• English
Thursday, December 7, 2023
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

    ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

    စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

    စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

    စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

    စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          မွန်ပြည်နယ် MCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးသုံးပြီး လည်ပတ်နေဟု ဝန်ကြီးချုပ်ပြော

          by ဟင်္သာနီ (မွန်မြေ)
          16 June 2017
          in သတင်း
          Reading Time: 1 min read
          A A
          မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ MCL ဘိလပ်မြေစက်ရုံ / မွန်ထော

          မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ MCL ဘိလပ်မြေစက်ရုံ / မွန်ထော

          6.1k
          VIEWS
          Share on FacebookShare on Twitter

          မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ Mawlamyine Cement Limited (MCL) ဘိလပ်မြေစက်ရုံသည် စက်ရုံလည်ပတ်ရန် လိုအပ်သည့် လျှပ်စစ်ဓာတ်အားအတွက် ကျောက်မီးသွေး လောင်စာကို အသုံးပြုပြီး စီးပွားဖြစ် စတင် လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

          စက်ရုံလည်ပတ်ရန် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် ကျောက်မီးသွေးအစား အခြားလောင်စာ အသုံး ပြုရန် မွန်ပြည်သူများ တောင်းဆိုနေသည့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ Mawlamyine Cement Limited (MCL) စက်ရုံသည် စက်ရုံအတွက် လျှပ်စစ်ဓာတ်အားကို ကျောက်မီးသွေးလောင်စာသုံး၍ ထုတ်လုပ်ကာ စီးပွားဖြစ် စတင် လည် ပတ်နေပြီဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

          RelatedPosts

          ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

          ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

          7 December 2023
          240
          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          7 December 2023
          929
          ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

          ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

          7 December 2023
          2k

          ဒေါက်တာ အေးဇံက “ ၂၀၁၇ ဧပြီလ ၁ ရက်နေ့ ကတည်းက စတင် လည်ပတ်နေပါတယ်၊ ကျောက်မီးသွေး လောင်စာကိုပဲ သုံးပါတယ်” ဟု ဇွန်လ ၁၅ ရက်နေ့တွင် သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

          MCL ၏ အုပ်ချုပ်မှု ဒါရိုက်တာ Mr. Wijit Terasarun က “ MCL စက်ရုံနှင့် လုပ်ငန်းများရှိသည့် ဒေသတိုင်းတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထူးအလေးပေး ဆောင်ရွက်ခဲ့ပြီး ပတ်ဝန်းကျင် ထိခိုက်မှုကိုလည်း အနည်းဆုံး ဖြစ် အောင် ဆောင်ရွက်ခဲ့ပါသည်။ လျှပ်စစ်ထုတ်ယူရာမှာ အသုံးပြုတဲ့ ကျောက်မီးသွေးကိုလည်း ဥပဒေမှာ ပြဋ္ဌာန်းထားသည့် အတိုင်း အရည်အသွေး အကောင်းဆုံးနှင့် ဆာလဖာ ထုတ်လွှတ်မှု အနည်းဆုံး ဖြစ်တဲ့ ကျောက်မီးသွေး အမျိုးအစားကို အသုံးပြုပါတယ်။

          ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်လုပ်မှု ဖြစ်စဉ်တလျှောက်လုံးမှာလည်း အဆင့်အမြင့်ဆုံးသော အပြည်ပြည်ဆိုင်ရာ စံနှုန်းနှင့် ကိုက်ညီပြီး ဓာတ်ငွေ့ထုတ်လွှတ်မှု အနည်းဆုံး နည်းပညာများကို အသုံးပြုထားပါတယ်” ဟု ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည့် MCL အကြောင်း ရှင်းလင်း တင်ပြချက် အစီရင်ခံစာ၌ ဖော်ပြထားသည်။

          လက်ရှိတွင် စက်ရုံ၌ အသုံးပြုရန် မော်လမြိုင်ဆိပ်ကမ်းမှ တဆင့် အတ္တရံမြစ်ကြောင်းအတိုင်း ဆန်တက်၍ ကျောက်မီးသွေး တန်ချိန် ၂၀၀၀၀၀ နီးပါး တင်သွင်းခဲ့ကြောင်း မွန်ပြည်နယ်မှ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်များက မီဒီယာများ၏ မေးမြန်း ချက်ကို ဖြေကြားခဲ့သည်။

          ယင်းကျောက်မီးသွေးများကို အင်ဒိုနီးရှားနိုင်ငံမှ တဆင့် တင်သွင်းလာခြင်းဖြစ်ကြောင်း ၂၀၁၆ နှစ်ဆန်းပိုင်း၌ MCL ကုမ္ပဏီ မှ တာဝန်ရှိသူများက စက်ရုံအနီးရှိ ကဒုံစိ ကျေးရွာမှ ရွာသူရွာသားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ကျိုက်မရော ဒေသခံ မိစန္ဒာနွန်က ပြောသည်။

          မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက MCL ကုမ္ပဏီသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန် ထားသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ EIA/SIA (သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု ဆန်းစစ်ချက်) အစီရင်ခံစာအသစ် ပြုလုပ်ပေးရမည်ဟု ဆိုသော်လည်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကမူ ကုမ္ပဏီအနေဖြင့် ၂၀၁၄ ခုနှစ်က လုပ်ဆောင်ထားသည့် အစီရင်ခံစာသည် အကျုံးဝင် ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

          ဒေါက်တာ အေးဇံက “သူတို့ EIA/SIA ကို ၂၀၁၄ ကတည်းက လုပ်ပြီးပါပြီ။ ဒီလောက် စက်ရုံကြီးတွေဆိုတာ လုပ်ရ မှာပဲလေ၊ ၂၀၁၅ က ထွက်တယ်ဆိုတာ ဘာလဲဆိုတော့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ထုံးလုပ်နည်း စည်းမျဉ်း စည်းကမ်းပဲ၊ ၂၀၁၅ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စည်းမျဉ်းစည်းကမ်းက သတ်မှတ်ချက်ကို ပြန်ခွဲထားတာပဲ၊ သူတို့ နဂိုကတည်းက EIA/SIA လုပ်ထားတယ် ဆိုတော့ ဒါဟာ ဘောင်ဝင်နေတယ်” ဟု တုံ့ပြန် ပြောကြားခဲ့သည်။

          ထိုသို့ စက်ရုံမှ ကျောက်မီးသွေးလောင်စာ အသုံးပြု၍ စီးပွားဖြစ် စတင်လည်ပတ်ချိန် မတိုင်မီ နှစ်လ အလို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့၌ ပျားတောင်အနီးရှိ ရွာ ၇ ရွာမှ ဒေသခံ ၇၀၀၀ နီးပါးက ကုမ္ပဏီအနေဖြင့် စက်ရုံ လည်ပတ် ရာတွင် ကျောက်မီးသွေးလောင်စာကို အသုံးပြုသည့်အတွက် ရေရှည်တွင် လေထုညစ်ညမ်းကာ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သဖြင့် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

          ၂၀၁၆ ခုနှစ် ဧပြီလ ၂၅ ရက်နေ့၌လည်း ပျားတော်ဒေသခံ ၃၇၈၀ ဦးတို့က ကျောက်မီးသွေး လောင်စာ အသုံးပြုမှုအား ကန့်ကွက်ကြောင်း လက်မှတ်များရေးထိုးပြီး နိုင်ငံတော် သမ္မတရုံးထံ ပေးပို့ခဲ့ကြကြောင်း သိရသည်။

          ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပသည့် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေး၌လည်း ကျိုက်မရောမြို့နယ် မဲဆန္ဒ နယ်အမှတ် ၂ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မင်းအောင်မွန်က MCL ဘိလပ်မြေ စက်ရုံမှ ရရှိသော အမြတ်ငွေ များကို ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့ပေးနေသည့် ကိစ္စနှင့် ပတ်သက်၍ မေးခွန်း မေးမြန်းခဲ့ရာတွင် စက်ရုံအနေဖြင့် လက်ရှိတွင် အကျိုးအမြတ် မရရှိသေး၍ ကူညီထောက်ပံ့ငွေ မရရှိသေးကြောင်း မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး မင်းထန်အောင်ဟန်က ပြန်လည်ဖြေကြားခဲ့သည်။

          ဝန်ကြီးမင်းထန်အောင်ဟန်က “ MCL ဘိလပ်မြေ စက်ရုံရဲ့ စက်စမ်းသပ်မှုကာလ လွန်မြောက်ပြီးတော့ စီးပွားဖြစ် ထုတ်လုပ်မှုကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကနေ စတင်လည်ပတ်နေပြီး အမြတ်မရရှိသေးပါသဖြင့် အမြတ်ငွေ၏ ၂ ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေး အတွက် ပေးသွင်းထားခြင်း မရှိသေးပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

          MCL ကုမ္ပဏီနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ ချုပ်ဆိုထားသည့် စာချုပ်တွင် အရင်းကျေ၍ အမြတ်ငွေ ရရှိမှသာ ထိုအမြတ်ငွေ၏ ၂ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် ပြည်နယ်အစိုးရအား ထောက်ပံ့ပေးရန် ဆိုထားသော် လည်း အရင်းကျေ ကာလကို အတိအကျ မဖော်ပြထားသဖြင့် ဤအချက်ကို လွှတ်တော် ကိုယ်စားလှယ်များက ဘဝင်မကျ ဖြစ်ခဲ့ကာ ၎င်းအား ပြန်လည် စိစစ်၍ လိုအပ်ပါက စာချုပ်ကို ပြင်ဆင်ချုပ်ဆိုသွားရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ဆက်လက် ညှိနှိုင်းသွားမည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဆိုသည်။

          ဒေါက်တာအေးဇံက “အရင်းကျေမှ ၂ရာခိုင်နှုန်း အမြတ်တော့ မဖြစ်နိုင်ပါဘူး၊ သူတို့ရဲ့ တနှစ်တာ အမြတ်မှာ ၂ရာခိုင်နှုန်းကို သုံးမယ်လို့ အဲဒီလိုပဲ မြင်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရနဲ့တုန်းက ချုပ်ခဲ့တဲ့ စာချုပ်ကို ပြန်ကြည့်ရမယ်၊ တဖက်စောင်းနင်း ဖြစ်ရင် တော့ ပြန်ပြင်ရမယ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နဲ့ ဒါဒီလိုဒီလို ရှိပါတယ်ဆိုတာ အကြောင်းကြားရမယ်” ဟု ပြောသည်။

          Mawlamyine Cement Limited (MCL) သည် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာချိန် ၂၀၁၄ ခုနှစ်မှ စ၍ CSR (လူမှုအကျိုးပြု) လုပ်ငန်းများအတွက် ၂၀၁၄ ခုနှစ်တွင် ကျပ်သိန်း ၆၂၀ ၊ ၂၀၁၅ ခုနှစ်တွင် ကျပ် ၁၆၇၅၆ သိန်း၊ ၂၀၁၆ ခုနှစ်တွင် ကျပ် ၃၂၃၈ သိန်းနှင့် ယခု ၂၀၁၇ ခုနှစ်အတွင်း၌ ကျပ် ၃၃၈၇ သိန်းကို အသုံးပြုခဲ့ကြောင်း ၎င်းက လွှတ်တော် တွင်း ပြန်လည် ဖြေကြားပေးခဲ့သည်။

          Mawlamyine Cement Limited (MCL) ဘိလပ်မြေစက်ရုံသည် ထိုင်းနိုင်ငံ အခြေစိုက် Siam Cement (SCG) နှင့် ပြည် တွင်း ကုမ္ပဏီ Pacific Link Cement တို့ ပူးတွဲ တည်ထောင်ထားသည့် ကုမ္ပဏီဖြစ်ကာ တနေ့လျှင် ဘိလပ်မြေ တန်ချိန် ၅၀၀၀ ထုတ်လုပ်ပြီး စက်ရုံတည်ဆောက်ရန် ကန်ဒေါ်လာသန်း ၄၀၀ ရင်းနှီး မြှုပ်နှံထားကြောင်း သိရသည်။

          ဘိလပ်မြေ ထုတ်လုပ်ရန်အတွက် မွန်ပြည်နယ် ကျိုက်မရော မြို့နယ်အတွင်း ကွမ်ငန်းနှင့် ကော့ဒွန်း ကော့ပနော ကျေးရွာကြားရှိ ပျားတောင်မှ ကျောက်များကို ထုတ်ယူလျက် ရှိသည်။

          Your Thoughts …
          Tags: ဘိလပ်မြေ စက်ရုံ
          ဟင်္သာနီ (မွန်မြေ)

          ဟင်္သာနီ (မွန်မြေ)

          Similar Picks:

          မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ဒဟတ်တောအုပ်စု အောင်သပြေရွာရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ၂၀၁၉ ခုနှစ်က မြင်ရစဉ် / ဧရာဝတီ

          ဘိလပ်မြေစက်ရုံ အများစု ရပ်တန့်သဖြင့် ဈေး အဆမတန် တက်လာ

          by ဧရာဝတီ
          19 January 2022
          11.7k

          လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကျဆင်းနေရခြင်းမှာ ဓာတ်အားထုတ် စက်ရုံများ လည်ပတ်ရာတွင် အသုံးပြုသည့် သဘာဝဓာတ်ငွေ့ဈေးနှုန်း မြင့်တက်လာခြင်း၊ ပြည်တွင်း ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းအား ပြုပြင်နေခြင်းနှင့် တာဝါတိုင်များ မိုင်းခွဲခံရသည့်အတွက် ဖြစ်ကြောင်း ဇန်နဝါရီလ ၆ ရက်...

          Next Post
          ဒီတပတ်ဖတ်စရာ

          ဒီတပတ်ဖတ်စရာ

          ဒစ်ဂျစ်တယ်စနစ်ဖြင့် အခမဲ့ ကြည့်ခွင့်ရမည့် ရုပ်သံလိုင်း ၅ လိုင်းတွင် ပါဝင်သော DVB သတင်းဌာန၏ သတင်းစတူဒီယို / Reuters

          ရုပ်သံလိုင်းသစ်တွေ မီဒီယာသတ်ကွင်းလား

          No Result
          View All Result

          Recommended

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          1 day ago
          14k
          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          4 days ago
          12.9k

          Most Read

          • စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

            စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            shares
            Share 0 Tweet 0
          • ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved