သတင်း

ကောလာဟလထက် ပြည်သူ့သုံးသပ်ဝေဖန်မှုကိုအဓိကထားဟု သူရဦးရွှေမန်းပြော

Want create site? Find Free WordPress Themes and plugins.

NLD အစိုးရအဖွဲ့ဝင်အဖြစ် ခန့်အပ်မည်ဟုလည်းကောင်း၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖြစ် ခန့်အပ်သည်ဆိုသော အမိန့်စာတု ထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး ပြည်သူ့သဘောဆန္ဒ၊ သုံးသပ်ဝေဖန်မှုကိုသာ အဓိကထားသည်ဟု သူရဦးရွှေမန်းက ပြန်လည်ပြောဆိုသည် ။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ရှံးနိမ့်ခဲ့သော်လည်း ရွေးကောက်ပွဲအနိုင်ရ အာဏာရပါတီ NLD ၏ သမ္မတလောင်းအဖြစ် ထင်ကြေးပေးခံခဲ့ရသည်။ ထို့အပြင် NLD အစိုးရအဖွဲ့ဝင်အဖြစ် ခန့်အပ်မည်ဟုလည်းကောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖြစ် ခန့်အပ်ကြောင်း အမိန့်ကြေညာစာ အတုတစောင် ဇွန်လ ၂၄ ရက်က ထွက်ပေါ်ခဲ့သည်။

ထိုသို့သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး သူရဦးရွှေမန်းက“ တချို့ကလည်း တကယ်ဖြစ်စေချင်လို့ ဖြစ်မှာပေါ့၊ တချို့ကျတော့ သိက္ခာကျအောင် ဘေးကနေပြီး အတွေးတွေတမျိုးဖြစ်အောင် ဒီလိုပြောတာ ဖြစ်မှာပေါ့။ သူတို့ပြောသလို တွေးတာထက်စာရင် အရေးကြီးတာက ပြည်သူရဲ့သဘောဆန္ဒ၊ ပြည်သူတွေ ဘယ်လိုသုံးသပ်သလဲ၊ ပြည်သူတွေ ဘယ်လိုဝေဖန်လဲ ဒါကအဓိက ကျတယ်” ဟုပြောသည်။

လက်ရှိ၌ သူရဉ်ီးရွှေမန်းသည် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကနေရာကို တာဝန်ယူထားကြောင်းနှင့် ထိုဌာနတွင် လက်ရှိဆောင်ရွက်ခွင့် ရနေသည့်ကိစ္စများက အစိုးရဌာနတခုထက် ဆောင်ရွက်ချက်ပိုများပြီး အားရကြောင်း ၎င်းက ယနေ့နံနက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် ပညာရည်ချွန်ဆုပေးပွဲအပြီးတွင် ဧရာဝတီကို ပြောဆိုသည် ။

သူရဦးရွှေမန်းက“အစိုးရအဖွဲ့ဝင် တာဝန်ပေးမယ်ဆိုလည်း ဒါနဲ့ပတ်သက်လို့ တော်တော်ကြီး စဉ်းစားရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အနေနဲ့ တာဝန်ယူဆောင်ရွက်နိုင်မှုတွေဟာ အစိုးရဌာနတခု ဆောင်ရွက်နေတာထက် မလျော့ပါဘူး” ဟု ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading