သတင်း

ထီအကြိမ်ရေ တိုးလာသည်နှင့်အမျှ ဆုမဲများ တိုးမြှင့်မည်

Want create site? Find Free WordPress Themes and plugins.

ဆုကြေးငွေ ကျပ်သိန်း ၁သောင်း ချီးမြှင့်ပေးနေသည့် ကျပ် ၅၀၀ တန် ထီလက်မှတ်များကို အကြိမ်ရေ တိုးလာသည်နှင့် အမျှ ဆုမဲများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း မြန်မာ့အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။

မြန်မာ့ အောင်ဘာလေ သိန်းဆုဌာနခွဲ ဒုဦးစီးမှူး ဦးမင်းမင်းစိုးက “ ပထမအကြိမ်က အက္ခရာ ၃၆ လုံး၊ ဒီလမှာဆိုရင် အက္ခရာ ၄၄ လုံး ဖြစ်တဲ့အတွက် အက္ခရာ ၈ လုံး တိုးလာတယ်။ ဆုမဲကလည်း ကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၃၀၀နဲ့ ကျပ်သိန်း ၃၀ တိုးလာတယ်။ အလုံးရေ တိုးတိုင်းတိုးတိုင်း ဆုမဲပေးတဲ့စနစ်က ပိုများလာမှာ ဖြစ်တယ်” ဟု ပြောသည်။

အကြိမ်ရေ တိုးတိုင်း ဆုမဲများ တိုးလာမည်ဖြစ်ပြီး လာမည့် ဇူလိုင်လ ၁ ရက်နေ့တွင် ၅ ကြိမ်မြောက် ရောင်းချမည့် ထီလက်မှတ်များ၌ အက္ခရာ အလုံး ၅၀ ရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခင် အက္ခရာ ၃၆ လုံးတွင် ဆုမဲအရေအတွက် စုစုပေါင်း ၁၀၀,၂၂၀ ဆု ရှိရာမှ ယခု ဇူလိုင် ၁ ရက်နေ့တွင် ဖွင့်လှစ်မည့် ၄ ကြိမ်မြောက် ထီဖွင့်ပွဲ၌ အက္ခရာ ၄၄ လုံးတွင် ဆုမဲအရေအတွက် စုစုပေါင်းမှာ ၁၁၃,၁၇၅ ဆုဖြစ်ကြောင်း ၎င်းက ပြော သည်။

ဇူလိုင် ၁ ရက်နေ့တွင် စတင်ရောင်းချမည့် ၅ ကြိမ်မြောက် အောင်ဘာလေ ထီလက်မှတ်များကို ‘‘က’’မှ အက္ခရာအစဉ်လိုက် ‘‘အ’’အထိ အက္ခရာ အလုံးရေ ၃၃ လုံးနှင့် အရန်ထီမှာ ‘‘ကက’’မှ အက္ခရာ အစဉ်လိုက် ‘‘ကထ’’ အက္ခရာအလုံးရေ ၁၇ လုံးခန့်မှ ထီစာအုပ်ပေါင်း ၄,၀၈၅,၀၁၇ အုပ်ကို အရောင်းကိုယ်စားလှယ်များသို့ ခွဲေ၀ ဖြန့်ဖြုးပေးပြီး ဖြစ်ကြောင်း ၎င်းက ပြောသည်။

၅ ကြိမ်မြောက် ရောင်းချမည့် ၅၀၀ ကျပ်တန် ထီလက်မှတ်များတွင် အကြိမ်မြောက်နှင့် ဖွင့်လှစ်မည့် နေ့ရက် စာသား မပါဝင်သော အရန်ထီများကို ရောင်းချခြင်း ရှိတော့မည် မဟုတ်ကြောင်း မြန်မာ့အောင်ဘာလေ ထီရုံးက ထုတ်ပြန်ထား သည်။

လက်ရှိတွင် ၅၀၀ ကျပ်တန် ထီဆုမဲ အမြင့်ဆုံးမှာ ကျပ်သိန်း ၁ သောင်းမှ အနိမ့်ဆုံးမှာ ကျပ်ငွေ ၅ သောင်းအထိ ဖြစ်ပြီး ၆ ကြိမ်မြောက် ရောင်းချမည့် ထီလက်မှတ်များတွင်လည်း အက္ခရာအလုံးရေ ၅၅ လုံးခန့် တိုးမြှင့် ရောင်းချသွားမည် ဖြစ် ကြောင်း သိရသည်။

ထီဆုများ တိုးမြှင့်ပေးရာတွင် ထီအစောင်ရေ ၈၁,၈၁၈ စောင်ပါရှိသည့် ထီစာအုပ် တအုပ်ချင်းစီ၏ ရောင်းရငွေကို ကျပ် ၅,၀၀၀ နှင့် မြှောက်ပြီး ရရှိလာသော ငွေကြေးထဲမှ ၆၀ ရာခိုင်နှုန်းကို ထီဆုကြေးအဖြစ် ပြန်လည် ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ ကျပ်သိန်း ၁ သောင်းတန် ထီလက်မှတ်များကို တစောင်လျှင် ကျပ် ၅၀၀ ခန့် ရောင်းချရမည် ဖြစ်သော်လည်း နားလည်မှု နှင့် ထီကိုယ်စားလှယ် အချို့မှ ဈေးအနည်းငယ်တင်၍ ရောင်းချမှုများ ရှိနေသည်။

ယင်းကျပ် ၅၀၀ တန် ထီလက်မှတ်အား ရောင်းချရာတွင် ထီလက်မှတ်ပေါ်၌ ရိုက်နှိပ်ထားသည့် တန်ဖိုးထက်ပို၍ ရောင်းချ သည်ကိုတွေ့လျှင် အမည်ပျက်စာရင်း သွင်းမည့်အပြင် လစဉ် ထီစာအုပ်ဝယ်ယူခွင့်ကိုလည်း ပြန်လည်ရုပ်သိမ်းမည် ဖြစ်ပြီး ပေးသွင်းထားသော အာမခံငွေ (Deposit) များ အားလုံးကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲက ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading