သတင်း

အကျဉ်းထောင်ဆရာဝန်များ ပြည်ထဲရေးက ခန့်မည်

Want create site? Find Free WordPress Themes and plugins.

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထပ်မံခန့်အပ်ရန် အစီအစဉ် မရှိသေးသည့် အကျဉ်းထောင်ဆရာဝန်များ၊ သူနာပြု များနှင့် ကျန်းမာရေးမှူးများကို ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ တာဝန်ယူခန့်အပ်သွားမည် ဖြစ်ကြောင်း ၎င်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက လွှတ်တော်တွင် ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက “ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဆရာဝန် အင်အား လုံလောက်မှုမရှိတဲ့အတွက် အခြားဝန်ကြီးဌာနသို့ ထပ်မံခန့်ထားပေးရန် အစီအစဉ်မရှိသေး၍ ပြည်ထဲရေးဝန်ကြီး ဌာန၊ အကျဉ်းဦးစီးဌာနအနေနဲ့ ကျန်းမာရေးအသိအမှတ်ပြု ဘွဲ့ရများထဲမှ ဆန္ဒပြုသူများရှိပါက သီးသန့်ခန့်အပ်ပေးမှုများ လုပ်ဆောင်ပေးသွားမယ် “ ဟု ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင် မေးမြန်းသည့် မြန်မာ နိုင်ငံရှိ အကျဉ်းထောင် ၆၆ခုအတွက် ကျန်းမာရေးဝန်ထမ်းများ သီးသန့်ခန့်ထားပေးရန် အစီအစဉ် ရှိမရှိ သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်းပြီး ပြည်ထဲရေးဘက်မှ ယခုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ယခင်က လက်ထောက်ဆရာဝန်များအား အကျဉ်းထောင်များမှ တာဝန်ပေးသော်လည်း ယခုအခါ မိခင်ဌာနမှာပင် လုံလောက်မှု မရှိသည့်အတွက် အကျဉ်းထောင်အများစုရှိသည့် မြို့နယ်ဆေးရုံများ မှာသာ လက်ထောက်ဆရာဝန်များ ချထားနိုင်မည်ဖြစ်ကြောင်းသိရသည်။

အကျဉ်းထောင်များအားလုံးတွင် လိုအပ်ချက်များစွာ ရှိနေသော်လည်း ကျန်းမာရေးစောင့်ရှောက်မှုက အားအနည်းဆုံးနှင့် အလိုအပ်ဆုံး ဖြစ်သည်ဟု မေးခွန်းရှင် ဦးကိုကိုနိုင်က ပြောသည်။

အကျဉ်းထောင်အတွင်းအခန်းများ အလွန်ကျဉ်းမြောင်းနေခြင်း၊ ထားရှိသည့် အကျဉ်းသားဦးရေ အဆမတန် များပြားနေ ခြင်း၊ ရောဂါရှိ အကျဉ်းသားနှင့် ရောဂါမရှိသည့် အကျဉ်းသားခွဲခြား မထားနိုင်ခြင်း၊ ရေအိမ်တလုံးကို လူ ၈၀ ၊ ၉၀ အသုံး ပြုနေရခြင်းစသည့် အချက်များက အကျဉ်းသားများရဲ့ကျန်းမာရေးကို ပိုမို ဆုတ်ယုတ်စေခဲ့သည်ဟုလည်း ဦးကိုကိုနိုင်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က “ဘာပဲပြောပြော ပြစ် မှု ကျူးလွန်သူများအတွက် ကျူးလွန်တဲ့ ပြစ်ဒဏ်အတွက် ဥပဒေအရ စီရင်ပြီးတဲ့အခါမှာတော့ ၎င်းဟာ လူသားတဦး ဖြစ် တယ်ဆိုတာကိုတော့ ကျနော်တို့ မေ့ထားလို့မရပါဘူး၊ လူသားတယောက်ရဲ့ဂုဏ်သိက္ခာအရ လိုအပ်နေတဲ့ လူနေမှု၊ ကျန်းမာ ရေးစောင့်ရှောက်မှုများကိုတော့ ခံစားပိုင်ခွင့် ရှိရမှာဖြစ်ပါတယ်” ဟု မေးခွန်းမေးရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

လက်ရှိကာလအကျဉ်းထောင်များအတွင်း အကျဉ်းသားဦးရေ ၇၀၀၀ တွင် ဆရာဝန်တဦးသာ ခန့်အပ် တာဝန်ခန့်ထား နိုင်ပြီး အချို့အကျဉ်းထောင်များတွင် ဆေးရုံဆေးခန်းနှင့် အကျဉ်းထောင် ၁၂ ခုမှာ ထောင်ဆရာဝန်တွေ မရှိကြောင်း ဦးကိုကိုနိုင်က သူ၏ လေ့လာချက်ကို လွှတ်တော်သို့ တင်ပြသည်။

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ထောင်ကျခါစက စပြီး အကျဉ်းသား၊ အကျဉ်းသူများရဲ့ကျန်းမာရေးအခြေအနေကို ထောင် ဝင်စစ်ဆေးခြင်း ပုံစံဖြင့် စစ်ဆေးမှတ်တမ်းတင်ထားရှိကြောင်း၊ ပြင်ပအထူးကု ဆရာဝန်ကြီးများကိုလည်း အကျဉ်း ထောင် သို့ လစဉ်ဖိတ်ကြားပြီး ကျန်းမာရေးကုသစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိကြောင်း လွှတ်တော်တွင် ဖြေကြားခဲ့ သည်။

လက်ရှိကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများတွင် တက်ရောက်နေသည့် လွှတ်တော်ကိုယ်စားလှယ် များထဲတွင် နိုင်ငံရေးအကျဉ်းသားလွှတ်တော်ကိုယ်စားလှယ် ဦးရေ ၁၂၀ ကျော်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading