• English
Wednesday, July 9, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းနိုင်ငံရောက် တရားမဝင်မြန်မာလုပ်သားထောင်ချီ ပြည်တော်ပြန်လာနေ

by ခင်ဦးသာ
29 June 2017
in သတင်း
A A
ထိုင်းနိုင်ငံမှပြန်ရောက်လာကြသည့် မြန်မာလုပ်သားများကို မြဝတီမြို့၌တွေ့ရပုံ / ရဲမင်း / AAC ဖေ့စ်ဘုတ်

ထိုင်းနိုင်ငံမှပြန်ရောက်လာကြသည့် မြန်မာလုပ်သားများကို မြဝတီမြို့၌တွေ့ရပုံ / ရဲမင်း / AAC ဖေ့စ်ဘုတ်

9.4k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို ထိုင်းအာဏာပိုင်များက ဆက်တိုက် ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းကြောင့် တရားမဝင်မြန်မာလုပ်သား ထောင်ချီ၍ မိမိနေရပ်သို့ ပြန်လာနေကြကြောင်း သိရသည်။

ဇွန်လ ၂၂ ရက်က စတင်ပြီး တရားမဝင်နေထိုင်သူများကို ထိုင်းအာဏာပိုင်များက ဆက်တိုက်ဖမ်းဆီးနေသဖြင့် မြဝတီ-မဲဆောက်ဒေသ၊ သောင်ရင်းမြစ်ကြောင်း တလျှောက်ရှိ နယ်စပ်ဂိတ်များတွင်လည်း မြန်မာအလုပ်သမားများ ထောင်ချီ ရောက်ရှိနေသည်ဟု မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌဦးမိုးကြိုးက ဧရာဝတီကို ပြောသည်။

RelatedPosts

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

9 July 2025
28
ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

9 July 2025
112
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
106

“ဥပဒေသစ် ထုတ်ပြီးတာနဲ့ ချက်ချင်းဖမ်းဆီးတာမျိုး လုံးဝမလုပ်သင့်ဘူး။ မြန်မာအစိုးရ အာဏာပိုင်တွေအနေနဲ့လည်း နယ်စပ်ဂိတ်တွေမှာ ကြိုဆိုရေးစခန်းတွေ ဖွင့်ပြီးတော့ ကိုယ့်နိုင်သားတွေကို နွေးနွေးထွေးထွေး ကြိုဆိုသင့်တယ်။ အခုပြေးလာသူ အများစုဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အားငယ်နေကြတယ်” ဟု ဦးမိုးကြိုးက ပြောသည်။

မြဝတီသို့ ယနေ့ရောက်ရှိလာကြသည့် မြန်မာနိုင်ငံသားများကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး (လ.ဝ.က ) အဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ဒေသခံများက ကြိုဆိုခဲ့ကြကြောင်း မြဝတီမြို့ခံတချို့က ဧရာဝတီကို ပြောသည်။

ထိုင်းအလုပ်သမား ဥပဒေသစ်ကို ဇွန်လ ၂၀ ရက်က ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးမှုများကို ဆက်တိုက် လုပ်ဆောင်လာသည့်အတွက် အထောက်အထားမရှိကြသည့် နိုင်ငံခြားအလုပ်သမားများ သက်ဆိုင်ရာ မိမိတို့နိုင်ငံသို့ ပြန်နေကြရသည်။

ထိုင်းနိုင်ငံသို့ တရားမဝင်လာရောက်နေထိုင်ပြီး အလုပ်လုပ်သူများမှာ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံသားများ ဖြစ်ကြပြီး၊ အများစုမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၌ တရားမဝင်နေထိုင်သူများကို ဖမ်းဆီးမှုသည် ယခင်ကလည်း ရှိခဲ့သည်။ သို့သော် ယခုဥပဒေသစ်၌ ကြီးလေးသည့်ပြစ်ဒဏ်များ ချမှတ်ထားကြောင်း ထိုင်းရောက်မြန်မာလုပ်သားများက ပြောသည်။

တရားမဝင်နေထိုင်သူအား ထောင်ဒဏ် ၅ နှစ်အပြင် ပြစ်ဒဏ်ငွေ ထိုင်းဘတ်သိန်းဂဏန်းထိ ပေးဆောင်ရမည်ဟု ပါရှိပြီး၊ ထောင်ဒဏ်၊ ငွေဒဏ် နှစ်မျိုးစလုံး ကျခံနိုင်သည်ဟုလည်း ပါရှိကြောင်း ၎င်းတို့က ပြောသည်။

ထိုသို့ဖမ်းဆီးမှုများ ဆက်တိုက်လုပ်နေမှုကြောင့် ဖမ်းဆီးခံရသည့် နိုင်ငံခြားသားလုပ်သား ထောင်ချီရှိနေသည့်အပြင် ဖမ်းဆီးခံရမည်ကိုစိုးရိမ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ထွက်ပြေးနေကြသည့်အတွက် ထိုင်းနိုင်ငံ၏ စီးပွားရေး ကုန်ထုတ်စွမ်းအား လည်ပတ်မှု နှောင့်နှေးသွားစေသည်ဟုဆိုကာ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံရေး သမားများက ပြင်းပြင်းထန်ထန် ဝေဖန်နေမှုများ ရှိနေကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT ) ဒါရိုက်တာ ဦးကျော်သောင်းက ဧရာဝတီကို ပြောသည်။

“ဒီကိစ္စက ထိုင်းနိုင်ငံအတွင်းမှာ အတော့်ကိုဂယက်ရိုက်ခတ်တယ်၊ ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ ချွတ်ခြုံကျသွားနိုင်တယ်လို့ နိုင်ငံရေးသမားတချို့က ဝေဖန်နေကြတာ ရှိတယ်။ ကုန်ထုတ်လုပ်မှုတွေ ရပ်တန့်သွားမယ့် အလားအလာ ရှိနေတဲ့ အတွက် ပြန်လည်သုံးသပ်ပေးဖို့ကို စီးပွားရေးသမားတွေက ပြောဆိုနေကြပြီ။ ဒါ့အပြင် ရဲတွေရဲ့ အကျင့်ပျက်ခြစားမှုလည်း ပေါ်လာနိုင်တယ်ဆိုပြီး ဝေဖန်နေကြတယ်” ဟု ၎င်းက ဆိုသည်။

လာမည့် ဇွန်လ ၃၀ ရက်တွင် နေပြည်တော်၌ ထိုင်း – မြန်မာ နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ အကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲ ရှိနေခြင်းကြောင့်၊ မြန်မာအလုပ်သမားများအတွက် ကောင်းမွန်သည့် ရလာဒ်တခု ထွက်ပေါ်လာနိုင်ကြောင်း ဦးကျော်သောင်းက ဆက်ပြောသည်။

ထိုင်းအာဏာပိုင်များက အလုပ်သမားများနေထိုင်သည့် တန်းလျားများကို ဝင်ဖမ်းရာတွင် ညာသံပေး၍ ဖမ်းဆီးနေမှုများ ရှိနေသဖြင့်၊ တန်းလျားများတွင် နေထိုင်ကြသည့် အလုပ်သမားများ၏ ပိုင်ဆိုင်မှုများကို စနစ်တကျ သိမ်းဆည်း၍ နယ်စပ်မှတဆင့် မိမိဒေသသို့ ပို့ဆောင်ပေးနိုင်ရန် အစိုးရက စီစဉ်ပေးသင့်ကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

မြန်မာသံရုံးက တရားဝင်အလုပ်လုပ်ခွင့် မရှိသူအားလုံး မိမိနိုင်ငံသို့ပြန်၍ MOU ဖြင့်လာကြရန် အသိပေးနှိုးဆော်ထားပြီး၊ လက်ရှိကိုင်ဆောင်ထားသည့် နိုင်ငံကူးလက်မှတ်၊ ပန်းရောက်ကတ်ရှိသူများအနေဖြင့် မိမိတို့အလုပ်ရှင် အမည်နှင့် အလုပ်လုပ်ခွင့်ပါမစ်များ ပြုလုပ်ထားကြရန် နှိုးဆော်ထားသည်။

ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသား ၄ သန်း ဝန်းကျင်ရှိပြီး၊ တရားဝင် အလုပ်လုပ်ခွင့်ပါမစ်ဖြင့် နေထိုင်သူဦးရေသည် ၁ ဒသမ ၇ သန်းကျော် ရှိကြောင်း မြန်မာသံရုံးက ပြောဆိုထားသည်။

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသူအားလုံးသည် ၂၀၁၈ ခုနှစ်တွင် တရားဝင် MOU အလုပ်သမားများ ဖြစ်ရမည်ဟု အာဏာသိမ်း ထိုင်းစစ်အစိုးရက သတ်မှတ်ထားကြောင်း သိရသည်။

Your Thoughts …
Tags: မြန်မာလုပ်သား
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

by ဧရာဝတီ
14 September 2023
3.3k

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာလုပ်သားအား ဆေး မကုပေးဘဲ လမ်းဘေးရေမြောင်းအတွင်း စွန့်ပစ်ခဲ့ရာ သေဆုံးသွားသဖြင့် အလုပ်ရှင်ကို ဖမ်းဆီး၍ လူသတ်မှုဖြင့် အမှုဖွင့်

လုပ်သားများ၏ လစာငွေ ခေါင်းပုံဖြတ်ရန် စစ်ကောင်စီ ကြိုးစားနေသလား

လုပ်သားများ၏ လစာငွေ ခေါင်းပုံဖြတ်ရန် စစ်ကောင်စီ ကြိုးစားနေသလား

by ဧရာဝတီ
11 September 2023
2.8k

ထို့ပြင် ပြည်ပသို့ သွားရောက်မည့် အလုပ်သမားများအနေဖြင့် သတ်မှတ်နှုန်းအတိုင်း ငွေလွှဲပို့ပါမည်ဆိုသည့် ခံဝန်လက်မှတ်ကိုလည်း အေဂျင်စီများဖြင့် စာချုပ်ချုပ်ဆိုစဉ်မှာပင် လက်မှတ်ရေးထိုးခိုင်းရန် ပြောဆိုထားကြောင်း

မြန်မာ ၇၂ ဦး လုပ်ခမရသည့်အပြင် ခြိမ်းခြောက်မှုပါခံနေရ

မြန်မာ ၇၂ ဦး လုပ်ခမရသည့်အပြင် ခြိမ်းခြောက်မှုပါခံနေရ

by ယုဖြူဟန်
21 January 2025
1.8k

ထိုင်းနိုင်ငံ စဖန်ဘူရီခရိုင်ရှိ ကြက်သားစက်ရုံတွင် မြန်မာအလုပ်သမား ၇၂ ဦးတို့သည် လုပ်အားခမရရှိသည့်အပြင် ထိုင်းအလုပ်ရှင်က ခြိမ်းခြောက်မှုပါ ပြုလုပ်လျက်ရှိကြောင်း ကူညီဆောင်ရွက်ပေးနေသူများနှင့် အလုပ်သမားများထံမှ သိရသည်။

ဝင်ငွေခွန် နှစ်ထပ်ကောက်မှု ကိုရီးယားရောက် မြန်မာများ ပေးမည်မဟုတ်

ဝင်ငွေခွန် နှစ်ထပ်ကောက်မှု ကိုရီးယားရောက် မြန်မာများ ပေးမည်မဟုတ်

by ဧရာဝတီ
31 January 2024
1.4k

လက်ရှိတွင် ကိုရီးယားအစိုးရအနေဖြင့် မြန်မာနိုင်ငံမတည်မငြိမ် ဖြစ်နေသည့် ကာလအတွင်း အိမ်ပြန်ခွင့် မရသေးသူများကို ဆက်လက်နေထိုင်ခွင့်ပေးထားကြောင်း

မလေးရှားတွင် အထောက်အထားမဲ့မြန်မာ ၁ ထောင်ကျော် ဖမ်းဆီးခံရ

မလေးရှားတွင် အထောက်အထားမဲ့မြန်မာ ၁ ထောင်ကျော် ဖမ်းဆီးခံရ

by ဧရာဝတီ
9 January 2024
1.4k

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန၏ ယာယီထိန်းသိမ်းရေးအချုပ်များ၌ ၃ လခန့် အချုပ် ကျခံရမည် ဖြစ်ပြီး ထိုမှတဆင့် ထိန်းသိမ်းစခန်းများသို့ ပို့ဆောင်ကာ မြန်မာသံရုံးမှ နိုင်ငံသားဖြစ် မဖြစ် အတည်ပြု၍ မြန်မာနိုင်ငံ သို့ ပြန်လည်ပို့ဆောင်မည်

မလေးရှား၌ မြန်မာ ၈၀ ကျော် ဖမ်းမိ၊ ထွက်ပြေးသူ ၁ ဦး ရထားကြိတ်၍ သေဆုံး

မလေးရှား၌ မြန်မာ ၈၀ ကျော် ဖမ်းမိ၊ ထွက်ပြေးသူ ၁ ဦး ရထားကြိတ်၍ သေဆုံး

by ဧရာဝတီ
7 October 2024
1.2k

ဆရန်ဘန်မြို့ရှိ စက်ရုံများသို့ အော်ပရာဇီဝင်ရောက်လာသဖြင့် ထွက်ပြေးခဲ့ကြရာ ပဲခူးတိုင်း၊ အင်း တကော်မြို့နယ်မှ လာရောက်အလုပ်လုပ်သည့် အသက် ၃၅ နှစ်အရွယ် မြန်မာအမျိုး သမီးတဦး ရထားကြိတ်ခံရ၍ သေဆုံး

Next Post
Jaguar Land Rover က မောင်းသူမဲ့ကား ထုတ်လုပ်ဖို့ Lyft နဲ့ အတူ ရင်းနှီးမြှပ်နှံမှုလုပ်

Jaguar Land Rover က မောင်းသူမဲ့ကား ထုတ်လုပ်ဖို့ Lyft နဲ့ အတူ ရင်းနှီးမြှပ်နှံမှုလုပ်

ရန်ကုန်မြို့ရှိ ဆေးဆိုးပန်းရိုက် လုပ်ငန်း တခုကို တွေ့ရစဉ် / ဧရာဝတီ

SME လုပ်ငန်းများ ငွေချေးရာတွင် ချင်းပြည်နယ်ကို ဦးစားပေးမည်

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

14 hours ago
3.5k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate