• English
Wednesday, July 9, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စင်္ကာပူတွင် တိုက်ပေါ်မှ ခုန်ချသတ်သေခဲ့သည့် မြန်မာအိမ်အကူ၏ အေးဂျင့်များကို စုံစမ်းနေ

by ထွန်းထွန်း
15 June 2017
in သတင်း
A A
စင်ကာပူတွင် မြန်မာ မိန်းကလေး မဇင်မာဦး ခုန်ချ သေကြောင်းကြံစည်ခဲ့သော ကွန်ဒို တိုက်ခန်းတွဲ / ခင်လေး ဖေ့စ်ဘုတ်

စင်ကာပူတွင် မြန်မာ မိန်းကလေး မဇင်မာဦး ခုန်ချ သေကြောင်းကြံစည်ခဲ့သော ကွန်ဒို တိုက်ခန်းတွဲ / ခင်လေး ဖေ့စ်ဘုတ်

11.3k
VIEWS
Share on FacebookShare on Twitter

စင်္ကာပူတွင် နေအိမ်တိုက်ခန်း ၁၈ လွှာမှခုန်ချသတ်သေခဲ့သည့် မြန်မာအိမ်အကူ၏ အေးဂျင့်များနှင့် သတ်သေရသည့် အကြောင်းအရင်းကို စင်္ကာပူရဲများက စုံစမ်းနေဆဲဖြစ်ကြောင်း စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူ မဆန်းစန္ဒာဝင်းက ပြောသည်။

မဆန်းစန္ဒာဝင်းက “ဒီကရဲတွေက အိမ်ရှင်ကိုစစ်ဆေးတယ်၊ မြန်မာဘက်က ပို့တဲ့သူရော၊ ဒီဘက်က လက် ခံတဲ့ အေးဂျင့်ကိုရော စုံစမ်းနေတယ်၊ ရဲတွေကတော့ ဒီကအလုပ်သမားဝန်ကြီးဌာနကိုပါ အချက်အလက် တွေတောင်းထားတယ်၊ ကျမတို့ဆီတော့ အချက်အလက်တွေ အကြောင်းမပြန်သေးဘူး” ဟု ပြောသည်။

RelatedPosts

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

9 July 2025
28
ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

9 July 2025
112
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
106

မဇင်မာဦးသည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာအုပ်စု၊ ဂူတလုံးကျကျေးရွာ ဇာတိ ဖြစ်ပြီး စင်္ကာပူနိုင်ငံသို့ လာရောက်လုပ်ကိုင်သည်မှာ ၈ လ ခန့်သာရှိသေးကြောင်း၊ ၎င်းသည် ဇွန်လ ၁၂ ရက်နေ့ ည ၇ နာရီခန့်တွင် အလုပ်ရှင် အိန္ဒိယနိုင်ငံသား မိသားစု နေထိုင်သည့် စင်္ကာပူနိုင်ငံ 180 Depot Road၊ Interlace Condo တိုက်ခန်း ၁၈ လွှာမှ ခုန်ချကာ သတ်သေခဲ့ခြင်း ဖြစ်သည်။

ဇင်မာဦးအား စင်္ကာပူနိုင်ငံတွင် သဂြိုလ်ရန်အတွက် ၎င်းမိသားစုများအား ဆက်သွယ်အကြောင်းကြား ထားပြီး အဖေဖြစ်သူ ဦးသားထွန်းအောင်နှင့် ဦးလေးဖြစ်သူတို့ လာရောက်နိုင်ရန် သံရုံးမှကူညီဆောင်ရွက် လျက်ရှိသည်။

မဇင်မာဦး၏ ဖလင် ဦးသာထွန်းအောင်က “ဒီနေ့ မှတ်ပုံတင်နဲ့ လိုအပ်စာရွက် တွေလုပ်နေတယ်၊ ဒီနေ့ ပြီးရင်တော့ နက်ဖြန် သွားရမယ်ထင်တယ်၊ ခုထိတော့ ဘယ်နေ့သွားမလဲ မသိဘူး” ဟု ပြေသည်။

မဇင်မာဦးအား သဂြိုလ်ရန်အတွက် လတ်တလောတွင် ရက်သတ်မှတ်ထားခြင်း မရှိသေးကြောင်း၊ မိသားစု ဝင်များ ရောက်ရှိသည့်အချိန်မှ ဆန္ဒရှိသည့်အတိုင်း ဆောင်ရွက်ပေးသွားရန် စီစဉ်ထားကြောင်း သံရုံး ဘက်က ပြောသည်။

မဇင်မာဦး၏ မိသားစုများကို စင်္ကာပူရောက် မြန်မာများနှင့် ပြည်တွင်းရှိ လူပုဂ္ဂိုလ်အချို့မှ ကူညီ ထောက်ပံ့နိုင်ရန် စီစဉ်လျက်ရှိပြီး လတ်တလောတွင် အလှူငွေ ကျပ်သိန်း ၇၀ ခန့်ရရှိထားပြီ ဖြစ်ကြောင်း ကူညီပေးနေသည့် ကိုဝေဟင်အောင်က ပြောသည်။

ကိုဝေဟင်အောင်က “ဒီနေ့ပဲ ကျနော်သူ့အဖိုးနဲ့အဖွားဆီသွားတွေ့ခဲ့တယ်၊ လောလောဆယ် သူ့အတွက် အလှူလုပ်ပေးနိုင်ဖို့ ၅ သိန်းပဲလှူခဲ့သေးတယ်၊ အေးဂျင့်နဲ့ အဆက်အသွယ်ရပြီပြောတယ်” ဟုပြောသည်။

ကိုဝေဟင်အောင်၏ အဆိုအရ သေဆုံးသူမဇင်မာဦး၏ အဒေါ် တော်စပ်သူ တဦးက မဇင်မာဦးကို စင်္ကာပူတွင် အလုပ်လုပ်ရန် ပို့ဆောင်ခဲ့သည့် အေးဂျင့်ဆိုသူမှ နစ်နာကြေးအဖြစ် ကျပ်သိန်း ၁၄၀ နှင့် အလုပ်လုပ်ခဲ့သည့် လစာများကို ပေးမည်ဟု ကမ်းလှမ်းခဲ့ သည်ဟု ပြောဆိုခဲ့ကြောင်း၊ သို့ရာတွင် အေးဂျင့်ဖြစ်သူ၏ အမည်ကို သေချာမသိရကြောင်း၊ ဖခင်ဖြစ်သူကလည်း အေးဂျင့်ဖြစ်သူကို ၎င်းအနေဖြင့် မသိကြောင်း ပြောဆိုသည်ဟု သိရသည်။

မဇင်မာဦးသည် စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်နေစဉ်အတွင်း မိသားစုများထံ တယ်လီဖုန်း တကြိမ်သာ အဆက်အသွယ် ရခဲ့ပြီး လုပ်အားခများကိုလည်း မိသားစုများက လုံးဝမရရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။

မဇင်မာဦးမှာ အသက် ၅ နှစ်အရွယ်ခန့်ကတည်းက အဖိုးနှင့်အဖွား၏ အုပ်ထိန်းမှုဖြင့် နေထိုင်ခဲ့ကာ အသက် ၈၀ ဝန်းကျင် အဖိုးနှင့်အဖွားဖြစ်သူမှာ ဂူတလုံးကျကျေးရွာတွင်ပင် နေထိုင်လျက်ရှိပြီး ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရအနေဖြင့် စင်္ကာပူနိုင်ငံသို့ အိမ်အကူအလုပ်သမားစေလွှတ်မှုကို ၂၀၁၄ ခုနှစ်ကတည်းက ရပ်ဆိုင်းထားသော်လည်း နည်းမျိုးစုံဖြင့် အိမ်အကူလုပ်ကိုင်ရန် သွားရောက်သူများ နေစဉ်ရှိနေဆဲဖြစ် ကြောင်း အလုပ်သမားအဖွဲ့အစည်းများက ပြောကြားသည်။

မဇင်မာဦး သေဆုံးမှုအပေါ် ကူညီထောက်ပံ့လိုသူများအနေဖြင့်လည်း စစ်တွေမြို့တွင် နေထိုင်သည့် ဝေဟင်အောင် ၀၉ ၄၅၀၅၄၂၉၈၆ ထံဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း ကြေညာထားသည်။

 

Your Thoughts …
Tags: အိမ်အကူ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

အလုပ်ရှင် ဂိုင်ယာသီရိ မူရူဂါယန်နှင့် မပိုင်ငေးဒွန်

မြန်မာအိမ်အကူများ သေဆုံးခြင်းနှင့် စင်ကာပူ၏ ဥပဒေဟာကွက်

by Jean Lau
29 June 2023
6.5k

သေမှုသေခင်း စစ်ဆေးမှုအရ မပိုင်ငေးဒွန်၏ ခန္ခာကိုယ်တွင် အမာရွတ် ၃၁ ခုနှင့် ပြင်ပဒဏ်ရာ ၄၇ ခု ရှိကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် တန်းစီနေကြသူများ

အရှေ့အလယ်ပိုင်း နိုင်ငံများရောက် မြန်မာအလုပ်သမများ အခက်အခဲကြုံ

by ဧရာဝတီ
20 October 2022
2.3k

ယခုနှစ်ပိုင်းတွင် ပြည်တွင်း၌ စီးပွားရေးကျပ်တည်းနေခြင်းကြောင့် ငွေကြိုပေးစရာမလိုဘဲ လုပ်ခ လစာ ကျပ် ၁၀သိန်း ဝန်းကျင်ရရှိမည့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အိမ်အကူ အဖြစ် သွားရောက် လုပ်ကိုင်မှုများ မြင့်တက်လာသည်။

၂၀၁၅ မှ ၂၀၂၀ အတွင်း နှိပ်စက် ညှဉ်းပန်းခံရသည့် အလုပ်သမား တချို့၏ ပုံများ / ဧရာဝတီ

၂၀၁၅ မှ ၂၀၂၀ ထိ အလုပ်သမား နှိပ်စက်ညှဉ်းပန်းမှုများ

by သဇင်လှိုင်
7 March 2020
24.9k

၂၀၁၅ ခုနှစ်မှ ယခု ၂၀၂၀ အထိ လူသိထင်ရှား ဖြစ်ပွားခဲ့သည့် လုပ်သားများ နှိပ်စက်ညှင်းပန်းခံရမှု အမှုများစွာ ရှိခဲ့သည်။

လူမှု ကွန်ရက်တွင် မျှဝေနေကြသည့် မင်းရာဇာ အဖမ်းခံရသည့် ပုံများ

မင်းရာဇာအိမ်က အိမ်အကူအမှု တရားမျှတမှုရပါ့မလား

by ရွှေရည် & မယ်လွန်း
19 April 2020
31.2k

သမီး တက်သွားတဲ့အချိန် (မြို့တက်အလုပ်လုပ်ချိန်) ကို အမေတို့ မှတ်ထား၊ အမေတို့ ဘယ်တော့မှ စိတ်မ ဆင်းရဲရဘူး၊ သမီး အမေတို့ကို ရှာကျွေးမယ်ဆိုပြီး ၁၀ နှစ်သမီးကတည်းကနေ သူတက်သွားတယ်

၂၀၁၆ ခုနှစ်က ရုံးထုတ်လာသော ဂိုင်ယာသီရိ မူရူဂါယန် / Getty Image

စင်ကာပူတွင် မြန်မာအိမ်အကူ သတ်မှု ထောင်ဒဏ်နှစ် ၃၀ အယူခံကို ပယ်ချ

by ဧရာဝတီ
1 July 2022
6.7k

ပရီမာနှင့် ဂိုင်ယာသီရိ၏ အမျိုးသား အသက် ၄၂ နှစ်အရွယ် ရာထူးချခံထားရသော ရဲတပ်ကြပ်ကြီး ကီဗင် ချယ်လ်ဗမ်တို့သည်လည်း ညှဉ်းပန်းနှိပ်စက်မှုအတွက် စွဲချက်ပေါင်း ၄၉ ခုနှင့် ၅ ခု အသီးသီးစွဲဆိုခံရသည်။

သေဆုံးသူ မခင်သန္တာဦး၏ ကျန်ရစ်ခဲ့သော ကလေးများ  / သဇင်လှိုင်  / ဧရာတီ

အိမ်အကူ မကရင်မအတွက် တရားမ ျှတမှု ဘာလဲ၊ ဘယ်လဲ

by သဇင်လှိုင်
25 May 2018
14k

သားသမီးများဘဝနှင့် ဝမ်းစာအတွက် မြို့တက်ကာ အိမ်အကူ အဖြစ် အလုပ်လုပ်ကိုင်ခဲ့သည့် မကရင်မ ချန်ထားနိုင်ခဲ့သည့် တခုတည်းသော အရာမှာ ရွာလူကြီးများကို သူ့အိမ်ရှင်က ပေးသွားခဲ့သည့် ငွေကျပ် ၁၈၀၀၀၀ သာ ဖြစ်သည်။

Next Post
အဆိုတော် သရုပ်ဆောင် ကြက်ဖ  / ယုဖြူဟန် / ဧရာဝတီ

ရုပ်ရှင်ဇာတ်ဝင်တေးတွေ ရေးဖြစ်နေတဲ့ ကြက်ဖ

ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင် / ဧရာဝတီ

အကျဉ်းထောင်ဆရာဝန်များ ပြည်ထဲရေးက ခန့်မည်

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

14 hours ago
3.4k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate