သတင်း

ဘဏ်အကောင့်ပိတ်ခံရသော မြန်မာနိုင်ငံသားများ မူဆယ်တွင် ဆန္ဒပြမည်

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံရှိ ဘဏ်တချို့က ပိတ်ခံထားရသည့် ဘဏ်အကောင့်ပိုင်ရှင် မြန်မာနိုင်ငံသား ကုန်သည် ၃၀၀ ကျော်သည် ဇွန်လ ၂၃ ရက်နေ့တွင် မူဆယ်မြို့၌ ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့နယ်မှူးရုံးမှ တာဝန်ကျ ရဲအရာရှိ တဦးက “အကောင့်တွေ ပိတ်ခံထားရတဲ့အတွက် လူ ၃၀၀ ဝန်းကျင် ဆန္ဒပြဖို့ ခွင့်တောင်းထားကို ဒီနေ့ပဲ ခွင့်ပြုပေးလိုက်ပါတယ်” ဟု ဧရာဝတီ ကို ပြောသည်။

တရုတ်နိုင်ငံက အွန်လိုင်းလောင်းကစားမှုနှင့် ပတ်သက်ပြီး တရားမဝင် ငွေလွှဲပြောင်းခြင်း မပြုလုပ်နိုင်စေရန် တရုတ်ဘက်ရှိ ဘဏ်အကောင့်များ ကို ခေတ္တ ထိန်းသိမ်းလိုက်ရာ တွင် မြန်မာနိုင်ငံသားများ၏ အကောင့်များ ပါဝင်နေခဲ့ခြင်း ဖြစ်သည်။

မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက “လက်ရှိမှာတော့ ၃၃၆ ဦးရဲ့ အကောင့်တွေကို အမြန်ဆုံး စိစစ်ပြီး ပြန်ဖွင့်ပေးဖို့အတွက် တရုတ်အစိုးရကိုရော၊ ပိတ်ထားတဲ့ ဘဏ်ကိုပါ တောင်း ဆိုထားတယ်၊ နောက်ထပ် ပိတ်ထားတဲ့ အကောင့်တွေ ရှိသေးလားဆိုတာလည်း စိစစ်ပေး ဖို့ ပြောထားတယ်” ဟု ဧရာဝတီ ကို ပြောသည်။

ပိတ်ခံထားရသည့် အကောင့်ပိုင်ရှင်များသည် နယ်စပ်တွင် ကုန်သွယ်စီးပွားရေး လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း၊ ဆန်ကုန်သည်များ အများဆုံးပါဝင်ကြောင်း သိရပြီး ၎င်းတို့အား အမြန်ဆုံး စိစစ်၍ ပြန်ဖွင့်ပေးရန် ဇွန်လ ၁၈ ရက်နေ့က တောင်းဆိုထားကြောင်း၊ ဘဏ်အကောင့်များ ပိတ်ထားသည့်အတွက် နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်စေ ကြောင်း မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။

ဆက်လက်ပြီး “အဲဒီအမှုတွေမှာ ငါတို့နိုင်ငံသားတွေ မပါဘူး၊ သူတို့တွေက တရားဝင် ကုန်သွယ်ထားတဲ့ငွေတွေကို မင်းတို့ဘဏ်တွေမှာအပ်ထားတာလို့ တရုတ်အာဏာ ပိုင်တွေကို ပြောထားတယ်၊ အဲဒါကြောင့် အမြန်ဆုံး ပြန်ဖွင့်ပေးပါလို့ လို့လည်း ပြော ထားတယ်၊ ပြန်ဖွင့်ပေးမယ် မပေးဘူးဆိုတာတော့ သူတို့ဘက်က ဘာမှ ပြန်မပြောသေးဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံသားများ၏ ဘဏ်အကောင့်များ ပိတ်ထားရခြင်းသည် မူးယစ်ဆေးဝါး မှု၊ လောင်း ကစားမှု၊ ငွေကြေးခဝါချမှု စသည့် အမှုများနှင့်ဆက်စပ်နေသည်ဟုဆိုကာ ဇွန်လ ၁၅ ရက်နေ့က စတင် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading