• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လိပ်ကျွန်းအမှု DNA ကွဲလွဲချက်များ ထိုင်းနိုင်ငံ ဗဟိုတရားရုံးကို တင်တော့မည်

by ကျော်ခ
15 June 2017
in သတင်း
A A
သေဒဏ်ချခံထားရသော ဝင်းဇော်ထွန်း နှင့် ဇော်လင်း / Reuters

သေဒဏ်ချခံထားရသော ဝင်းဇော်ထွန်း နှင့် ဇော်လင်း / Reuters

35k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ်ချခံထားရသော လိပ်ကျွန်းအမှု၌ မျိုးဗီဇ (DNA) ကွဲလွဲချက်များရှိနေသည်ကို တွေ့ရှိထားပြီး အဆိုပါ အထောက်အထားများကို ဇွန်လ ၂၃ ရက်နေ့မတိုင်မီ ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံးချုပ် (High Court) သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း လိပ်ကျွန်းအမှု အထူးစုံစမ်းရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးအောင်မျိုးသန့် ကပြောသည်။

DNA ကွဲလွဲချက်များကို မြန်မာနိုင်ငံ ရှေ့နေ ချုပ်ရုံးက ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးထံ ဇွန်လ ၅ ရက်နေ့တွင် လွှဲအပ်ခဲ့ကြောင်း၊ အင်္ဂလိပ်ဘာသာဖြင့် စာမျက်နှာ ၇ မျက်နှာ ပါဝင်သော DNA ကွဲလွဲချက်များကို ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီက တဆင့် အမြင့်ဆုံး တရားရုံးကို တင်သွင်းမည်ဖြစ်သည်ဟုသိရသည်။

RelatedPosts

KIA ထိန်းချုပ် နယ်မြေတချို့ကို စစ်တပ်က နေရာဝင်ယူ (ရုပ်/သံ)

KIA ထိန်းချုပ် နယ်မြေတချို့ကို စစ်တပ်က နေရာဝင်ယူ (ရုပ်/သံ)

18 July 2025
1
အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

18 July 2025
1.6k
အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

18 July 2025
66

ရှေ့နေ ဦးအောင်မျိုးသန့် က “မြန်မာနိုင်ငံကနေ ကိုယ်စားလှယ် လွှတ်တဲ့ ဥပဒေ အကြံပေးအဖွဲ့ က ဒီအမှုတွဲကြီးကို သံရုံးထဲမှာ ၅ ရက်လောက် လေ့လာပါတယ်။ လေ့လာပြီးတော့ ရတဲ့အချက်တွေ အပေါ် မူတည် ပြီးတော့ ဒီလို ၇ မျက်နှာရှိတဲ့ အကြံပေး အချက်တွေကို ပို့လာတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ဗြိတိန် နိုင်ငံသား နှစ်ဦးကို သတ်မှုဖြင့် မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း တို့ကို မူလတရားရုံး ဖြစ်သည့် ကော့စမွီတရားရုံးက သေဒဏ်ချမှတ်ခဲ့သလို အယူခံတရားရုံးထံ ဆက်လက်တင်သွင်းခဲ့ရာတွင်လည်း သေဒဏ်အဖြစ် ထပ်မံ အတည်ပြုသည်။

ယင်းသို့ သေဒဏ်ထပ်မံအတည်ပြုချက်အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စိတ်မကောင်း ဖြစ်ရကြောင်း ပြောဆိုခဲ့သေးသည်။ ထို့နောက် နောက်ဆုံး အယူခံတင်သွင်းရန်အတွက် ခိုင်မာသည့် အထောက်အထားများ ပြင်ဆင်ရန် အစိုးရဘက်က ပြင်ဆင်ခဲ့ကြောင်းသိရသည်။

လိပ်ကျွန်းအမှုအယူခံတင်ရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးမှ အကြံအညာဏ်များ ပေးခဲ့သလို အမှုမှန်ပေါ်ပေါက်ရေး အတွက် မြန်မာနိုင်ငံ ပြည်ထောင်စု ဥပဒေချုပ်ရုံး ညွှန်ချုပ် ဒေါ်ခင်ချိုအုန်း ဦးဆောင်သော အဖွ့ဲကို စေလွှတ်၍ စာမျက်နှာ ၄၀၀၀ ကျော်ပါ အမှုတွဲများနှင့် အယူခံတရားရုံးဆုံးဖြတ်ချက်၊ လျှောလဲချက်များကို သုံးသပ်ကာ DNA ကွဲလွဲချက်များကို ရှာဖွေခဲ့ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့် ကပြောသည်။

ယခုတကြိမ် အယူခံတင်သွင်းမည့် အမြင့်ဆုံး ဗဟိုတရားရုံးချုပ် (High Court) အဆင့်သည် နောက်ဆုံးအဆင့်ဖြစ်ပြီး စိစစ်တွေ့ရှိ ထားသော DNA ကွဲလွဲချက်များကို ထိုတရားရုံးတွင် တင်ပြမည်ဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့မှ တရားရုံးထံ တင်ပြထားသော DNA များသည် မြန်မာနိုင်ငံသား နှစ်ဦး၏ DNA မဟုတ်ကြောင်း ထိုင်းနိုင်ငံ၌ DNA စစ်ဆေးမှုတွင် ကျွမ်းကျင်သည့် ဒေါက်တာ ဖွန်ထစ် ကိုယ်တိုင်ကလည်း အောက်တရားရုံးတွင် ထွက်ဆိုထားပြီးဖြစ်သည်။

ရှေ့နေ ဦးအောင်မျိုးသန့် က “ဟန်နာရဲ့ တန်ဆာထဲမှာတွေ့တဲ့ DNA အရ ပြောရမယ်ဆိုရင်တော့ သုံးယောက်လို့ ပြောပါတယ်။ အဲလိုပြောတဲ့ အခါမှာ ဒီလိုရှုပ်ထွေး၊ ရောထွေးနေတဲ့ DNA ကို ခွဲခြားစိတ်ဖြာတဲ့အခါမှာ ရာနှုန်းပြည့် အမှန်မရနိုင်ဘူးဆိုတာ ဒေါက်တာ ဖွန်ထစ်ကိုယ်တိုင် တရားခွင်မှာ ထွက်ဆိုခဲ့ပြီးပါပြီ။ အဲတော့ ဒီအမှုမှာ ကလေးတွေ နှစ်ယောက်နဲ့ DNA တူတယ်လို့ ပြောချင်ခဲ့ရင် ကျန်တဲ့တယောက်က ဘယ်သူလဲဆိုတာ ဖော်ထုတ်ပေးရမှာ တရားလိုရဲ့ တာဝန်ပါ” ဟု ဧရာဝတီသို့ ပြောသည်။

ထို့အတူ မူ့ခင်းစဖြစ်သည့်နေရာမှ သက်သေခံပစ္စည်းများ ပြည့်စုံစွာ သိမ်းဆည်းခဲ့ရမည်ဖြစ်သော်လည်း ထိုင်းရဲတပ်ဖွဲ့မှ ပျက်ကွက်ခဲ့သည့်အပြင် အမှုအား ခနော်ခနဲ့တည်ဆောက်ခဲ့ခြင်း၊ လူသတ်လက်နက်သည် ပေါက်တူးဖြစ်ကြောင်း ရဲတပ်ဖွဲ့က တင်ပြခဲ့သည်မှာလည်း ကွဲလွဲနေခြင်း စသည့် အချက်များကိုလည်း နောက်ဆုံးတရားရုံးတွင်တင်မည်ဟု ဆိုသည်။

မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်း နှင့် ဇော်လင်း တို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေ တရားရုံးက လိပ်ကျွန်းကို အလည်လာသည့် ဗြိတိန် နိုင်ငံသား နှစ်ဦးကို သတ်မှုဖြင့် တရားစွဲဆို၍ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ် ချမှတ်ထားခြင်း ဖြစ်သည်။

ယင်းသို့ သေဒဏ် ချမှတ်ထားခြင်း အပေါ် မြန်မာနိုင်ငံသားနှစ်ဦး ဘက်မှ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ၊ မြန်မာ ရှေ့နေများ၊ မြန်မာသံရုံး တို့က ပူးပေါင်းပြီး ၂၀၁၆ ခုနှစ် မေလက အယူခံလွှာ တင်သွင်းခဲ့ရာ ထိုင်းအစိုးရ အယူခံ တရားရုံး က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ထပ်မံပယ်ချလိုက်ခြင်း ခံခဲ့ရသည်။

လူသတ်မှုနှင့်ပတ်သက်ပြီး ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့က ဝန်ခံခဲ့သည်ဟု ထိုင်းရဲများက ထုတ်ပြန် ကြေညာ ခဲ့ကြသော် လည်း နောက်ပိုင်းတွင် ထိုင်းရဲများ၏ နှိပ်စက်ကာ ဝန်ခံခိုင်းခဲ့ခြင်း တို့ကြောင့် ဝန်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ လူသတ်မှု မကျူး လွန်ကြောင်း ထွက်ဆိုထားသည်။

ဗြိတိန် နိုင်ငံသားနှစ်ဦး ဖြစ်သည့် အသက် ၂၄ နှစ်ရှိ ဒေးဗစ်မေလာ နှင့် အသက် ၂၃ နှစ်ရှိ ဟန်နာဝစ်သာရစ်ဂျ် တို့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က လိပ်ကျွန်း ကမ်းခြေအနီးတွင် ဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ထိုလူသတ်မှုနှင့် ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့လည်း ဝေဖန်ခံနေရသည်။

Your Thoughts …
Tags: လိပ်ကျွန်းလူသတ်မှု
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ဗြိတိနိုင်ငံသား ၂ ဦးအား သတ်မှုဖြင့် ထောင်ဒဏ် တသက် တကျွန်းကျနေသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း

ထိုင်းဘုရင် လွတ်ငြိမ်းချမ်းသာခွင့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ မပါသေး

by ဧရာဝတီ
29 August 2022
11.9k

ဝင်းဇော်ထွန်းနှင့် ဇော်လင်း တို့ ၂ ဦးမှာ သေဒဏ်မှ ထောင်ဒဏ် တသက်တကျွန်းထိ လျှော့ပေးခံထား ရခြင်းမှာ မကြာသေးကြောင်း၊ ထောင်ကျနေသည်မှာ ၈ နှစ် မပြည့်ခြင်းတို့ကြောင့် ယခုတခေါက် လွတ်ငြိမ်းချမ်းသာ ခွင့်တွင် အကျုံးမဝင်ကြောင်း

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို ဗဟိုတရားရုံး (High Court) တွင်ရုံးထုတ်လာစဉ်  / Reuters

မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းပေးရန် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတောင်းဆို

by ဧရာဝတီ
14 December 2021
17.3k

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း တို့သည် မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းပေးရေးနှင့် မိဘများနှင့် တွေ့ဆုံနိုင် ရန် အကူအညီ တောင်းခံထားကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က...

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ အတွင်းက ထိုင်းနိုင်ငံ ကော့စမွေ တရားရုံးတွင် ရုံးထုတ်လာသည်ကို တွေ့ရသော ကိုဇော်လင်း နှင့် ကိုဝင်းဇော်ထွန်း  / Reuters

မောင်ဝင်းဇော်ထွန်း၊ မောင်ဇော်လင်းနှင့် ထိုင်းထောင်ထဲက မြန်မာများ

by ထူးချစ်
5 September 2020
30.5k

ထိုင်းအကျဉ်းထောင်များရှိ မိမိနိုင်ငံသားများအရေး ကူညီဆောင်ရွက်ရမည့် တာဝန်ကို မလုပ်ဆောင်ဘဲ မျက်နှာလွှဲထားကြသည်မှာ အဘယ်ကြောင့်နည်း။

သေဒဏ်ပြစ်ဒဏ် ချမှတ်ခံထားရသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း  / Reuters

ကလေးတွေက ဒီလူသတ်မှုမှာ လုံးဝမပါဘူး

by ကျော်ခ
29 August 2019
75.7k

ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့တည်ထောင်သူ ဦးထူးချစ် ကို ဧရာဝတီ သတင်းထောက်ချုပ် ကျော်ခ က မေးမြန်းထားသည်။

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို ဗဟိုတရားရုံး (High Court) တွင်ရုံးထုတ်လာစဉ်  / Reuters

လိပ်ကျွန်းအမှု နောက်ဆုံး အယူခံ ရှူံးနိမ့်၊ ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံမည်

by ကျော်ခ
29 August 2019
11.6k

ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း (Koh Tao) လူသတ်မှုနှင့် ပတ်သက်၍ မြန်မာ နိုင်ငံသား နှစ်ဦးဘက်မှ တင်ပြထားသော နောက်ဆုံး အယူခံမှာ ရှူံးနိမ့်သွားကြောင်း သိရသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး လိပ်ကျွန်း လူသတ်မှု အထူးစုံစမ်းရေးအဖွဲ့ တာဝန်ခံ ဦးကျော်သောင်း / ကျော်ခ / ဧရာဝတီ

လိပ်ကျွန်း အမှုမှာ ငါတို့ လုပ်ချင်သလို လုပ်မယ်ဆိုတာမျိုး ဖြစ်နေတယ်

by ကျော်ခ
2 March 2017
21.4k

တရားခံနဲ့ ပတ်သက်ပြီး ဘယ်သူ၊ ဘယ်ဝါ ဆိုတာ ထိုင်းသာမက မြန်မာအသိုင်းအဝိုင်းကရော ပြောနေကြတာပဲ။ ဟုတ်သလား။ မဟုတ်ဘူးလား ဆိုပြီးတော့ စုံစမ်းစစ်ဆေးတဲ့ အပိုင်း၊ တရားရုံးအပိုင်းက အမှန်တရားဘက်က ချဉ်းကပ်ခဲ့တာ မတွေ့ရဘူး။

Next Post
ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ ဖြင့် အမှုဖွင့်ခံရသည့် သတင်းထောက် ၃ ဦး

မကွေး အခြေစိုက် သတင်းထောက် ၃ ဦး ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ ဖြင့် အမှုဖွင့်ခံရ

အမ်းမြို့နယ် အတွင်း ပျက်စီးသွားသည့် လမ်းတချို့  / AWe Hlaing Kyaw / facebook

မိုးများပြီး တောင်ကျရေကြောင့် အမ်း-စစ်တွေ လမ်းကြောင်းတချို့ ကျိုးပျက်ခဲ့

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate