သတင်း

သတင်းသမားများ အမြန်ဆုံးလွတ်မြောက်ရေး အစိုးရအကြီးအကဲ ၃ ဦးထံ အိတ်ဖွင့်စာပို့မည်

Want create site? Find Free WordPress Themes and plugins.

တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားသည့် သတင်းသမားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ အိတ်ဖွင့်ပေးစာ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကျင်းပနေသည့် ပဉ္စမအကြိမ် တိုင်းရင်းမီဒီယာညီလာခံသို့ တက်ရောက်လာကြသည့် သတင်းမီဒီယာအဖွဲ့အစည်းများ စုပေါင်း၍ အစိုးရအကြီးအကဲ ၃ ဦးထံ အိတ်ဖွင့်စာပေးပို့မည့်အပြင် မကြာခင် ရက်ပိုင်းအတွင်း မြန်မာသတင်းမီဒီယာကောင်စီက တပ်မတော်မှတာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံနိုင်ရန် ကြိုးစားသွားမည်ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောသည်။

ဦးမြင့်ကျော်က “ ဒီထက် အခြေအနေပိုပြီးတော့ မဆိုးသွားခင်ပေါ့၊ အခုက ထိန်းသိမ်းထားတယ်။ နောက်ထပ် ပုဒ်မတပ်တာတို့ တရားစွဲတာတို့ အဲဒီလိုအခြေအနေမျိုး မရောက်ခင် တာဝန်ရှိတဲ့အစိုးရအနေနဲ့ ဒီဟာကိုအလေးထားပြီး ဆောင်ရွက်နိုင်ဖို့အတွက် မီဒီယာအဖွဲ့အစည်းတွေရော မီဒီယာသမားတွေအားလုံးက တိုက်တွန်းတာပါ” ဟု ဆိုသည်။

အဆိုပါ အိတ်ဖွင့်ပေးစာတွင် ဖမ်းဆီးထားသော သတင်းသမားများကို အမြန်ဆုံးပြန်လွှတ်ပေးရန်၊ သတင်းရေးသားဖော်ပြမှုကို အကြောင်းပြုကာ သတင်းမီဒီယာဥပဒေနှင့် မဟုတ်ဘဲ အခြားဥပဒေများနှင့် တရားစွဲဆိုထားမှုများကို ရုပ်သိမ်းပေးရန်နှင့် သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှုများကို ရပ်တန့်ပေးနိုင်ပါရန် တိုက်တွန်းထားကြောင်း ပါရှိသည်။

တအောင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် ဆက်သွယ်ခဲ့သည်ဟုဆိုကာ DVB သတင်းဌာနမှ သတင်းထောက်ဦးအေးနိုင်၊ ဦးပြည့်ဘုန်းနိုင်နှင့် ဧရာဝတီသတင်းဋ္ဌာနမှ သတင်းထောက်ဦးသိန်းဇော် အပါအဝင် အမျိုးသား ၇ ဦးကို ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာအနီးတွင် ဇွန်လ ၂၆ ရက် ညနေပိုင်းက တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading