• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

SME လုပ်ငန်းများ ငွေချေးရာတွင် ချင်းပြည်နယ်ကို ဦးစားပေးမည်

by မျိုးပပစန်း
30 June 2017
in သတင်း
A A
ရန်ကုန်မြို့ရှိ ဆေးဆိုးပန်းရိုက် လုပ်ငန်း တခုကို တွေ့ရစဉ် / ဧရာဝတီ

ရန်ကုန်မြို့ရှိ ဆေးဆိုးပန်းရိုက် လုပ်ငန်း တခုကို တွေ့ရစဉ် / ဧရာဝတီ

8.7k
VIEWS
Share on FacebookShare on Twitter

JICA နှင့် ပူးပေါင်းပြီး ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းရှင်များသို့ ငွေထုတ်ချေးပေးရာတွင် ဖွံ့ဖြိုးမှု နည်းပါးနေသေးသည့် ချင်းပြည်နယ်သို့ ဦးစားပေးမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နှင့် မြန်မာအစိုးရတို့ သဘောတူညီမှုဖြင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) က Two Step Lone ဖြင့် ကျပ် ၅၀ ဘီလီယံကျော် ထုတ်ချေးထားရာ ယင်းအထဲမှ ယခုဘဏ္ဍာနှစ်တွင် ထုတ်ချေးရန် ကျပ် ၁၅ ဘီလီယံ ကျန်ရှိနေကြောင်း၊ ထိုချေးငွေထဲမှ ချင်းပြည်နယ်သို့ ဦးစားပေး ထုတ်ချေးပေးမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာာရေး ဝန်ကြီးဌာနမှ သိရသည်။

RelatedPosts

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

16 July 2025
7
မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

16 July 2025
3
နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

16 July 2025
661

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ‘‘SME လုပ်ငန်းတွေမှာ ဂျပန် JICA နဲ့အခု ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ဒီနေရာမှာ ဖွံ့ဖြိုးမှု နည်းတဲ့ ချင်းပြည်နယ်ကို ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ယခုလ နောက်ဆုံးပတ်အတွင်း သတ္တမအကြိမ်မြောက် ဒုသမ္မတနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ဂျပန် – မြန်မာ နှစ်နိုင်ငံ အစိုးရ သဘောတူညီမှုအရ JICA က ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ အသေး စားနှင့် အလတ်စား စက်မှုဖွံ့ဖြိုး တိုးတက်ရေးဘဏ်၊ ဧရာဝတီဘဏ်နှင့် မြန်မာနိုင်ငံသားများ ဘဏ်များသို့ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ကျပ်ငွေ ၃၅ ဘီလီယံကျော်ကို အတိုး ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးထားပြီး ယင်းဘဏ် များမှတဆင့် SME လုပ်ငန်းများသို့ ထိုအတိုးနှုန်းအတိုင်း ပြန်လည် ထုတ်ချေးပေးခြင်း ဖြစ်သည်။

ယခု ထုတ်ချေးပေးရန် ကျန်ရှိသည့် ၁၅ ဘီလီယံအား မည်သည့်ဘဏ်သို့ ချပေးမည်ဆိုသည်ကို မသိရှိရသေးပေ။

ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဒေါက်တာရွှေဟိန်းက “ချင်းပြည်နယ်က SME လုပ်ငန်းတွေအတွက် ချေးငွေ မရရှိဘူး။ စစ်ကိုင်းနဲ့ မုံရွာမှာရှိတဲ့ SMIDB ဘဏ် (အသေးစား နှင့် အလတ်စား စက်မှု လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဘဏ်) ကို သွားလျှောက်ရတယ်။ ဒီနေရာမှာလည်း လိုအပ်ချက်တွေ အရမ်းများတဲ့အတွက် ဖြေလျှော့ပေးဖို့ ဝန်ကြီးဌာနကို တောင်းဆိုထားတယ်” ဟု ပြောသည်။

ချင်းပြည်နယ်သည် လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသောကြောင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် အခက်အခဲ များ ရှိနေခြင်းနှင့် နယ်နိမိတ်ချင်း ကုန်သွယ်မှု ပြုလုပ်နေသည့် အိန္ဒိယ နိုင်ငံသည်လည်း တောင်တန်းများ ကာနေသော ကြောင့် ပြည်နယ်ကုန်သွယ်မှု စခန်းဖြစ်သည့် ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ထားသည်မှာ ၄ နှစ်နီးပါး ရှိသော် လည်း ကုန်သွယ်မှု ပမာဏမှာ လွန်စွာနည်းပါးလျက် ရှိနေကြောင်း ကုန်သည်စက်မှု အသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဖြစ်သူ နယ်စပ်ကုန်သွယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးလှဦးက ပြောသည်။

ချေးငွေရယူမည့် SME လုပ်ငန်းရှင်များသည် မရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အာမခံ ထား၍ လည်းကောင်း၊ အာမခံပစ္စည်း ပြည့်မီအောင် မပေးနိုင်လျှင် Business Plan ကို အဓိကထား၍ ချေးငွေများ ထုတ်ချေးပေးသည့် ချေးငွေအာမခံ Credit Guarantee Insurance (CGI) စနစ်ဖြင့် လည်းကောင်း ချေးငွေ လျှောက် ထားနိုင်မည်ဟု သိရသည်။

အပေါင်ပစ္စည်းမပါဘဲ ချေးယူလျှင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ပေးရမည်ဖြစ်ပြီး တနှစ်စာ အာမခံ ပရီမီယံကြေး ၃ ရာခိုင်နှုန်း ရှိသော အသေးစား အလတ်စားလုပ်ငန်းရှင် တဦးလျှင် ချေးငွေ ပမာဏ အများဆုံး ကျပ်သိန်း ၂၀၀ အထိ တနှစ် သက် တမ်းဖြင့် ချေးယူနိုင်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးအောင်က ပြောသည်

လက်ရှိ ချေးပေးရန် ကျန်ရှိသည့် ကျပ် ၁၅ ဘီလီယံကို ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်လည်း ထပ်မံ ထုတ်ချေး ပေးနိုင် ရန် ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ထုတ်ချေးထားသည့် ဘဏ် ၆ ခု၏ ချေးငွေ ထုတ်ချေးပေးနေသည့် အခြေ အနေများ၊ မူဝါဒလုပ်ဆောင်ချက်များနှင့် SME လုပ်ငန်းရှင်များအပေါ် အကျိုးသက်ရောက်မှု ရှိ၊ မရှိကို JICA က ပြန်လည် သုံးသပ် စိစစ်နေကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

Your Thoughts …
Tags: ချေးငွေ
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

by ဧရာဝတီ
19 July 2024
5.6k

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် နိုင်ငံတကာဘဏ်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံဘဏ် တခု ဖြစ်ပြီး နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ ဦးစီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းများ၊ နိုင်ငံခြားသားများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေပေးငွေယူကိစ္စ စသည်တို့ကို ဆောင်ရွက်ရသောဘဏ်တခု ဖြစ်သလို ဒေါ်လာလိုအပ်နေသော...

ကိုယ့်ငွေကို ဘဏ်ကပြန်ထုတ်ဖို့ ခက်နေပြီ (ရုပ်/သံ)

ကိုယ့်ငွေကို ဘဏ်ကပြန်ထုတ်ဖို့ ခက်နေပြီ (ရုပ်/သံ)

by မိုးသောက်
13 July 2024
556

ပြည်တွင်းမှာရှိတဲ့ဘဏ်တွေက အပ်နှံထားတဲ့ငွေတွေကို ခုရက်ပိုင်း အကန့်အသတ်နဲ့သာထုတ်ပေးနေတော့တယ်လို့ ဘဏ်စနစ် အသုံးပြုသူတွေကဆိုပါတယ်။

နွေဦးဘဏ်ကနေ ချေးငွေထုတ်ပေးဖို့ စီစဉ်နေ (ရုပ်/သံ)

နွေဦးဘဏ်ကနေ ချေးငွေထုတ်ပေးဖို့ စီစဉ်နေ (ရုပ်/သံ)

by ဘုန်းအောင်
7 June 2024
151

တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေတွေမှာ အမျိုသားညီညွှတ်ရေး အစိုးရ (NUG) ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (SCB) ကနေ အခု ၂၀၂၄ ခုနှစ်အတွင်း ချေးငွေထုတ်ချေးပေးဖို့ စီစဉ်နေတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ကိုဗစ်ကာလ အသေးစားငွေချေးလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်နိုင်မှုက အာရုံစိုက်စရာတခု ဖြစ်လာသည်

အသေးစားငွေချေးလုပ်ငန်းက လူထု အသက်ရှူချောင်ဖို့လား၊ အသက်ရှူကျပ်ဖို့လား၊

by မျိုးပပစန်း
20 July 2020
16.5k

အစိုးရက ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိသည့် ချေးငွေယူသူများကို ဆိုင်းငံ့ပေးရန် ညွှန်ကြားမှုများ ရှိနေသော်လည်း မြေပြင်အခြေအနေ၌ တဖက်လှည့်နှင့် အတင်း ကောက်ခံခြင်းများ ရှိနေသည်။

နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ရုံးဆင်းလာသည့် နိုင်ငံ့ဝန်ထမ်းများ  / သီဟလွင်  / ဧရာဝတီ

အစိုးရဝန်ထမ်းများကို ၂လစာ အတိုးမဲ့ ထုတ်ချေးမည်

by အောင်သီဟ
1 September 2020
9.9k

အဆိုပါ အတိုးမဲ့ချေးငွေသည် နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း) အားလုံး အကျုံးဝင်မည် ဖြစ်ပြီး ချေးငွေကို ဆိုင်းငံ့ကာ လ ၆ သတ်မှတ်နှင့် ပြန်ဆပ်ကာလ ၁ နှစ် သတ်မှတ်ကာ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရ သည်။

အစိုးရဆီမှာ တရားဝင်မှတ်ပုံတင် ထားတဲ့ SME လုပ်ငန်းရှင် ၆၇၇၉၈  ဦးရှိပြီး အဲဒီအထဲကမှ ချေးငွေရရှိသူ ၃၀၀ ခန့်ရှိ / Reuters

SME တွေ ချေးငွေရဖို့ ဘာလို့ခက်နေလဲ

by ကောင်းမြတ်မင်း
9 October 2018
19.7k

ယမန်နှစ်က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် မြန်မာနိုင်ငံက SME များ အစိုးရချေးငွေ မရရှိခဲ့ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

Next Post
သူရဦးရွှေမန်း / Facebook

ကောလာဟလထက် ပြည်သူ့သုံးသပ်ဝေဖန်မှုကိုအဓိကထားဟု သူရဦးရွှေမန်းပြော

Master Piece တေးစီးရီး စာနယ်ဇင်းမိတ်ဆက်ပွဲတွင် တွေ့ရသော အဆိုတော် ပိုပို / ယုဖြူဟန် / ဧရာဝတီ

တေးသံရှင် ပိုပို တတိယမြောက်တေးစီးရီး မကြာခင် ထွက်မည်

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

1 week ago
8.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

6 days ago
4.5k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate