 2017
7k

အစိုးရနှင့် တပ်မတော်က ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုနေလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေပြီး နောင်ကျင်းပမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ငြင်းဆန် ဖျက်ဆီးရာ ရောက်သည်။

လက်နက်ကိုင် ပဋိပက္ခမှ ထွက်ပြေးလာသော ဒုက္ခသည်များကို တနိုင်းမြို့ပေါ်ရှိ ဘုရားကျောင်းဝင်းအတွင်း မြင်ရစဉ် / လဝီဝမ် / ဧရာဝတီ

အိုးအိမ်ဆုံးရှုံးပြီး တနိုင်း စစ်ဘေးရှောင်များ စားနပ်ရိက္ခာပြတ်လပ်နေ

by လဝီဝမ်
16 June 2017
8.6k

KIA နှင့် မြန်မာ့ တပ်မတော်တို့ ဇွန်လ ၆ ရက်နေ့က စပြီး တိုက်ပွဲ ဖြစ်ပွားချိန်မှ စ၍ ထောင်နှင့် ချီသော ရွာသားများနှင့် ပယင်းမှော်၊ ရွှေမှော်များမှ ရွှေပြောင်း လုပ်သားမှာ ထွက်ပြေး နေရသည်

Next Post
မန္တလေးဘုန်းကြီးကျောင်းဝင်းအတွင်း နေထိုင်သူများကို ဖယ်ရှားရန် မဟန ညွှန်ကြား

မန္တလေးဘုန်းကြီးကျောင်းဝင်းအတွင်း နေထိုင်သူများကို ဖယ်ရှားရန် မဟန ညွှန်ကြား

မလေးရှား၏ အမှတ်အသား Petronas အမြွှာမျှော်စင် / Reuters

မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်မှု မကြာမီ ပြန်လည် စတင်နိုင်ဖွယ်ရှိ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.3k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate