သတင်း

လှည်းကူး ညောင်နှစ်ပင်တွင် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်မည်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် ဒေသတွင် အိမ်ရာ နှင့် သင်တန်းကျောင်း အပါအဝင် မြို့ ပြဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက “အကောင်အထည်ဖော် ဆောင်ရွက် သွားမယ့် စီမံကိန်းတွေကတော့ စက်မှုလုပ်ငန်း ဧရိယာ၊ သုတေသန နှင့် ဖွံ့ဖြိုးရေး စင်တာ၊ သင်တန်းကျောင်း၊ အိမ်ရာ နှင့် စီးပွားရေး ဆိုင်ရာ အဆောက်အအုံများ စသည်တို့ ပါဝင်မှာဖြစ်ပြီး စီမံကိန်း ၏ ဖြစ်တန်စွမ်း အခြေအနေလေ့လာရေး Detail Facilities Study အတွက် ပြည်ထောင်စု အစိုးရ ၏ ခွင့်ပြုချက်ဖြင့် ကိုရီးယားသမ္မတ နိုင်ငံ အစိုးရ ၏ Land and housing Corporation နဲ့ စတင် ဆက်သွယ် ဆောင်ရွက်ရန် စီမံထားရှိပြီးဖြစ်ပါတယ်” ဟု ပြောသည်။

ယမန်နေ့ က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ကချင် ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်း ၏ ညောင်နှစ်ပင် ဒေသတဝိုက်ရှိ ဇုန်များအနက် ဇုန် ၃ ဧရိယာ အတွင်းပါရှိသည့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရန် အမျိုးသားညီလာခံ စတင် လုပ်ဆောင်ခဲ့သည့် အဆောက်အအုံ မြေနေရာအား အကျိုးရှိအောင် မည်သို့ဆောင်ရွက်မည်နည်း ဆိုသည့် မေးခွန်းအား ဒုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ကို ညောင်နှစ်ပင် ဒေသရှိ အမှတ် ၃ ဇုန် အတွင်းဧက ၆၀၀ ခန့် ရှိသည့် မြေနေရာပေါ်မှ အဆောက်အအုံများထဲတွင် ၁၅ နှစ်နီးပါး အချိန်ယူ ရေးဆွဲခဲ့ကြခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါနေရာရှိ အဆောက်အအုံများမှာ ထိန်းသိမ်းစောင့်ရှောက်မှု ကင်းမဲ့နေသဖြင့် ပျက်စီးယိုယွင်းမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုရှင် ဒေါက်တာ ခွန်ဝင်းသောင်းက ၎င်း၏ မဲဆန္ဒနယ် မြေ မဟုတ်သော်လည်း ယခင်ကာလများက လုပ်ပိုင်ခွင့်ရှိသူ များ ၏ တဦးတယောက်၏ အမိန့်ဖြင့် ဆောက်ချင်သလို ဆောက်ခဲ့ကြခြင်း ဖြစ်သော်လည်း လက်ရှိအချိန်တွင် နိုင်ငံ၏ ဘဏ္ဍာငွေ အယိုအဖိတ် မဖြစ်စေရန်၊ အနီးနားရှိ ဇုန် အတွင်း စိုက်ပျိုးမွေးမြူနေကြသူများ ဖွံ့ဖြိုးတိုးတက်၍ ဒေသ တခုလုံး ၏ စားနပ်ရိက္ခာ ပိုမို ဖွံ့ဖြိုးလာစေရန်နှင့် ဒေသခံ များ အလုပ်အကိုင်အခွင့်အလမ်း ပေါ်ပေါက်လာစေရန် မေးမြန်းရခြင်းဖြစ်သည် ဟု ရှင်းပြသည်။

ယခင်က အဆိုပါ မြေနေရာတွင် ရင်းနှီးမြုပ်နှံလုပ်ကိုင်ရန်ဟုဆိုကာ Samsung ကုမ္ပဏီ က ကမ်းလှမ်းခဲ့သော်လည်း အာဏာပိုင်များနှင့် ညှိုနှိုင်း၍ မရခဲ့သောကြောင့် ဗီယက်နမ် သို့ ရွှေ့ပြောင်းသွားခဲ့ သည်ဟုလည်း မေးခွန်းရှင်ဒေါက်တာ ခွန်ဝင်သောင်း ၏ တင်ပြချက်တွင်ပါရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ညောင်နှစ်ပင် သင်တန်းကျောင်း မြေ ဧရိယာ ၆၀၀ ဧက ခန့်မှာအကျိုးရှိသော မြို့မြေ အဖြစ်အသုံးပြုမှုကြောင့် ယင်းဒေသနှင့် ရန်ကုန်တိုင်းဒေသကြီး ၏ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုခြင်း ၊ အလုပ်အကိုင်အခွင့်အလမ်း ပေါများလာခြင်း နှင့် နိုင်ငံတော် အတွက် အခွန်ဘဏ္ဍာငွေ များစွာရရှိခြင်း တို့ အကျိုးရှိလာမည်ဖြစ်ကြောင်း ဒုဝန်ကြီးဦးကျော်လင်းက ပြန်လည်ရှင်းလင်းပြောဆိုခဲ့သည် ။

Did you find apk for android? You can find new Free Android Games and apps.
Loading