သတင်း

ဧရာဝတီနှင့် DVB သတင်းထောက်များ ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့် အရေးယူခံရ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီ အကြီးတန်း သတင်းထောက် ဦးသိန်းဇော်(လဝီဝမ်)နှင့် DVB အကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဘုန်းနိုင်တို့ကို တပ်မတော်မှ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် သီပေါ ရဲစခန်းတွင် အမှုဖွင့်လိုက်ကြောင်း သီပေါမြို့နယ် ရဲမှူးမြင့်ဝင်းက ပြောသည်။

သီပေါအခြေစိုက် ခမရ ၅၀၃မှ တပ်ရေးဗိုလ်ကြီး သက်နိုင်ဦးက တရားလို ပြုလုပ်ကာ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့်ခြင်းဖြစ်ပြီး ဆက်လက်ချုပ်နှောင် နိုင်ရန် သီပေါမြို့နယ် တရားရုံး၌ ယမန်ယူကာ သီပေါထောင်သို့ ပို့ဆာင်လိုက်ခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် မိသားစုဝင်များမှ လွဲ၍ မည်သူကိုမှတွေ့ခွင့်မပေးသေးပေ။

ဧရာဝတီ သတင်းထောက် လဝီဝမ်

လက်ရှိ ဧရာဝတီသတင်းထောက် လဝီဝမ်၏ ကျန်းမာရေးအခြေအနေမှာ နှလုံးရောဂါရှိသည့်အတွက် ဆေးများ သောက်သုံးနေကြရသည့်အပြင် ကျောက်ကပ်ရောဂါလည်း ရှိသည့်အတွက် မိသားစု ၎င်းကကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်နေကြောင်း သိရသည်။

ဧရာဝတီအကြီးတန်း သတင်း လဝီဝမ်နှင့် DVB အကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဖြိုး နိုင်တို့မှာ ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့တွင် နမ့်ဆန်- သီပေါလမ်းပေါ်ရှိ နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာတွင် တအောင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့်ဆက်သွယ်ခဲ့သည်ဟုဆိုကာ တပ်မတော်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းသမား ၃ဦးသည် TNLA အဖွဲ့မှ ပြုလုပ်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အတွက် သွားရောက် သတင်းယူခြင်းဖြစ်ပြီး၊ အပြန်တွင် ထိုသို့ အဖမ်းခံရခြင်းဖြစ်သည်။

ပလောင် (တအာင်း)အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကိုးကန့်အဖွဲ့ (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA) ၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ကို အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ၂၀၁၆ ဒီဇင်ဘာ ၇ ရက် တွင်ပြုလုပ်သည့် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မဲခွဲအတည်ပြုခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading