• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်မှု မကြာမီ ပြန်လည် စတင်နိုင်ဖွယ်ရှိ

by ခင်ဦးသာ
14 June 2017
in သတင်း
A A
မလေးရှား၏ အမှတ်အသား Petronas အမြွှာမျှော်စင် / Reuters

မလေးရှား၏ အမှတ်အသား Petronas အမြွှာမျှော်စင် / Reuters

6.3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှု ယာယီ ပိတ်ထားခြင်းကို မကြာမီ ပြန်လည်ခွင့်ပြု ပေးနိုင်ဖွယ် ရှိကြောင်း သိရသည်။

မလေးရှားနိုင်ငံ၏ လက်ရှိအခြေအနေများအား စုံစမ်းမှုများ ပြုလုပ်နေပြီး အခြေအနေကောင်းမွန်ပါက အမြန်ဆုံး ပြန်လည် ခွင့်ပြုပေးနိုင်ရန် အစိုးရကလည်း ဆောင်ရွက်နေသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် က ဧရာဝတီ ကို ပြောသည်။

RelatedPosts

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

11 July 2025
395
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
1.3k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
2.8k

၎င်းက “မလေးရှားမှာ ရှိတဲ့ မြန်မာသံအမတ်ကြီးက ပြောင်းသွားတဲ့အတွက် အသစ် ရောက်လာတဲ့ သံအမတ်ကို အဲဒီက အခြေအနေတွေကို မေးထားတယ်၊ သူ့ဆီက တင်ပြတဲ့ အခြေအနေတွေကောင်းရင်တော့ ပြန်ပို့မယ်၊ အရင် သံအမတ် ကတော့ အခြေအနေကောင်းနေပြီလို့ ပြောထားတာရှိတယ်” ဟု ဆိုသည်။

ထို့အတူ ဗဟိုအစိုးရကလည်း မလေးရှားသို့ အလုပ်သမားစေလွှတ်ရေးကိစ္စကို အလေးထား စီစဉ်ဆောင်ရွက်နေကြောင်း၊ အလုပ်သမား စေလွှတ်မှု ခေတ္တပိတ်ထားခြင်းသည် အလုပ်သမားများ၏ လုံခြုံရေးအတွက် ဆောင်ရွက်ထားခြင်းသာ ဖြစ် ကြောင်း ဦးမျိုးအောင် က ပြောသည်။

မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) အဖွဲ့ကလည်း အလုပ်သမား စေလွှတ်ရေး ကိစ္စအား အမြန်ဆုံး ဆောင်ရွက်ပေးရန် မြန်မာအစိုးရထံ တင်ပြတောင်းဆိုထားကြောင်း၊ အလုပ်ခေါ်စာရထားသူ လူဦးရေ တသောင်းဝန်ကျင် အထိ ရှိနေပြီ ဖြစ်ကြောင်း MOEAF အထွေအထွေ အတွင်း ရေးမှူး ဦးကျော်ထင်ကျော် က ဧရာဝတီ ကို ပြောသည်။

၎င်းက “ခေါ်စာကျထားတဲ့ လူတွေအရမ်းများနေပြီ၊ အဲဒါကြောင့် အမြန်ဆုံး ခွင့်ပြုပေးဖို့ တင်ပြထားတယ်၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေကတော့ ဒီလထဲမှာ ပြန်ပြီးတော့ ခွင့်ပြုပေးမယ်လို့ နေပြည်တော်မှာ သတင်းထောက်တွေကို ပြောသွား တယ်” ဟု ဆိုသည်။

Calling Visa သက်တမ်းသည် ၄ လ သာရှိကြောင်း၊ ၄ လ ပြည့်ပြီးသွားပါက တကြိမ်သာ သက်တမ်းတိုးပိုင်ခွင့်ရှိ၍ ထို သက်တမ်း မကုန်ဆုံးမီ သွားခွင့်ပြုပေးရန် အရေးကြီးကြောင်း၊ မလေးရှားနိုင်ငံ၏ အခြေအနေသည်လည်း တည်ငြိမ်နေပြီ ဖြစ်ကြောင်း အလုပ်သမား အဖွဲ့ချုပ် က ပြောသည်။

မလေးရှားနိုင်ငံ၌ ယခုနှစ်အတွင်း ရွေးကောက်ပွဲရှိနေသည့်အတွက် မလေးရှား၏ အခြေအနေအား ခန့်မှန်းရခက်ကြောင်း၊ သို့သော် လက်ရှိအခြေအနေသည် တည်ငြိမ်နေကြောင်း၊ အလုပ်သမားခေါ်ယူမှုများရှိနေ၍ ဆန္ဒရှိသူများကို လာခွင့် ပေးသင့်ကြောင်း ကပုန်း ၇ ရက်သားသမီး နာရေး ကူညီမှု အသင်း ဥက္ကဌ ဦးဆန်းဝင်း က ဧရာဝတီ ကို ပြောသည်။

ဦးဆန်းဝင်း က “မလေးရှား အစိုးရဘက်ကလည်းပဲ မြန်မာအလုပ်သမားတွေ ပြန်ဝင်လာဖို့အတွက် စောင့်ဆိုင်းနေတာ တွေ့ ရတယ်၊ နောက်တခုက မြန်မာအစိုးရ အနေနဲ့ အလုပ်သမားတွေကို စေလွှတ်မယ်ဆိုရင်လည်းပဲ စေလွှတ်တဲ့ အေဂျင်စီတွေ ကို သေချာ စိစစ်ပြီးမှ လွှတ်သင့်တယ်၊ တဆင့်ခံ အေဂျင်စီတွေနဲ့လာတာမျိုး မဖြစ်ရအောင် ဆောင်ရွက်ပေးဖို့ လိုတယ်၊ အလုပ် လုပ်ခွင့် ပါမစ် ရှိ၊ မရှိ ဆိုတာမျိူးတွေကို သေချာ စစ်ဆေးပြီးမှ စေလွှတ်သင့်ပါတယ်” ဟု ပြောသည်။

အလုပ်သမားများအား မလေးရှားနိုင်ငံသို့ စေလွှတ်ခဲ့သော်လည်း၊ အလုပ်လုပ်ခွင့် ပါမစ် မရရှိ၍ Over stay ဖြစ်သွားသူ အ များ အပြား ရှိကြောင်း၊ ထို့အတူ အလုပ်သမားစေလွှတ်မည့် အေဂျင်စီများ အနေဖြင့် မိမိတို့ အလုပ်သမား၏ လုံခြုံရေးအ တွက် အာမခံချက် ပေးရန် လိုအပ်ကြောင်း မလေးရောက် မြန်မာတချို့ က ပြောသည်။

မလေးရှားနိုင်ငံ၌ တရားဝင် မြန်မာ အလုပ်သမား ၂ သိန်း ဝန်းကျင်ရှိကြောင်း အလုပ်သမား ဦးစီးဌာန က ပြောဆိုထား သည်။ ထို့အတူ တရားမဝင် ဦးရေသည်လည်း သိန်းချီ၍ ရှိကြောင်း မလေးရှားရှိ အလုပ်သမားအရေး ဆောင်ရွက်နေသူ များက ပြောသည်။

မလေးရှားနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ၊ ပဋိပက္ခများကြောင့် မြန်မာအလုပ်သမားစေလွှတ်မှုကို မြန်မာအစိုးရက ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ ယာယီ ပိတ်ထားခဲ့သည်။

ထိုသို့ပိတ်ထားသည့် အတွက် အလုပ်သမားအေဂျင်စီများ အတွက် သာမက သွားရောက် အလုပ် လုပ်ကိုင်မည့်သူများအ တွက်လည်း နစ်နာ ဆုံးရှုံးမှုများရှိကြောင်း အလုပ်သမား အေဂျင်စီများက ပြောဆိုကြသည်။

မြန်မာနိုင်ငံမှ ပြည်ပ နိုင်ငံများသို့ အလုပ်သမားစေလွှတ်နေသည့် အေဂျင်စီပေါင်း ၂၆၀ ဝန်းကျင် ရှိသည့် အနက် မလေးရှား နိုင်ငံသို့ ပို့ဆောင်ပေးနေသည့် အေဂျင်စီ ၁၀၀ ဝန်းကျင် ရှိကြောင်း အလုပ်သမား ဝန်ကြီးဌာန က ပြောဆိုထားသည်။ မြန် မာ အလုပ်သမား စေလွှတ်မှုသည် ထိုင်းနိုင်ငံနှင့်မလေးရှား နိုင်ငံတို့ဖြစ်သည်။

 

Your Thoughts …
Tags: အလုပ်သမား
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

by ယုဖြူဟန်
8 March 2025
7.3k

ပြည်ပထွက်ခွာမည့် အလုပ်သမားများသာမက ပြည်ပမှ ခွင့်ပြန်အလုပ်သမားများပါ ပြန်လည်ထွက်ခွာခွင့်မရ ဘဲ ပိတ်မိနေကြောင်း

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

by ဧရာဝတီ
18 October 2023
6.6k

အခွန်ကင်းရှင်းကြောင်း အထောက်အထားမပြနိုင်ပါက သက်တမ်းတိုးပေးမည် မဟုတ်ကြောင်း၊ ပြည်ပတွင် သက်တမ်းတိုးလိုသူများအနေဖြင့် သက်ဆိုင်ရာသံရုံးများတွင် အခွန်တခါတည်းဆောင်ကာ သက်တမ်းတိုးနိုင်မည်

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

by ဧရာဝတီ
14 February 2024
6.1k

လတ်တလော စေလွှတ်ရန် ပြင်ဆင်နေသော အလုပ်သမားများကိုမူ ပုံမှန်အတိုင်း စေလွှတ်နိုင်ပြီး အလုပ်ခေါ်စာ အသစ်တင်ပြမှုများကိုသာ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ပြန်ဖြေလျှော့

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ပြန်ဖြေလျှော့

by ဧရာဝတီ
7 May 2024
5.9k

ပြည်ပထွက် အလုပ် လုပ်ခွင့်ကန့်သတ်ချက်ကို ပြန်လည်ဖြေလျှော့ခဲ့သော်လည်း အသက် ၂၃ နှစ်မှ ၃၁ နှစ်အတွင်း အမျိုးသားများ၏ အလုပ်ခေါ်စာ (Demand Letter) များကို လက်ခံခြင်းမရှိသေးကြောင်း

Honeys စက်ရုံမှ အလုပ်ထုတ်ခံရသူများ နစ်နာကြေး သိန်း ၈သောင်းကျော်တောင်း

Honeys စက်ရုံမှ အလုပ်ထုတ်ခံရသူများ နစ်နာကြေး သိန်း ၈သောင်းကျော်တောင်း

by ဧရာဝတီ
24 February 2025
5.1k

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံအား ၇ နှစ်ကျော်ကြာ နစ်နာကြေးအဖြစ် ငွေကျပ်သိန်းပေါင်း ၈ သောင်းကျော်ပေးရန် နစ်နာသူအလုပ်သမားများနှင့် အလုပ်သမားရေးဆောင်ရွက်သူများက တောင်းဆိုထားကြောင်း

ထိုင်းသို့ လုပ်သားစေလွှတ်မှု ရပ်သည့် နှုတ်မိန့်ကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်

ထိုင်းသို့ လုပ်သားစေလွှတ်မှု ရပ်သည့် နှုတ်မိန့်ကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်

by ဧရာဝတီ
14 February 2025
4k

မြန်မာ-ထိုင်း နှစ်နိုင်ငံသဘောတူညီမှုစာချုပ်(MoU)ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုအား ယနေ့မှစပြီး စစ်ကောင်စီက ယာယီဆိုင်းငံ့လိုက်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။

Next Post
ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေသစ်ကို ယခုနှစ်အတွင်း အပြီး ရေးဆွဲမည် ဖြစ်သည်။ / မျိုးမင်းစိုး / ဧရာဝတီ

ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေသစ် ယခုနှစ်အပြီး ရေးဆွဲနေ

မင်္ဂလာဒုံ ထောက်ကြန့်ရှိ ကမန် မိသားစုတစု / သက်ထွန်းနိုင် / ဧရာဝတီ

အပယ်ခံ ကမန်တိုင်းရင်းသားများ၏ အိုးအိမ်သစ်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 day ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.5k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate