• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ဌာနချုပ် အနီး ၆၆ (ဃ) ဆန့်ကျင်လက်မှတ် ကောက်ယူမှု ရန်ကုန်တိုင်းအစိုးရ ပိတ်ပင်

by စမ်းယမင်းအောင်
23 June 2017
in သတင်း
A A
ဇွန်လ ၁၆ ရက်က မြန်မာ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ က ရန်ကုန်တွင် ပြုလုပ်သော သတင်း လွတ်လပ်ခွင့် လှုပ်ရှားမှု  / သက်ထွန်းနိုင် / ဧရာဝတီ

ဇွန်လ ၁၆ ရက်က မြန်မာ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ က ရန်ကုန်တွင် ပြုလုပ်သော သတင်း လွတ်လပ်ခွင့် လှုပ်ရှားမှု / သက်ထွန်းနိုင် / ဧရာဝတီ

3k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်း စစ်ဌာနချုပ်အနီးတွင် သတင်းသမားများ ပြုလုပ်မည့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ကို ဆန့်ကျင် ကန့်ကွက်သည့် လက်မှတ် ကောက်ယူရေး အစီအစဉ်အား ရန်ကုန်တိုင်း အစိုးရက ပိတ်ပင်လိုက်ကြောင်း သိရသည်။

အမျိုးသား လုံခြုံရေး အတွက် ကန့်သတ်ထားသည့် နေရာဖြစ်၍ ပိတ်ပင်ရခြင်း ဖြစ်သည်ဟု တိုင်းအစိုးရက ပြောကြောင်း လက်မှတ် ကောက်ယူရေး လှုပ်ရှားသူများက ပြောဆိုကြသည်။

RelatedPosts

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
113
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
78
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
243

ထိုသို့ လက်မှတ် ကောက်ယူမည့် နေရာကို တမြို့နယ်တွင်းရှိ ထိုစစ်ဌာနချုပ်နှင့် ဝေးသောနေရာတွင် ပြုလုပ်ရန် ပွဲစီစဉ်သူ များကို ဖိအားပေးခဲ့ပြီးနောက် တိုင်းအစိုးရက စာတစောင် ပေးပို့ခဲ့သည်။

ထိုစာတွင် စစ်ဌာနချုပ်နှင့် ဝေးသော နေရာသည်လည်း ကန့်သတ်နေရာဖြစ်သည်ဟု သတ်မှတ်ခဲ့ကြောင်း ပါရှိသည်ဟု သိရသည်။

ယခုအခါ ကန့်ကွက် လက်မှတ်ကောက်ယူရေး လှုပ်ရှားမှု ပြုလုပ်မည့်နေရာကို ရန်ကုန်မြို့တော်ခန်းမသို့ ရွှေ့ပြောင်းရန် ပြော နေသည်ဟု ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) တွင် လုပ်ကိုင်နေပြီး မြန်မာ သတင်းသမားများ ကာကွယ် စောင့် ရှောက်ရေး ကော်မတီဝင်လည်း ဖြစ်သော ကိုသာလွန်ဇောင်းထက် က ပြောသည်။

“ကျနော်တို့ကတော့ နေရာရွေးနေတုန်းပါပဲ၊ ဒါပေမယ့် လက်မှတ်ရေးထိုး ကန့်ကွက်တဲ့ လှုပ်ရှားမှုကိုတော့ စီစဉ်ထားတဲ့ အတိုင်း သောကြာနေ့မှာ လုပ်မယ်” ဟုလည်း သူက ဆက်ပြောသည်။

အဆိုပါ ပုဒ်မ ၆၆ (ဃ)ကို ဖျက်သိမ်းပေးရန် လက်မှတ်ထိုး တောင်းဆိုသော လှုပ်ရှားမှုသည် သွေးစည်း ချစ်ကြည်ရေး လက်ပတ်ဖြူ လှုပ်ရှားမှု ၁၀ ရက်အပြီး မြန်မာ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ၏ ဒုတိယဆင့် လှုပ်ရှားမှု ဖြစ်သည်။

ပထမအဆင့်တွင် သတင်းသမားများက လက်ပတ်ဖြူများ ဝတ်ဆင်ထားပြီး ဗဟန်းမြို့နယ်တရားရုံးမှ နေ၍ အဖမ်းခံရသော The Voice သတင်းစာ တိုက် အထိ ချီတက် လမ်းလျှောက်ကြခြင်း ဖြစ်သည်။

ထိုလှုပ်ရှားမှုတွင် သတင်းသမား ရာပေါင်းများစွာ ပါဝင်ခဲ့ပြီး အာဏာပိုင်များက ကန့်ကွက်ခြင်း မရှိပေ။

စစ်တပ်သည် အာဏာပိုင်များမှတဆင့် ကော်မတီဝင်များကို ဖိအားပေးခြင်းနှင့် စစ်ဌာနချုပ်ရှေ့တွင် လက်မှတ် ကောက်ယူ ရေး လှုပ်ရှားမှုမပြုလုပ်ရေးအတွက် ကော်မတီကို အကြံပြုရန် လှုပ်ရှားမှုကော်မတီနှင့် နီးစပ်သော သတင်းသမားများကို ဆက်သွယ် ပြောကြားခြင်းများ ပြုလုပ်ခဲ့သည်ဟု ကိုသာလွန်ဇောင်းထက်က ပြောသည်။

လွန်ခဲ့သောလက ထုတ်ဝေခဲ့သည့် The Voice နေ့စဉ်သတင်းစာမှ သရော်စာတပုဒ် အတွက် သတင်းသမား ၂ ဦးအား စစ်တပ်က အမှုဖွင့်ခဲ့ခြင်းကို ဆန့်ကျင်ကြောင်း ပြသရန် မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှေ့တွင် လက်မှတ် ကောက်ယူသော လှုပ်ရှားမှုကို သတင်းသမားများက ပြုလုပ်လိုကြသည်။

ကိုသာလွန်ဇောင်းထက်သည် ဗုဒ္ဓဟူးနေ့ နံနက်က မရမ်းကုန်းမြို့နယ် ရဲစခန်းသို့ သွားရောက်ခဲ့ပြီး လက်မှတ်ကောက်ခံရေး လှုပ်ရှားမှုပြုလုပ်မည့် အကြောင်း အာဏာပိုင်များကို ငြိမ်းချမ်းစွာစုဝေးခွင့် ဥပဒေနှင့်အညီ ကြိုတင် အကြောင်းကြားခဲ့သည် ဟု ဆိုသည်။

အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့နှင့် မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့ အကြီးအကဲများက ကော်မတီဝင်များကို ဗုဒ္ဓဟူးနေ့ နေ့လယ် က ခေါ်ယူခဲ့ပြီး နေရာပြောင်းလဲပြုလုပ်ရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ကြာသပတေး နေ့တွင်မူ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး က ထပ်မံခေါ်ယူပြီး နေရာကို ထပ်မံညှိနှိုင်းခဲ့သည်ဟု ဆိုသည်။

“စစ်တပ်က ကျနော်တို့ကို တိုက်ရိုက် ဖိအားပေးတယ်လို့တော့ ပြောလို့မရဘူး။ အာဏာပိုင်တွေက ဖိအားပေးနေတာ” ဟု ကိုသာလွန်ဇောင်းထက်က ပြောသည်။

၎င်းက ဆက်လက်ပြီး“စစ်တပ်က ဒီလှုပ်ရှားမှုကို ရပ်စေချင်ရင် သတင်းသမားတွေနဲ့ နိုင်ငံသားတွေကို ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားတာတွေ ကို ရုပ်သိမ်းပေးသင့်တယ်။ မရုပ်သိမ်းရင် ကျနော်တို့ကလည်း မရပ်ဆိုင်းနိုင်ဘူး” ဟုလည်း ဆက် ပြောသည်။

ဇူလိုင်လ ၁၁ ရက်နေ့တွင် လက်မှတ်ကောက်ယူရေး လှုပ်ရှားမှု ပြီးစီးသောအခါ ထိုလက်မှတ်များကို သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဌများထံ ပေးပို့မည် ဖြစ်ကြောင်း သိရသည်။

 

 

Your Thoughts …
Tags: ပုဒ်မ ၆၆ (ဃ)
စမ်းယမင်းအောင်

စမ်းယမင်းအောင်

ဧရာဝတီ

Similar Picks:

Mi Htaw Mon အကောင့်တွင် တင်ထားသော ပိုစ့်

အသရေဖျက်မှုဖြင့် Mi Htaw Mon အကောင့်ပိုင်ရှင် အမှုဖွင့်ခံရ

by ဇူးဇူး
5 October 2020
29.9k

Mi Htaw Mon အကောင့်ပိုင်ရှင်အား အောက်တိုဘာ ၃ ရက်၊ ည ၈ နာရီခန့်က ချောင်းဆုံ မြို့မရဲစခန်းတွင် အမှုဖွင့် တိုင် ကြားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၄ ရက်တွင် အမှုဖွင့်ခံရသူအား ရဲစခန်းက...

"သတင်းမီဒီယာအလုပ်သည် ရာဇဝတ်မှု မဟုတ်"ဟု စာတမ်းပါ တီရှပ်ကို ဝတ်ဆင်ထားသော သတင်းသမားတဦး / မျိုးမင်းစိုး

ရခိုင်ပဋိပက္ခ ပိုကြီးလာမည်ကို စိုးရိမ်၍ မီဒီယာတချို့ ကို အရေးယူရဟု တပ်မတော် ပြော

by ထက်နိုင်ဇော်
21 April 2019
19.9k

လူမျိုးရေး ပဋိပက္ခများ ပိုမိုကြီးထွားလာမည်ကို တပ်မတော်က စိုးရိမ်သဖြင့် သတင်း မီဒီယာတချို့ကို အရေးယူရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောသည်

၆၆ (ဃ) ပြင်ဆင်ရေး လှုပ်ရှားမှု ပြုလုပ်ရန် ကြိုးစားမှုကြောင့် တားဆီးခံနေရသည့် မောင်ဆောင်းခ(လုံချည် ခရမ်းရောင်) နှင့် အဖွဲ့ကို နေပြည်တော် ကောင်စီဝင်းအတွင်း တွေ့ရစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းပေးရန် တောင်းဆိုမှုများရှိနေ

by ထက်နိုင်ဇော်
4 November 2016
14.6k

မက်ဆေ့ချ် ကနေ တယောက်နဲ့တယောက် လှမ်းပြောနေတာတွေလည်း ဒီဥပဒေနဲ့ ဆွဲလို့ရတယ်။ ဒီအမှု ဖြစ်လာခဲ့ရင် နိုင်ငံရေးနဲ့ မပတ်သက်ရင်တောင် ၂ ပတ်ကနေ ၁ လ၊ ၂ လအထိ ကြာသွားနိုင်တယ်”ဟု ဦးရောဘတ် စန်းအောင် က...

ပုဒ်မ ၆၆ (ဃ) ကို ပြန်လည် သုံးသပ်ရန် အစိုးရကို တိုက်တွန်းလိုက်သည် / ဇော်ဇော် / ဧရာဝတီ

ပုဒ်မ ၆၆ (ဃ) ကို ပြန်လည် သုံးသပ်ရန် အစိုးရကို တိုက်တွန်း

by ငြိမ်းငြိမ်း
28 June 2017
3.4k

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အတည်ပြု အသက်ဝင်လာသည့် နောက်ပိုင်းမှ စတင်ကာ ၎င်းပုဒ်ဖြင့် တရားစွဲခြင်း၊ အရေးယူခံရသည့် သူ ဦးရေမှာ ၆၀ ထက် မနည်း ရှိနေပြီ ဖြစ်သည်။

ထိန်းသိမ်းခံထားရသည့် The Voice အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ / ချမ်းစွန်း / ဧရာဝတီ

The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ ၅ ကြိမ်မြောက် အာမခံပယ်ချခံရ

by ထွန်းထွန်း
7 July 2017
8.5k

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲခံထားရသည့် The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ အာမခံ လျှောက်ထားမှုကို အထောက်အထား မပြည့်စုံဟုဆိုကာ ၅ ကြိမ်မြောက်အဖြစ် ယနေ့ရုံးချိန်းတွင် ဗဟန်းမြို့နယ်တရားရုံးက ထပ်မံ ပယ်ချလိုက်ကြောင်း

ဆဲဆိုပုတ်ခတ်ခြင်းလို အသေးအဖွဲတွေမှာ အချိန်ကုန် လူပန်း မဖြစ်စေလိုပါ / Reuters

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပုဒ်မ ၆၆ (ဃ)

by သန်းနိုင်ဦး
17 November 2016
16.6k

လူမှုကွန်ရက်မှာ ဆဲဆို စော်ကားသူတွေကို ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆို အရေးယူ အပြစ်ပေးတဲ့ ဖြစ်စဉ်တွေ ခပ်စိပ်စိပ် တွေ့လာရတယ်။

Next Post
၁၉၀၃ ခုနှစ် ဗြိတိသျှကိုလိုနီ အိန္ဒိယရှိ ဒေလီဒါဗာပွဲသို့ တက်ရောက်လာသော ဘားမားဟု ခေါ်သည့် မြန်မာပြည်မှ လာသော ရှမ်းခေါင်းဆောင်များ

လက်စ မသတ်နိုင်သေးတဲ့ မြန်မာနိုင်ငံ

တိုင်းရင်းမီဒီယာ ညီလာခံ ကျင်းပနေစဉ် / ဟင်္သာနီ(မွန်မြေ) / ဧရာဝတီ

တိုင်းရင်းမီဒီယာများ၏ ခယောင်းလမ်းထက်မှ ခရီးရက်ရှည်များ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 days ago
3.6k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate