• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မိုးများပြီး တောင်ကျရေကြောင့် အမ်း-စစ်တွေ လမ်းကြောင်းတချို့ ကျိုးပျက်ခဲ့

by ခင်ဦးသာ
15 June 2017
in သတင်း
A A
အမ်းမြို့နယ် အတွင်း ပျက်စီးသွားသည့် လမ်းတချို့  / AWe Hlaing Kyaw / facebook

အမ်းမြို့နယ် အတွင်း ပျက်စီးသွားသည့် လမ်းတချို့ / AWe Hlaing Kyaw / facebook

6.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း တောင်ကျရေ စီးဆင်းမှုကြောင့် အမ်း- စစ်တွေ ကားလမ်းရှိ လမ်းတံတားတချို့ ကျိုးပျက် သွားကြောင်း သိရသည်။

လမ်းများ ကျိုးပျက်သွားသည့် နေရာသည် အမ်း-စစ်တွေ လမ်းမကြီးပေါ်၌ ဖြစ်ပြီး အမ်းမြို့နှင့် ၂၂ မိုင်ဝေးကွာ၍ ကဇုကိုင်း ကျေးရွာအုပ်စုတွင် ဖြစ်ကြောင်း၊ လမ်းကျိုးပျက်မှုကြောင့် ကားလမ်းကြောင်းများကို ယမန်နေ့က ခေတ္တပိတ်ထား ခဲ့ရကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် တန်ချိန်နည်းသည့် ကားများကို ဖြတ်သန်းခွင့်ပေးနေပြီ ဖြစ်ကြောင်း အမ်းမြို့နယ် ကဇုကိုင်းကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးခင်ဝင်းအောင် က ဧရာဝတီ ကို ပြောသည်။

RelatedPosts

တော်လှန်ရေးဗွက်ထခြင်း

တော်လှန်ရေးဗွက်ထခြင်း

20 July 2025
420
စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

20 July 2025
47
ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

20 July 2025
171

၎င်းက “တောင်ကျရေက အရမ်းများတဲ့အတွက် လမ်းတခြမ်းပဲ့သွားတယ်၊ ၁၃ ရက်နေ့က စပြီးတော့ ဖြစ်ခဲ့တာပါ၊ ဖြစ်တဲ့နေ ရာကတော့ ကဇုကိုင်း တံတားအနီးက ကျောက်ဆည်တောင်ဆိုတဲ့ နေရာမှာပါ၊ ဒီမနက် မှာတော့ တန် ၃၀၀၀ လောက်ရှိတဲ့ ကားတွေကို ဖြတ်သန်းခွင့် ပေးထားတယ်၊ အပျက်အစီးတွေကိုတော့ ဆောက်လုပ်ရေး အဖွဲ့ကတော့ ပြန်ပြင်နေကြပါပြီ” ဟု ဆိုသည်။

ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များနှင့် ဆောက်လုပ်ရေးဌာနတို့ လာရောက်၍ အပျက်အစီးများအား ရှင်းလင်းဆောင်ရွက် နေကြောင်း၊ တောင်ကျရေကြီးမှုကြောင့် လမ်းတံတား အစိတ်အပိုင်း တချို့ ပျက်စီးမှု ဖြစ်ခဲ့သော်လည်း တခြားအရာ ဝတ္ထု များ ထိခိုက် ပျက်စီးမှု မရှိကြောင်း၊ ယနေ့တွင် မိုးရွာသွန်းမှု အနည်းငယ်လျော့ကျသွားပြီဖြစ်ပြီး တချို့နေရာတွင် တံတား ထိုးပေးရန် ပြင်ဆင်နေသည်ဟုလည်း အုပ်ချုပ်ရေးမှူး ဦးခင်ဝင်းအောင် က ပြောသည်။

ရခိုင်ဒေသ၌ မိုးရေကြီးမှုများကြောင့် အမ်း-စစ်တွေ လမ်းအပြင် တောင်ကုတ်-အမ်း လမ်းကြောင်းနှင့် ရန်ကုန်-တောင်ကုတ် လမ်းကြောင်းတွင်လည်း ပျက်စီးမှု တချို့ ရှိခဲ့ကြောင်း၊ သို့သော်လည်း ဆက်သွယ်လမ်းကြောင်းများ ပြတ်တောက်မှု မရှိခဲ့ ဟု ဒေသခံများကလည်း ပြောပြသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ ဇွန်လ ၁၃ ရက်နေ့က အမ်းမြို့နယ်တွက် မိုးရေချိန် ၉ ဒသမ ၂၂ လက်မနှင့် ဇွန်လ ၁၄ ရက်နေ့က မိုးရေချိန်လက်မ ၁၁ ဒသမ ၈၈ အထိ ရွာသွန်းခဲ့ကြောင်း သိရသည်။

မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင် က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ဘင်္ဂလားပင်လယ်အော်၌ မိုးသည်းထန် နိုင်သည့် တိမ်တိုက်တခုကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့်အလယ်ပိုင်း ဒေသ များတွင် နောက်ထပ် ၁၂ နာရီအတွင်း မိုးသည်းထန်ပြီး ရေဖုံးလွှမ်းမှုတချို့ ဖြစ်လာနိုင်ကြောင်း သတိပေး ရေးသားထားသည်။

ရခိုင်ပြည်နယ်၏ မြို့နယ်အများအပြားတွင် ပြီးခဲ့သည့် ၅ ရက်ခန့်မှစ၍ မိုးကြီးနေပြီး မြို့နယ်တချို့တွင် ရေလွှမ်းမှုများ ဖြစ် ပွားခဲ့ကြောင်း ရခိုင်ဒေသခံများ က ဧရာဝတီ ကို ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း ဇွန်လ ၁၂ ရက်နေ့က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ဆယ်ချီ၍ ပျက်စီးခဲ့ ကာ အမျိုးသမီး၂ ဦးသေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူတချို့လည်း ရှိခဲ့ကြောင်း ရခိုင်အခြေစိုက် မီဒီယာများတွင် ရေးသား ဖော်ပြထားသည်။ ထို့အတူသံတွဲမြို့နယ် တွင်လည်း လေပြင်းတိုက်ခတ်မှု တချို့ ဖြစ်ပွားခဲ့ရာ နေအိမ်တချို့ပျက်စီး မှုများရှိခဲ့သည်။

ရခိုင်ပြည်နယ်တဝန်း၌ ၂၀၁၇ ခုနှစ်၊ မေလ ၂၉ ရက်နှင့် ၃၀ ရက်နေ့များကလည်း မိုရာ မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် မြို့နယ် ၁၄ ခုတွင် ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့ပြီး ကျပ်ငွေ သန်းပေါင်းများစွာ ဆုံးရှုံးမှု ဖြစ်ပွားခဲ့သေးသည်။

အလားတူ ၂၀၁၆ ခုနှစ်တွင်လည်း ရေကြီး၊ ရေလျှံမှုများကြောင့် ရန်ကုန်-စစ်တွေလမ်း၊ ကျောက်ဖြူ-ရန်ကုန်၊ ရန်ကုန်-တောင်ကုတ် လမ်းကြောင်းများ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ကုန်စည် စီးဆင်းမှု ကဏ္ဍများ ရက်အတန်ကြာ ပြတ်တောက်မှု ဖြစ်ပွားခဲ့သည်။

Your Thoughts …
Tags: တောင်ကျရေ
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ရေစီးကို မကျော်ဖြတ်နိုင်ခဲ့တဲ့ ဖလွိုင်ထောင်နဲ့ ဖာ့ဆိုင် (ရုပ်/သံ)

ရေစီးကို မကျော်ဖြတ်နိုင်ခဲ့တဲ့ ဖလွိုင်ထောင်နဲ့ ဖာ့ဆိုင် (ရုပ်/သံ)

by ဇော်မြတ်ခန့်
10 October 2024
659

ရေကစားတာ ကြိုက်တဲ့ အသက် ၁၆ နှစ်အရွယ် ဆင်ကလေးဖာ့ဆိုင်ကို မယ့်တန် ဆင်စခန်းမှာမသိသူ မရှိသလောက်ပါပဲ။ ကလေးဆိုးလေးလို နေတတ်တဲ့ ဖာ့ဆိုင်ဟာ ဆင်စခန်းပိုင်ရှင်ရဲ့ အထူးဂရုစိုက်ခြင်း ခံခဲ့ရတဲ့ ဆင်တွေထဲက တကောင်ပါ။

Next Post
ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ပြသထားသော အောင်ဆန်းဇာနည် ကဗျာ

ကျောင်းသင်ရိုးပါ အောင်ဆန်းဇာနည် ကဗျာမှ “ဆိုရှယ်လစ်ဘောင်”စာသား ပြင်ပေးရန် တောင်းဆို

မြန်မာလေတပ်အတွက် JF-17 တိုက်လေယာဉ်များ တရုတ်၌ စမ်းသပ်ပျံသန်း

မြန်မာလေတပ်အတွက် JF-17 တိုက်လေယာဉ်များ တရုတ်၌ စမ်းသပ်ပျံသန်း

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.1k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
5k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate