သတင်း

အင်းဗြောင် စခန်းမှ အကျဉ်းသား ၅ ဦး ထွက်ပြေး လွတ်မြောက်နေ

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ် ပေါင်မြို့နယ် အတွင်းရှိ အင်းဗြောင် ရဲဘက် အကျဉ်း ကျောက်ထုတ် စခန်းမှ တရားခံ ၅ ဦး ထွက်ပြေး သွားသောကြောင့် လက်ရှိ၌ ပိတ်ဆို့ ရှာဖွေ ဖမ်းဆီးနိုင်ရေး အတွက် လုပ်ဆောင်နေကြောင်း ပေါင်မြို့မ စခန်းမှူး ဒုရဲမှူး ထွန်းဇော်ဦးက ဧရာဝတီ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“သူတို့က ၂၈ ရက်နေ့ မနက် ၁၀ နာရီ လောက်မှာ ကုန်ထုတ်လုပ်ငန်း လုပ်နေတဲ့ အချိန်မှာ အစောင့် ဒုတပ်ကြပ်ကို ကျောက်ခဲတွေနဲ့ပစ် တူနဲ့ထုပြီး ထွက်ပြေး သွားတာ” ဟု ပေါင်မြို့မ စခန်းမှူး ဒုရဲမှူး ထွန်းဇော်ဦးက ပြောသည်။

အကျဉ်းကျောက်ထုတ် စခန်းမှ ထွက်ပြေး သွားသူ ၅ ဦးအား ထွက်ပြေးသွားသည့် ဇွန်လ ၂၈ ရက်နေ့ ချက်ချင်း လိုက်လံ ရှာဖွေခဲ့သော်လည်း မတွေ့ရှိ ခဲ့သဖြင့် ဇွန်လ ၂၉ ရက်နေ့၌ ပေါင်မြို့မ ရဲစခန်း၌ လာရောက် အမှုဖွင့် ထားကြောင်း စခန်းမှူးက ရှင်းပြသည်။

ထွက်ပြေး လွတ်မြောက်သွားသည့် အကျဉ်းသား ၅ ဦးမှာ ထောင်ဒဏ် ၁၃ နှစ် ကျခံ နေရသည့် အသက် ၂၁ နှစ်အရွယ် ပြည့်စုံအောင်၊ ထောင်ဒဏ် ၁၀ နှစ် ကျခံ နေရသည့် အသက် ၂၇ နှစ်အရွယ် ရဲဝင်းနိုင် (ခ) အကြီးကောင်၊ ၂၆ နှစ်အရွယ် ရန်နိုင်၊ ထောင်ဒဏ် ၉ နှစ် ကျခံ နေရသည့် အသက် ၃၂ နှစ် အရွယ် ဆန်းလင်းဇော်နှင့် ထောင်ဒဏ် ၈ နှစ် ကျခံ နေရသည့် အသက် ၃၀ အရွယ် ကိုရဲ (ခ) သန်းနိုင် တို့ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရှိရသည်။

အဆိုပါ တရားခံ များသည် ကျောက်ထုတ် လုပ်ငန်း လုပ်ဆောင် နေချိန်တွင် တာဝန်ကျ အစောင့် ဒုတပ်ကြပ် သက်လွင်အား ခဲဖြင့် ပေါက်၍ တူဖြင့် ထုကာ တွက်ပြေး သွားကြကာ တာဝန်ကျ အစောင့်မှာ ဝမ်းဗိုက်နှင့် ခါးတို့၌ ဒဏ်ရာ ရရှိ ခဲ့ကာ မစိုးရိမ်ရဟု သိရသည်။

ပေါင်မြို့မ ရဲစခန်းမှ ထွက်ပြေးသွားသည့် တရားခံများအား ပြန်လည် ဖမ်းဆီး နိုင်ရေး အတွက် အင်းဗြောင်ကုန်ထုတ် စခန်းမှူ လက်ထောက်ကြီးကြပ်ရေးမှူး (၁) ညီညီလွင်မှ တရားလို ပြု၍ ပေါင်မြို့မ ရဲစခန်း၌ ပုဒ်မ ၃၃၂၊ ၂၄၄ တို့ဖြင့် လာရောက် အမှုဖွင့် ထားခြင်း ဖြစ်သည်။

၎င်းထွက်ပြေး သွားကြသည့် အကျဉ်းသား များသည် အင်းဗြောင် ကျောက်ထုတ် စခန်း နောက်ကျောရှိ တောင်ကြော ပေါ်တွင် ပုန်းအောင်း နေသည်ဟု ယူဆထားကြပြီး အကျဉ်းဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူး များမှ ပိတ်ဆို့၍ ရှာဖွေ ဖမ်းဆီးနိုင်ရန် လုပ်ဆောင် နေကြောင်း ပေါင်မြို့မ စခန်းမှူး ဒုရဲမှူး ထွန်းဇော်ဦးက ရှင်းပြသည်။

၎င်းက “လောလောဆယ်တော့ အဲဒီ အင်းဗြောင် ကျောက်ထုတ်စခန်း နောက်မှာ တောင်ကြောရှိတယ်၊ ရာဘာခြံတွေ လည်း ရှိတယ်၊ အဲဒီမှာပဲ ခိုအောင်း နေတယ်လို့ ယူဆတယ်။ အတိအကျတော့ ပြောလို့တော့ မရဘူးပေါ့နော်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မော်လမြိုင် ခရိုင် အကျဉ်းဦးစီး ဌာနမှ တာဝန်ရှိသူများထံ ကြိုးစား ဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading