စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းသည် အာဏာကို အလွဲသုံးစား ပြုလုပ်ပြီး ဖခင်၏ အမွေကို နိုင်ငံရေး အမြတ်ထုတ်ရန် အသုံးပြုသည် ဟု သူ၏ ညီမနှင့် ညီဖြစ်သူ လီဝေလင်း နှင့် လီရှန်ယန်း တို့က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် စွပ်စွဲခဲ့ သည်။
“ရှန်လွန်းက ရာထူး အာဏာကို အလွဲသုံးစား လုပ်မှာ၊ ကိုယ်ကျိုးအတွက် စင်္ကာပူ အစိုးရနဲ့ ဌာနဆိုင်ရာတွေ အပေါ် သြဇာ လွှမ်းမိုးမှာကို အဖေ (လီကွမ်ယူ) ဆုံးပြီး ကတည်းက စိုးထိတ်နေရတယ်” ဟု လီဝေလင်း နှင့် လီရှန်ယန်း တို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
လီဝေလင်း သည် ဝန်ကြီးချုပ်ကို ဝေဖန် ပြောဆိုနေသည်မှာ အတန်ကြာပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်က လီကွမ်ယူ ကွယ်လွန်ခြင်း ၁ နှစ် ပြည့် အခမ်းအနားကို ဝန်ကြီးချုပ်က ဖေ့စ်ဘုတ်ပို့စ် အမျာအပြားတွင် နိုင်ငံရေး ကိရိယာ အဖြစ် သုံးသည်ကို လီဝေလင်း က ဝေဖန်ခဲ့သည်။ သို့သော် နိုင်ငံ၏ မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ အကြီးအကဲ ဖြစ်သူ လီရှန်ယန်း သည် မကြာသေးမီက အထိ လူသိရှင်ကြား မိသားစု ပဋိပက္ခ တွင် ပါဝင်ခြင်းမရှိသေးပေ။
လူမှုကွန်ရက်နှင့် ပြည်တွင်း သတင်းစာ ဖြစ်သည့် Straits Times တို့တွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားသည့် ထို ကြေညာချက်တွင် နိုင်ငံတော် ယန္တရားများကို အသုံးပြုပြီး ၎င်းတို့ကို တုံ့ပြန်လာမည်ကိုလည်း စိုးရိမ်သည် ဟု ဖော်ပြထား သည်။
“ရှန်လွန်းက စင်္ကာပူနိုင်ငံ စနစ်ကို အကျိုးပြုနေတဲ့ ကျနော် ကျမတို့ကို အဲဒီလိုလုပ်ပြီး သူ့ အကျိုးစီးပွားကို ရှေ့တန်းတင် လာရင် နိုင်ငံအတွက် စိုးရိမ်မိတယ်” ဟုလည်း ဖော်ပြထားသည်။
ကွယ်လွန်သူ လီကွမ်ယူ၏ ဆန္ဒအတိုင်း သူ၏ နေအိမ်ကို ဖျက်စီးပြစ်ရမည့် အစား ဝန်ကြီးချုပ် လီရှန်လွန်း သည် ထိုအိမ်ကို သူ၏ နေအိမ်အဖြစ် သုံးစွဲနေသည်။ ထို လုပ်ရပ်သည် သူ့အတွက် နိုင်ငံရေး အရင်းအနှီး ပိုမိုများပြားစေမည် ဟု သူ၏ မွေးချင်းများက ပြောသည်။
ဝန်ကြီးချုပ် လီရှန်လွန်း နှင့် သူ၏ ဇနီး ဟိုချင်း တို့သည် သူတို့၏ သားဖြစ်သူ လီဟောင်ရီ အတွက်လည်း နိုင်ငံရေး ရည်မှန်းချက်များ ထားရှိကြသည် ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ဟိုချင်း သည် စင်္ကာပူရှိ ဒေါ်လာ ၁၉၆ ဘီလီယံတန် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေလုပ်ငန်း Temasek Holdings ၏ အမှုဆောင် အရာရှိချုပ် ဖြစ်သည်။
“စိတ် ဖိစီး စိုးရိမ်ပူပန်မိတာကတော့ ရှန်လွန်းနဲ့ ဟိုချင်း တို့က သူတို့ လိုချင်တာရဖို့ ဘယ်လောက်အထိ လုပ်ထားသလဲ၊ ဘယ်လောက်အထိ ဆက်လုပ်ဦးမှာလဲ” ဟုလည်း ဖော်ပြထားသည်။
ဝန်ကြီးချုပ်မှာ ခွင့်ယူထားပြီး မိသားစုနှင့် ပြည်ပခရီး ထွက်နေပြီး ကြေညာချက် တစောင် ထုတ်ပြန်၍ တုံ့ပြန်သည်။ “ဒီစွပ်စွဲချက်တွေကို ဟိုချင်း နဲ့ ကျနော် ငြင်းဆိုပါတယ်။ အထူးသဖြင့် ကျနော်မှာ ကျနော့် သား အတွက် နိုင်ငံရေး ရည်မှန်းချက် ရှိတယ် ဆိုတဲ့ ရယ်စရာကောင်းတဲ့ စွပ်စွဲချက်ပါ” ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။
ပုဂ္ဂလိက မိသားစု ကိစ္စများကို လူသိရှင်ကြား ထုတ်ပြောသည့် ဝေလင်း နှင့် ရှန်ယန်း တို့ ဆုံးဖြတ်ချက်ကိုလည်း သူ စိတ်ပျက်ကြောင်းနှင့် ယခုသီတင်းပတ် အကုန်တွင် နိုင်ငံသို့ ပြန်ရောက်မှသာ ထိုကိစ္စများကို ဆက်လက် စဉ်းစားတော့မည် ဟုလည်း ဖော်ပြသည်။
၁၉၅၄ ခုနှစ်တွင် တည်ထောင်ခဲ့သော အာဏာရ People’s Action Party (PAP) သည် စင်္ကာပူကို လွတ်လပ်ရေး ရသည့် ၁၉၆၅ မှ စတင်အုပ်ချုပ်လာခြင်း ဖြစ်သည်။ လီကွမ်ယူ၏ ခေါင်းဆောင်မှု အောက်တွင် ယခင် ဗြိတိန်၏ ကိုလိုနီနိုင်ငံသည် ကမ္ဘာ့ ပထမတန်းဝင် နိုင်ငံ ဖြစ်လာသော်လည်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့နှင့် နိုင်ငံတကာအဖွဲ့အစည်း များက အစိုးရကို တင်းကျပ်သော ဥပဒေများ အတွက် ဝေဖန်မှုများ ရှိနေ