• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘိုကလေးရဲစခန်းမှ ဒုရဲအုပ်ကို တလင်တမယားဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီး

by ဆလိုင်းသန့်စင်
16 June 2017
in သတင်း
A A
ဘိုကလေး ရဲစခန်း

ဘိုကလေး ရဲစခန်း

33.4k
VIEWS
Share on FacebookShare on Twitter

တရားဝင် ဇနီးမယားရှိသော်လည်း ကျောင်းဆရာမတဦးအား ထပ်မံပေါင်းသင်းခဲ့သည်ဟုဆိုကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့မရဲစခန်းမှ ဒုရဲအုပ် ညီညီအောင်အား တလင် တမယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၇ ဖြင့် ဘိုကလေးမြို့မရဲစခန်းက အမှုဖွင့်၍ ဖမ်းဆီး ထိမ်းသိမ်းထားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဗိုလ်ကလေးမြို့မရဲစခန်းမှ အမှုစစ်အရာရှိ ဒုရဲအုပ် ညီညီအောင်သည် ဘိုကလေးမြို့နယ်ရှိ အလယ်တန်း ကျောင်းခွဲ တခုမှ ကျောင်းဆရာမတဦးအား လူပျိုလူလွတ်ဟုပြောဆို၍ ချစ်ရေးဆိုခဲ့ရာ ယင်းကျောင်းဆရာမမှ လက်ခံခဲ့ပြီး နောက် ခိုးရာလိုက်ပြေးခဲ့ကြောင်း၊ ခိုးရာလိုက်ပြေး ပြီးကာမှ ၎င်းတွင် ဇနီးနှင့် သားသမီးရှိမှန်း သိရသည့်အတွက် ကျောင်းဆရာမ ဖြစ်သူမှ တလင်တမယား ဥပဒေဖြင့် အမှုဖွင့်တိုင်တန်းခဲ့ရာ ဒုရဲအုပ်ကို ဘိုကလေးစခန်းက ဇွန်လ ၁၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

RelatedPosts

ချင်းမိုင်မြို့ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့အဖြစ် သတ်မှတ်

ချင်းမိုင်မြို့ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့အဖြစ် သတ်မှတ်

20 July 2025
29
မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

20 July 2025
147
ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

19 July 2025
95

“ဒုရဲအုပ် ညီညီအောင်ကို တလင်တမယားဥပဒေနဲ့ အမှုဖွင့်ထားတဲ့အတွက် ကျနော်တို့ မြို့မ ရဲစခန်းမှာပဲ ဖမ်းဆီးထားပါတယ်။ သူနဲ့ကြိုက်တဲ့ ကျောင်းဆရာမလေးက တရားလိုလုပ် အမှုဖွင့် ခဲ့တာပါ”ဟု ဘိုကလေးမြို့မစခန်းမှူး ဒုရဲမှူး ငွေစိုးက ဧရာဝတီကို ပြောသည်။

ခိုးရာလိုက်ခဲ့သည့် ကျောင်းဆရာမဖြစ်သူမှာ ဒုရဲအုပ် ညီညီအောင်တွင် ဇနီးနှင့် သားသမီးရှိမှန်း သိရှိပြီးနောက် ၎င်း၏ မိဘအိမ်သို့ ပြန်၍ နေထိုင်ခဲ့သော်လည်း ဒုရဲအုပ် ညီညီအောင်မှ ဆရာမ တာဝန်ကျရာ ကျောင်းနှင့် မိဘအိမ်များ သို့ပါ လိုက်လံနှောက်ယှက်နေသည့်အတွက် ဆရာမဖြစ်သူမှ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ဘိုကလေးဒေသခံများက ပြောသည်။

“ဒုရဲအုပ်ညီညီအောင်မှာ မိန်းမနဲ့ကလေးရှိတယ်ဆိုတာ ဆရာမက သိသိချင်း မိဘအိမ်ကို ပြန်လာနေသေးတယ်။ အဲဒါကို ရဲအရာရှိက မပြတ်နိုင်ပဲ ဆရာမ တာဝန်ကျတဲ့ကျောင်းရော၊ မိဘအိမ်တွေ အထိပါလိုက်ပြီး နှောက်ယှက်တာတွေ ရှိလာတော့ ဆရာမလေးက သည်းမခံနိုင်တော့ဘဲ အမှုဖွင့်လိုက်တာ” ဟု ဘိုကလေးမြို့၊ အမှတ် ၁ ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းတွင် နေထိုင်သူတဦးက ပြောသည်။

ဒုရဲအုပ် ညီညီအောင်အား ဘိုကလေးမြို့မရဲစခန်းတွင် စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ကျူးလွန်ကြောင်း ထင်ရှားပေါ်ပေါက်ပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စည်းကမ်းဖောက်ဖက်မှုအရ အပြစ်ပေးအရေးယူခံရမည်ဖြစ်ပြီး မှုခင်းကျူးလွန်မှုပိုင်းတွင်လည်း သက်ဆိုင်ရာ တရားရုံးသို့ တရားစွဲဆို တင်ပို့သွားမည်ဖြစ်ကြောင်း ဘိုကလေးမြို့မစခန်းမှူး ဒုရဲမှူး ငွေစိုးက ပြောသည်။

“ဒုရဲအုပ် ညီညီအောင်ကို စွပ်စွဲခံရတဲ့အပေါ်မှာ ဖြစ်စဉ် မှန်ကန်မှုရှိ မရှိ စစ်ဆေးမှာပါ။ မှန်ကန်တယ်ဆိုရင် သက်ဆိုင်ရာတရားရုံးကို တရားစွဲတင်မယ်။ မမှန်ဘူးဆိုရင် မမှန်သလို ဆက်လက်ဆောင်ရွက် သွားမှာပါ”ဟု ဒုရဲမှူး ငွေစိုးက ပြောသည်။

မျိုးစောင့်ဥပဒေ ၄ ခုတွင် တခု အပါအဝင်ဖြစ်သည့် တလင်တမယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် သြဂုတ် ၃၁ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က ပြဌာန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဥပဒေပြဌာန်းပြီးနောက် မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် အိမ်ထောင်ရေးဖောက်ပြန်သည်ဟုဆိုကာ ၎င်းဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုမှု အများအပြား ပေါ်ပေါက်ခဲ့သည်။

တလင်တမယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေအရ ပြစ်မှု ထင်ရှားပါက ၇ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

Your Thoughts …
Tags: တလင်တမယား ဥပဒေ
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
လက်နက်ကိုင် ပဋိပက္ခမှ ထွက်ပြေးလာသော ဒုက္ခသည်များကို တနိုင်းမြို့ပေါ်ရှိ ဘုရားကျောင်းဝင်းအတွင်း မြင်ရစဉ် / လဝီဝမ် / ဧရာဝတီ

အိုးအိမ်ဆုံးရှုံးပြီး တနိုင်း စစ်ဘေးရှောင်များ စားနပ်ရိက္ခာပြတ်လပ်နေ

IS ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ အရှေ့တောင်အာရှ ၅နိုင်ငံ ဆွေးနွေးမည်

IS ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ အရှေ့တောင်အာရှ ၅နိုင်ငံ ဆွေးနွေးမည်

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
4.9k
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

5 days ago
4.8k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate