• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းရောက် တရားမဝင် အလုပ်သမားများကို ဖမ်းဆီးချုပ်နှောင်မှုများ မလုပ်ရန် မြန်မာအစိုးရ ညှိနှိုင်းနေ

by ဖေသက်ထက်ခင်
30 June 2017
in သတင်း
A A
ထိုင်းရောက် တရားမဝင် အလုပ်သမားများကို ဖမ်းဆီးချုပ်နှောင်မှုများ မလုပ်ရန် မြန်မာအစိုးရ ညှိနှိုင်းနေ
7.4k
VIEWS
Share on FacebookShare on Twitter

ဇွန် ၂၂ရက်နေ့ က ပြဌာန်းခဲ့သည် ထိုင်းနိုင်ငံ ၏ ဥပဒေသစ်အရ တရားမဝင် မြန်မာအလုပ်သမားများကို ထိုင်းစစ်တပ်ကပါ ဖမ်းဆီးခြင်းများ ရှိနေသဖြင့် ဖမ်းဆီးချုပ်နှောင်မှုများ မပြုလုပ်ဘဲ ပြန်လည် ပို့ဆောင်ပေးရန် ညှိနှိုင်းနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေက ဧရာဝတီသို့ ပြောသည် ။

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက “ဒီကလေးတွေကို ပညာပေးဖို့၊ အလုပ်သမားတွေကို ပညာပေးဖို့ ပြင်ဆင်ချိန်ပေးပါ။ သူတို့ကို ဖမ်းတာ၊ ဆီးတာ မလုပ်ပဲ ထိန်းသိမ်းပြီးတော့မှ ပြန်ပို့ပေးပါ။ ကျနော်တို့က စနစ်တကျ လွှဲပြောင်းလက်ခံပါမယ်။ လမ်းမှာလည်းပဲ သူတို့ကို အနှောင့်အယှက်မပေးပါနဲ့ ဥပဒေအရ ဖမ်းဆီး၊ ချုပ်နှောင်တာတွေ၊ ဒဏ်တပ်တာတွေ မလုပ်ပါနဲ့လို့ ကိုယ်တို့ ညှိထားတယ်။ နိုင်ငံခြားရေးကတဆင့် စာပို့ထားတယ်။ ဖုန်းတွေနဲ့လည်း လိုက်ညှိနေပါတယ်။” ဟု ဆိုသည်။

RelatedPosts

တော်လှန်ရေးဗွက်ထခြင်း

တော်လှန်ရေးဗွက်ထခြင်း

20 July 2025
377
စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

20 July 2025
46
ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

20 July 2025
165

ဆက်လက်၍ ၎င်းက “ ဘန်ကောက်မြို့လယ် ကုန်တိုက်တွေအပါအဝင် ပြည်နယ်အချို့မှာရော၊ အလုပ်ရုံတွေ၊ စက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ တရားမဝင် အထောက်အထားမရှိတဲ့ အလုပ်သမားတွေကို ထိုင်းဖက်က တာဝန်ရှိသူတွေက လိုက်ဖမ်းနေတာပေါ့။ အဲဒီမှာ အလုပ်သမားဌာနလည်းပါတယ်။ လ.ဝ.က ဌာနလည်းပါတယ်။ နောက် ပြည်သူ့ရဲတွေလည်း ပါတယ်။ အချို့နေရာတွေမှာ တပ်ကတောင်ပါပြီး ဖမ်းနေတာပေါ့နော်။” ဟု ရှင်းပြသည်။

ယင်းကဲ့သို့ဖမ်းဆီးမှုများ မပြုလုပ်ရန် မြန်မာ အစိုးရဘက်မှတောင်းဆိုနေကြောင်း၊ တရားမဝင် အလုပ်သမားများသည် ထိုင်းနိုင်ငံ ဥပဒေအသစ်အရ ဘတ်ငွေ ၂ သိန်းမှ လေးသိန်း အထိ ဒဏ်ငွေ ပေးဆောင်ရနိုင်ကြောင်း၊ ထောင်ဒဏ်များကျခံ နိုင်ကြောင်း အလုပ်သမား များသို့ သတိပေးပြောဆိုခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ သိရသည်။

ဇွန် ၂၉ ရက်နေ့အထိ ထိုင်းနိုင်ငံက ဖမ်းဆီးခဲ့သည့် အလုပ်သမား ၂၅၀၀ ခန့်ကို မြဝတီဂိတ်ကိုလာရောက်ပို့ဆောင်ခဲ့ရာ ထိုနေရာတွင်ရှိသည့် အလုပ် သမားအဖွဲ့ များ၊ ထွေအုပ်၊ လဝက စသည့်အဖွဲ့များက ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း ၊ ထပ်မံရောက်ရှိလာမည့် အလုပ်သမားများကိုလည်း လုံခြုံရေး ကိစ္စများနှင့် နေရပ်ပြန်လိုသူရှိလျှင်ပြန်နိုင်အောင် ဆောင်ရွက်ပေးရန် ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် အဖွဲ့က စောင့်ဆိုင်းနေကြောင်းသိရသည်။

မြန်မာ အလုပ်သမားဝန်ကြီး အနေဖြင့် ယခုဖမ်းဆီးသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ယနေ့နေ့လည်ပိုင်းတွင် ထိုင်းသံအမတ်ကြီးနဲ့တွေ့ဆုံပြီး အသေးစိတ် တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသား ၄ သန်း ဝန်းကျင်ရှိပြီး၊ တရားဝင် အလုပ်လုပ်ခွင့်ပါမစ်ဖြင့် နေထိုင်သူဦးရေသည် ၁ ဒသမ ၇ သန်းကျော် ရှိကြောင်း မြန်မာသံရုံးက ပြောဆိုထားသည်။
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသူအားလုံးသည် ၂၀၁၈ ခုနှစ်တွင် တရားဝင် MOU အလုပ်သမားများ ဖြစ်ရမည်ဟု အာဏာသိမ်း ထိုင်းစစ်အစိုးရက သတ်မှတ်ထားကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်- ထိုင်းနိုင်ငံရောက် တရားမဝင်မြန်မာလုပ်သားထောင်ချီ ပြည်တော်ပြန်လာနေ

Your Thoughts …
Tags: အလုပ်သမား
ဖေသက်ထက်ခင်

ဖေသက်ထက်ခင်

ဧရာဝတီ

Similar Picks:

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

by ယုဖြူဟန်
8 March 2025
7.3k

ပြည်ပထွက်ခွာမည့် အလုပ်သမားများသာမက ပြည်ပမှ ခွင့်ပြန်အလုပ်သမားများပါ ပြန်လည်ထွက်ခွာခွင့်မရ ဘဲ ပိတ်မိနေကြောင်း

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

by ဧရာဝတီ
18 October 2023
6.6k

အခွန်ကင်းရှင်းကြောင်း အထောက်အထားမပြနိုင်ပါက သက်တမ်းတိုးပေးမည် မဟုတ်ကြောင်း၊ ပြည်ပတွင် သက်တမ်းတိုးလိုသူများအနေဖြင့် သက်ဆိုင်ရာသံရုံးများတွင် အခွန်တခါတည်းဆောင်ကာ သက်တမ်းတိုးနိုင်မည်

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

by ဧရာဝတီ
14 February 2024
6.1k

လတ်တလော စေလွှတ်ရန် ပြင်ဆင်နေသော အလုပ်သမားများကိုမူ ပုံမှန်အတိုင်း စေလွှတ်နိုင်ပြီး အလုပ်ခေါ်စာ အသစ်တင်ပြမှုများကိုသာ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ပြန်ဖြေလျှော့

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ပြန်ဖြေလျှော့

by ဧရာဝတီ
7 May 2024
5.9k

ပြည်ပထွက် အလုပ် လုပ်ခွင့်ကန့်သတ်ချက်ကို ပြန်လည်ဖြေလျှော့ခဲ့သော်လည်း အသက် ၂၃ နှစ်မှ ၃၁ နှစ်အတွင်း အမျိုးသားများ၏ အလုပ်ခေါ်စာ (Demand Letter) များကို လက်ခံခြင်းမရှိသေးကြောင်း

Honeys စက်ရုံမှ အလုပ်ထုတ်ခံရသူများ နစ်နာကြေး သိန်း ၈သောင်းကျော်တောင်း

Honeys စက်ရုံမှ အလုပ်ထုတ်ခံရသူများ နစ်နာကြေး သိန်း ၈သောင်းကျော်တောင်း

by ဧရာဝတီ
24 February 2025
5.1k

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံအား ၇ နှစ်ကျော်ကြာ နစ်နာကြေးအဖြစ် ငွေကျပ်သိန်းပေါင်း ၈ သောင်းကျော်ပေးရန် နစ်နာသူအလုပ်သမားများနှင့် အလုပ်သမားရေးဆောင်ရွက်သူများက တောင်းဆိုထားကြောင်း

ထိုင်းသို့ လုပ်သားစေလွှတ်မှု ရပ်သည့် နှုတ်မိန့်ကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်

ထိုင်းသို့ လုပ်သားစေလွှတ်မှု ရပ်သည့် နှုတ်မိန့်ကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်

by ဧရာဝတီ
14 February 2025
4k

မြန်မာ-ထိုင်း နှစ်နိုင်ငံသဘောတူညီမှုစာချုပ်(MoU)ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုအား ယနေ့မှစပြီး စစ်ကောင်စီက ယာယီဆိုင်းငံ့လိုက်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။

Next Post
အမေရိကန်က ထိုင်ဝမ်သို့ လက်နက်ရောင်းချမှု တရုတ်ဒေါသထွက်

အမေရိကန်က ထိုင်ဝမ်သို့ လက်နက်ရောင်းချမှု တရုတ်ဒေါသထွက်

ဇွန်လ ၃၀ ရက် နေ့လယ်ပိုင်းက ရန်ကုန် မြို့တော် ခန်းမရှေ့တွင် ပြုလုပ်သည့် သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှားမှု  / မျိုးမင်းစိုး / ဧရာဝတီ

မီဒီယာဖိနှိပ်မှု ကန့်ကွက်ပွဲ ရန်ကုန် မြို့တော်ခန်းမ ရှေ့တွင် ပြုလုပ်

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.1k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
5k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate