• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စွန့်ပစ်မြေစာပုံများကြောင့် ဖားကန့်တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်

by သဇင်လှိုင်
19 June 2017
in သတင်း
A A
ဖားကန့်မြို့နှင့် ဥရုချောင်းကို အဝေးကမြင်တွေ့ရပုံ / ဧရာဝတီ

ဖားကန့်မြို့နှင့် ဥရုချောင်းကို အဝေးကမြင်တွေ့ရပုံ / ဧရာဝတီ

6.2k
VIEWS
Share on FacebookShare on Twitter

ဖားကန့်ဒေသ ဥရုချောင်းအနီးရှိ ကျောက်စိမ်းလုပ်ကွက်များမှ စွန့်ပစ်လိုက်သည့်မြေစာပုံများက မိုးများများရွာသွန်းချိန်တိုင်း ချောင်းအတွင်းမျောပါလာပြီး မြစ်ကောလာကာ ရေကြီးရေလျှံမှု ပြဿနာများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက “ရေကြီးတာအဓိက က ဥရုချောင်းကောလိုပေါ့ ။ ချောင်းကောရတဲ့ အကြောင်းရင်းကလည်း ကျောက်စိမ်းတူးဖော်မှုကနေ ထွက်ရှိတဲ့စွန့်ပစ်လိုက်တဲ့ မြေစာပုံတွေက ဥရုချောင်းရဲ့လက်တက်၊ ဥရုချောင်းရဲ့ မလှမ်းမကမ်းနေရာတွေမှာ ပစ်နေကျတော့ မိုးများများရွာတဲ့အခါမှာ ဥရုချောင်းထဲကို ပြန်ကျတော့ တဖြည်းဖြည်းနဲ့ ဥရုချောင်းက ကောလာတာပေါ့” ဟု ပြောသည်။

RelatedPosts

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
2
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
67
မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
94

နှစ်စဉ်မိုးရွာသွန်းမှုများတိုင်း ရေကြီးနေခြင်း ဖြစ်ကြောင်းနှင့် ဥရုချောင်းကောလာသဖြင့် ဖားကန့်ဒေသ၌ မိုးအနည်းငယ် ရွာသွန်းလျှင်ပင် ရေကြီးနိုင်သည့် အခြေအနေများ ရှိနေပြီး၊ မိုးများပါက ဖားကန့်တမြို့လုံး ရေဝိုင်းခံရလေ့ရှိကြောင်း ဖားကန့်ဒေသခံတချို့က ပြောသည်။

လုံးခင်းကျေးရွာ NLD ရပ်ကျေးဥက္ကဋ္ဌ ဦးလောင်းခမ်က “ အခု မိုးကပြန်ရွာနေတော့ ရေပြန်ကြီးမလားတောင် မသိဘူး။ မြစ်ရေကတော့ မိုးရွာရင်တိုးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ချောင်းဘေးမှာပုံထားတဲ့ မြေစာတွေကပြိုကျပြီး ချောင်းထဲ ပြန်ရောက်တာပဲ။ ချောင်းကိုဘယ်လောက်ပဲဆယ်ဆယ် မိုးရွာရင် ချောင်းထဲကိုမြေစာတွေပြိုကျ အဲဒီတော့ ရေပြန်ကြီးမှာပဲ။ မိုးများများရွာတော့ ချောင်းရေကတက်လာပြီး ရေကလျှံတော့တာပဲ။ မိုးရွာတိုင်း သတိထားပြီး နေနေရတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဇွန်လ ၁၈ ရက်) က မိုးရွာသွန်းမှုကြောင့် ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက်များဖြစ်သည့် ငှက်ပျောတော၊ မြို့မ၊ အေးမြသာယာ၊ မရှီကထောင် အစရှိသည့် ရပ်ကွက်များနှင့် လုံးခင်းကျေးရွာအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ဥရုချောင်းနံဘေး မြေစာပုံများ စွန့်ပစ်နေမှုနှင့် ပတ်သက်ပြီး ဖားကန့်မြို့နယ် NLD ဥက္ကဋ္ဌဦးတင်စိုးက “မြေစာတွေ ဘယ်လိုပုံရမယ်ဆိုတာ အစိုးရကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ ဒါပေမယ့် ကုမ္ပဏီတွေက စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာပြီးလုပ်နေတာ မရှိဘူး။ မြေစာတွေ ဘယ်မှာပစ်ရမယ်ဆိုတဲ့ စည်းကမ်းတွေ ရှိတယ်။ နောက်ပိုင်းမှာ ကုမ္ပဏီတွေက ဘယ်လိုဖြစ်လာလဲဆိုတော့ ကိုယ်ပိုင်မြေနေရာတွေဝယ်တယ်။ အဲဒီမြေပေါ်မှာ မြေစာတွေစွန့်ပစ်တယ်။ ဥရုချောင်းတွင်းကိုစီးဝင်တဲ့ ချောင်းလက်တက်လေးတွေမှာ စွန့်ပစ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် မိုးပိုနိုင်သဖြင့် မြစ်ရေကြီးမည့် အခြေအနေသတိထားရန် လိုအပ်ကြောင်းကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုညွှန်ကြားရေးမှူးဦးလှထွန်းက“ လာမယ့် ၃ ရက် ၄ ရက်လောက်အထိ မြောက်ပိုင်းဒေသတွေ မိုးများနေဦးမယ်။ ဒါ့အပြင် ရခိုင်ကမ်းရိုးတန်းဒေသတွေလည်း မိုးများဦးမယ်။ မြစ်ဝကျွန်းပေါ်မှာလည်း မိုးများဖို့ရှိတယ်။ မြောက်ပိုင်းဒေသတွေမှာ မိုးဆက်တိုက်ရွာနေပြီး မိုးများမယ်ဆိုရင်တော့ အထူးသတိထားရမှာက ဧရာဝတီမြစ်ရေတက်လာမယ့် အခြေအနေတွေရှိတယ်။ မြစ်ရေအခြေအနေတွေကိုလည်း သတိထားပြီးတော့ စောင့်ကြည့်နေရမယ့် အခြေအနေပါ” ဟု ပြောသည်။

 

Your Thoughts …
Tags: ဖားကန့်
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

by ဧရာဝတီ
14 March 2024
8.9k

တောင်နှင့်မြောက်ဘက်တို့တွင် မြေပြင်လမ်းကြောင်းများ တစိတ်တပိုင်း ဖြတ်တောက်ခံထားရသည့် ဗန်းမော်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ရေကြောင်းမှတဆင့် စစ်ကူ၊ ရိက္ခာဖြည့်တင်းနိုင်သည့် အခြေအနေ ရှိသော်လည်း ထိုရေလမ်းသည် PDF များအားကောင်းရာ ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့နယ်တို့အား ဖြတ်သန်းရမည်

စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ

စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ

by စောရယ်
1 October 2023
5.2k

ကချင်ပြည်နယ်တွင် တော်လှန်ရေး ပူးပေါင်းတပ်များအချင်းချင်း ချိတ်ဆက်မှုနှင့် စုဖွဲ့ပြင်ဆင်မှုများ အားကောင်းနေပြီး တိုက်စစ်အတွက် အသင့်အနေအထား ဖြစ်နေပြီ ဖြစ်ကြောင်း

ဖားကန့်ကို ပိတ်ဆို့ထိန်းချုပ်ရန် KIA ပူးပေါင်းတပ် ကြိုးပမ်း

ဖားကန့်ကို ပိတ်ဆို့ထိန်းချုပ်ရန် KIA ပူးပေါင်းတပ် ကြိုးပမ်း

by ဧရာဝတီ
28 February 2024
4.4k

ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင် လမ်းပိုင်းများအား ဖြတ်တောက်ပိတ်ဆို့ပြီး ထိန်းချုပ်နိုင်ရေး ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်က ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

နန့်ယားစခန်းကို သိမ်း၍ ဖားကန့်ကို KIA ပူးပေါင်းတပ် ပိတ်ဆို့ထိန်းချုပ်

နန့်ယားစခန်းကို သိမ်း၍ ဖားကန့်ကို KIA ပူးပေါင်းတပ် ပိတ်ဆို့ထိန်းချုပ်

by ဧရာဝတီ
11 April 2024
3.4k

ကမ္ဘာ​ကျော် ကျောက်စိမ်းများထွက်ရှိရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့အား ဆက်သွယ်ထားသည့် လမ်းကြောင်းများပေါ်မှ တပ်စခန်းများကို ထိုးစစ်ဆင်သိမ်းပိုက်ပြီးနောက် ဖားကန့်အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ ပိတ်ဆို့ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း KIA နှင့် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

တရုတ်ဝယ်လက်မရှိ၍ ကျောက်စိမ်းဈေးကွက်ပျက်

တရုတ်ဝယ်လက်မရှိ၍ ကျောက်စိမ်းဈေးကွက်ပျက်

by ဧရာဝတီ
4 June 2024
2.8k

ကျောက်စိမ်းရောင်းဝယ်ခြင်းများကို အွန်လိုင်း (We Chat)မှ တဆင့် ပြုလုပ်နေကြသော်လည်း တန်ဖိုးကြီး ကျောက်များအရောင်းအဝယ်ဖြစ်မှု အလွန်နည်းကြောင်း၊ တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကျောက်မျက်ဈေးတွင်လည်း We Chat အရောင်းအဝယ်များကိုပါ တရုတ်ရဲတပ်ဖွဲ့က မကြာခဏ ဝင်ရောက်ဖမ်းဆီးခြင်းများ ပြုလုပ်

စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဖားကန့်ကို စစ်ဆင်

စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဖားကန့်ကို စစ်ဆင်

by ဧရာဝတီ
24 April 2025
2.7k

ကာမိုင်း-ဖားကန့်လမ်းရှိ အရေးပါသော နန့်ယားစစ်တပ်စခန်းအား KIA ပူးပေါင်းတပ်များမှ ယမန်နှစ် ဧပြီ ၁၁ ရက်က တိုက်ခိုက် သိမ်းပိုက်ကာ ဖားကန့်အဝင်လမ်းအား ဖြတ်တောက်ပိတ်ဆို့ထားပြီး လတ်တလော စစ်ရေးတင်းမာမှုများကြောင့် ယင်းလမ်းကြောင်းအား စစ်တပ်ရော KIA တို့ နှစ်ဖက်...

Next Post
သိမ်းဆည်းရမိသည့် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများကို မုံရွာရဲစခန်းတွင် စစ်ဆေးနေစဉ်  / မကြီးပိုး/မုံရွာ

မုံရွာတွင် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများ ဖမ်းမိ

ကရင်ရိုးရာဓလေ့ နတ်စားရန် ပြင်ဆင်ထားပုံ

ကရင်တို့ရိုးရာ နတ်စားခြင်းဓလေ့

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate