• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွှေ့ပြောင်းလုပ်သား သားသမီးများ နိုင်ငံမဲ့ မဖြစ်စေရန် အစိုးရထံ တိုက်တွန်း

by ထက်နိုင်ဇော်
21 June 2017
in သတင်း
A A
ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများကို အစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် နှောင့်နှေးမှုများရှိနေ / Reuters

ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများကို အစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် နှောင့်နှေးမှုများရှိနေ / Reuters

4.5k
VIEWS
Share on FacebookShare on Twitter

ပြည်ပသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ရင်း မြန်မာနိုင်ငံသား အချင်းချင်း ပေါင်းသင်းရာမှ မွေးဖွားလာသော ကလေးများကို အစိုးရက မွေးစာရင်း ထုတ်ပေး၍ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် နှောင့်နှေးမှုများ ရှိနေသဖြင့် ယင်း ကလေးငယ်များ နိုင်ငံမဲ့လူသားများ ဖြစ်သွားမည်ကို စိတ်ပူကြောင်း လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူက ပြောသည်။

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွှေ့ပြောင်းလုပ်သားများ၏ ကလေးများကို မြန်မာနိုင်ငံ အစိုးရက မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု မွေးစာရင်းထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို မေးမြန်းစဉ် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

RelatedPosts

တော်လှန်ရေးဗွက်ထခြင်း

တော်လှန်ရေးဗွက်ထခြင်း

20 July 2025
568
စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

20 July 2025
67
ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

20 July 2025
189

ဒေါက်တာ ခင်စည်သူက “သူတို့မှာ တရားဝင် မွေးစာရင်း ရခွင့်မရှိလို့ မွေးလာတဲ့ ကလေးရော၊ မိဘတွေပါ ပြည်ပနိုင်ငံ တခုခုရဲ့ နိုင်ငံသားအဖြစ် ခံယူသွားကြတာလည်း မနည်းပါဘူး။ နိုင်ငံမဲ့လူသား ဖြစ်နေခြင်းကလည်း ရင်နင့်စရာ ဖြစ်ပါ တယ်။ အစိုးရရဲ့ လူမှုကာကွယ် စောင့်ရှောက်မှု မရတဲ့အတွက် ကျမတို့ နိုင်ငံရဲ့ အလွန်တန်ဖိုးရှိတဲ့ လူသားအရင်းအမြစ် တွေ ဆုံးရှုံးနေရပါတယ်”ဟု ပြောသည်။

အစိုးရကမူ တရားမဝင် သွားရောက်သူများနှင့် ၎င်းတို့၏ ကလေးများကို လူမှု ကာကွယ်စောင့်ရှောက်မှုပေးရန် အခက်အခဲများ ရှိပြီး နိုင်ငံ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ တရားဝင် သွားရောက်သူများကိုသာ ကူညီနိုင်သဖြင့် တရားဝင် သွားရောက်ကြရန် လိုကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့သည်။

ဦးသိန်းဆွေက “အဲဒီတရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ပြီးတော့မှ မွေးဖွားလာတဲ့ ကလေးများကို မြန်မာနိုင်ငံသား အဖြစ် အသိအမှတ်ပြုဖို့က မိဘများက ဥပဒေနှင့်အညီ တရားဝင် လုပ်ကိုင်စေရန် ဆောင်ရွက်ပေးပြီးတော့မှ မွေးဖွားလာတဲ့ သား သမီးများကိုလည်း ဥပဒေ လုပ်ထုံး၊ လုပ်နည်းများနဲ့အညီ ကျနော်တို့ ဝန်ကြီးဌာန အနေနဲ့ မြန်မာနိုင်ငံသား အဖြစ် အသိအမှတ်ပြု ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်”ဟု ပြောသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများ၏ သားသမီးများ အနေဖြင့်လည်း မိဘများက နိုင်ငံသားအဖြစ် ပြန်လည် လျှောက်ထားရန် လိုအပ်ပြီး ၎င်းတို့၏ ကလေးများ ပြည်ပတွင် မွေးဖွားခြင်း ထောက်ခံစာကို သက်ဆိုင်ရာ သံရုံး၊ ကောင်စစ် ဝန်ရုံးတို့တွင် ပူးတွဲတင်ပြ၍ မြန်မာနိုင်ငံသားဟောင်းများရော ပြည်ပမှာမွေးသည့် ကလေးများပါ မြန်မာနိုင်ငံသား အဖြစ် ပြန်လည်လျှောက်ထားနိုင်ကြောင်း သိရသည်။

“ပြည်ပမှာ မြန်မာနိုင်ငံသား ၂ ဦးက မွေးဖွားတဲ့ သားသမီးများအတွက် ကလေးမွေးဖွားကြောင်း မွေးစာရင်းနဲ့အတူ တနှစ် အတွင်းမှာ မိဘ သိုု့မဟုတ် အုပ်ထိန်းသူက သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။ အဲဒီကိစ္စကတော့ မြန်မာနိုင်ငံသား ဖြစ်နေဆဲ ပုဂ္ဂိုလ်များပဲ ဖြစ်ပါတယ်”ဟု ဦးသိန်းဆွေက ပြောသည်။

ထိုသို့ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၏ အဖြေကို အားမရကြောင်း လွှတ်တော်အပြီးတွင် ဒေါက်တာခင်စည်သူက မီဒီယာများသို့ ပြောသည်။

“ပြည်ပကနေ တရားမဝင် အလုပ်လုပ်ပြီး ပြန်လာတယ်။ သူတို့မှာက ပြည်တွင်းမှာက အိမ်ထောင်စုစာရင်း ရှိတယ်။ ဒါပေမယ့် ကလေးက ပြည်ပမှာမွေးပြီး ပြန်လာတော့ မွေးစာရင်း ရမလာဘူး။ ပြည်တွင်းမှာလည်း မွေးစာရင်း ထုတ်မပေးတော့ နိုင်ငံမဲ့ ဖြစ်နေရပါတယ်။ အဖေ၊ အမေက တရားမဝင် အလုပ်သမားဖြစ်လို့ Register မလုပ်ရဲဘဲ ပြန်လာတဲ့အတွက် အခက်အခဲကို စဉ်းစားဖြေရှင်းပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု ၎င်းက ထပ်ဆင့်မေးခွန်း မေးမြန်းခဲ့သည်။

သို့သော် ဝန်ကြီးဌာနက တည်ဆဲ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီသာ ဆောင်ရွက်ပေးနိုင်ကြောင်း၊ မွေးစာရင်း ကိစ္စကို ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေး ကိစ္စကို ပညာရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းပေးမည်ဟု ဝန်ကြီး ဦးသိန်းဆွေက ထပ်ဆင့်မေးခွန်းကို ပြန်လည် ဖြေကြားခဲ့သည်။

“မွေးဖွားလာတဲ့ ကလေးတိုင်းကို မွေးစာရင်းထုတ်ပေးနိုင်ဖို့ ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေး ဝန်ထမ်းများမှ တဆင့် ဆောင်ရွက်ပေးနေပါတယ်။ ပြည်ပနိုင်ငံများမှာ ရောက်ရှိနေတဲ့ ကလေးများကိုတော့ ကျနော်တို့ နိုင်ငံအနေနဲ့ လက်ရှိ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါဘူး။ ဒီကိစ္စများဟာ ကျယ်ပြန့်ပြီးတော့ သက်ဆိုင်တဲ့ နိုင်ငံများရဲ့ ခွင့်ပြုချက်လည်း လိုအပ်တဲ့အတွက် ဖြစ်ပါတယ်”ဟု ဝန်ကြီးက ပြောသည်။

ပညာရေး အတွက်မူ မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့ ပူးပေါင်း၍ ထိုင်းနိုင်ငံ မဲဆောက်မြို့အတွင်းရှိ အခြေစိုက် စခန်း ၁၃ ခုတွင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်ကို ပညာရေးဌာန ဘဏ္ဍာရေး ရန်ပုံငွေနှင့် ဆရာ၊ ဆရာမ ၃၀ ဦးတို့က ကလေး ၅၀၀ ခန့်ကို စာသင်ကြားနေသည်ဟု သိရသည်။

Your Thoughts …
Tags: ရွှေ့ပြောင်းလုပ်သား
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
13.6k

အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေ ကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

by ဧရာဝတီ
9 July 2025
8.9k

အကြောင်းက ၎င်းတို့နှစ်ဦး ပြီးခဲ့သည့် ဧပြီ ၃ ရက်က ဘန်ကောက်သို့ BIMSTEC အစည်းအဝေး လာတက်သော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန္ဒပြရန်ပြင်နေချိန် ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီးနောက် အမှု ၇ မှုဖြင့် တရားစွဲခံရသောကြောင့်ဖြစ်သည်။

ထိုင်း ငါးဖမ်းလှေများကို ပစ်ခတ်မှုက စစ်ကောင်စီ၏ သရုပ်မှန်ကို ဖော်ပြနေသည်

ထိုင်း ငါးဖမ်းလှေများကို ပစ်ခတ်မှုက စစ်ကောင်စီ၏ သရုပ်မှန်ကို ဖော်ပြနေသည်

by စွယ်တော်
4 December 2024
6.2k

ငါးဖမ်းလှေသည် အမှန်တကယ် နယ်မြေကျော်လွန်ပါက အဝေးမှ အသံချဲ့စက်ဖြင့် သတိပေးပြီး ထွက်ခွာသွားရန် ဆောင်ရွက်နိုင်သော်လည်း မလိုအပ်ဘဲ အင်အားသုံး၍ အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးခဲ့သည်။

မြန်မာ ဆိုက်ဘာကျေးကျွန် ငရဲစခန်းရောက် အတွေ့အကြုံ

မြန်မာ ဆိုက်ဘာကျေးကျွန် ငရဲစခန်းရောက် အတွေ့အကြုံ

by Suneth Perera နှင့် Issariya Praithongyaem
25 April 2024
4.4k

"ကျနော်တို့ ကြောက်နေကြတယ်။ သီရိလင်္ကာ၊ ပါကစ္စတန်၊ အိန္ဒိယနဲ့ အာဖရိက နိုင်ငံတွေက အမျိုးသား၊ အမျိုးသမီး ၄၀ လောက်ကို အဲဒီစခန်းတွေမှာ အတင်းအကျပ် ချုပ်နှောင်ထားတယ်"

မြန်မာ စစ်မှုထမ်းဥပဒေနှင့် ထိုင်းသို့ ဝင်လာမည့် လူသားလှိုင်းလုံး

မြန်မာ စစ်မှုထမ်းဥပဒေနှင့် ထိုင်းသို့ ဝင်လာမည့် လူသားလှိုင်းလုံး

by Surachanee Sriyai
22 February 2024
3.8k

စစ်ကောင်စီ ထုတ်ပြန်လိုက်သည့် အတင်းအကျပ် စစ်သားစုဆောင်းရေး ဥပဒေ၏ ဖြစ်နိုင်ခြေရှိသော အကျိုးဆက်များကို ထိုင်းအစိုးရအနေဖြင့် သတိထားသင့်သည်။

လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ

လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ

by အောင်ဇော်
26 February 2024
3.6k

နောက်ဆုံးတွင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေသည် မြန်မာအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်သည်။

Next Post
ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ အဝင်ဂိတ်  / နိရဉ္ဖရာ

သွေးလွန်တုပ်ကွေးကြောင့် ရခိုင်တွင် သေဆုံးသူ ၁၂ ဦးအထိ ရှိလာ

ရဲဝန်ထမ်း အိမ်ရာ အဆောက်အဦး ၁၆၀၀ ခန့်အား လူနေထိုင်ရန်မသင့် ဟု သတ်မှတ်

ရဲဝန်ထမ်း အိမ်ရာ အဆောက်အဦး ၁၆၀၀ ခန့်အား လူနေထိုင်ရန်မသင့် ဟု သတ်မှတ်

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.2k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
5k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate