သတင်း

စစ်တွေပဋိပက္ခ လူသေဆုံးမှု တရားခံများ ဖမ်းဆီးနိုင်ခြင်း မရှိသေး

Want create site? Find Free WordPress Themes and plugins.

အင်္ဂါနေ့က မွတ်ဆလင်တဦးသေဆုံးစေသော မှုခင်းဖြစ်ပွားသည့် နေရာတွင် လိုက်ပါစောင့်ကြပ်သည့် ရဲတပ်ဖွဲ့ဝင်များ ရှိစေကာမူ တိုက်ခိုက်မှုအတွက် သံသယရှိသူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း စစ်တွေခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ ဒုရဲမှူကြီး ဝင်းနိုင်က ပြောသည်။

ရဲအရာရှိများက ရခိုင်ဗုဒ္ဓဘာသာဝင် အများစုရှိသော ရွာကြီးမြောက်ရပ်ကွက်ရှိ ဒါးပိုင် ပြည်တွင်းနေရပ်စွန့်ခွာရသူများ စခန်းမှ မွတ်ဆလင် ၇ ဦးကို စောင့်ကြပ်လိုက်ပါသည့် ရဲတပ်ဖွဲ့ဝင်၏ပြောဆိုချက်များကို ထုတ်ပြန်ရန် ငြင်းဆိုသည်။ အစောပိုင်းကမူ ထိုမွတ်ဆလင်အုပ်စုသည် တိုက်ခိုက်မှု ဖြစ်ပွားရာ မြို့နယ်တရားရုံးတွင် သက်သေခံရန် လာသည်ဟု ဆို သည်။

အမှတ် ၂ ရဲစခန်းမှ တာဝန်ပေးထားသော ရဲတပ်သားသည် လက်နက်တပ်ဆင်ထားခြင်း မရှိဘဲ လူအုပ်က တိုက်ခိုက် သောအခါ ထွက်ပြေးသည်ဟု ဝန်ခံပြီး ထိုရဲတပ်သားသည် တိုက်ခိုက်မှုကို မည်သို့မျှ မဟန့်တားနိုင်ခဲ့ဟုလည်း ဆိုသည်။

“ကျနော်တို့်က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ကြေညာချက်ကို နောက်တော့ ထုတ်ပြန်ပါမယ်”ဟု သူက ဆက်ပြော သည်။

တိုက်ခိုက်မှုဖြစ်ပွားစဉ်က အခင်းဖြစ်ရာနေရာတွင် ရှိနေသော ရဲတပ်ဖွဲ့ဝင်ကို စစ်ဆေးပြီးဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဗိုလ်မှူးကြီးမျိုးသူစိုးက ဗုဒ္ဓဟူးနေ့က ရိုက်တာသတင်းဌာနသို့ ပြောသည်။ သူသည် တိုက်ခိုက်မှုကို ဟန့်တား ရန် ကြိုးစားခဲ့သော်လည်း သူ့တွင် လက်နက်မပါဝင်သောကြောင့် မအောင်မြင်ဘဲ ရဲစခန်းသို့ ပြန်ပြေးခဲ့ရသည်ဟု အထက်ပါ ပြောခွင့်ရသူက ဆိုသည်။

၎င်းတို့သည် ထုံးစံအားဖြင့် ပြည်တွင်းရွှေ့ပြောင်းအခြေချများကို စစ်တွေမြို့လယ် သို့မဟုတ် ဈေးသို့ လက်နက်ကိုင် အစောင့်အရှောက် ပေးသည်ဟု ဧရာဝတီသတင်းဌာနသို့ ဖုန်းဖြင့် ပြောသည်။

ရဲအပါအဝင် လက်နက်ကိုင် စစ်သား ၁၀၀ ခန့်သည် သေဆုံးသူ အသက် ၅၅ နှစ်အရွယ် မောင်နုခေါ် မွန်နာအာမက်၏ အလောင်းကို ယူဆောင်ရန် အင်္ဂါနေ့ညက ရောက်လာသည်ဟု သူ့ကိုယ်သူ ရိုဟင်ဂျာဟု သတ်မှတ်သူ ဒါးပိုင်စခန်းမှ ဦးစောလွင်က ဧရာဝတီသတင်းဌာနသို့ ပြောပြီး ၎င်းတို့သည် အသက်ရှင်ကျန်သူ ၄ ဦးကိုလည်း စခန်းတွင် ချထားခဲ့ သည်ဟု ဆိုသည်။ နှစ်ဦးမှာ ဆေးရုံတွင် ရှိနေဆဲဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏အဆိုအရ တပ်ကြပ်နိုင်နိုင်နှင့် တပ်သား စိုးဝင်းတို့ သည် အင်္ဂါနေ့၌ မြို့နယ်တရားရုံးတွင် အမှုတခုအတွက် သက်သေခံရန် ရပ်ရွာအကြီးအကဲ ဦးမြင့်နိုင်ကို ဒါးပိုင်စခန်းမှ ခေါ် ဆောင်ခဲ့သည်။ သို့သော် အခြားသူ ၇ ဦးကို သယ်ဆောင်လာသော မီနီဘန်အမျိုးအစား ကားသည် မန်ဆီစခန်းရှိ လုံခြုံ ရေးအဖွဲ့များကို အကြောင်းမကြားဘဲ ရဲကားနောက်မှ လိုက်လာခဲ့သည်ဟု ဆိုသည်။

အာဏာပိုင်များသည် မွတ်ဆလင်များကို မြို့ရှိ ရခိုင်ရပ်ကွက် သို့မဟုတ် ဆိုင်များသို့ သွားခွင့်မပြုပေ။ ဗုဒ္ဓဘာသာ ရခိုင် များလည်း ရဲအစောင့်အရှောက် မပါဘဲ မွတ်ဆလင်ရပ်ကွက်များသို့ သွားခွင့်မပေးပေ။

အင်္ဂါနေ့က တရားခွင်အပြီး အထက်ပါ မွတ်ဆလင်၇ ဦးသည် ၎င်းတို့အပြန် လုံခြုံရေးအတွက် အကူအညီတောင်းရန် စစ်တွေအမှတ် ၂ ရဲစခန်းသို့ သွားခဲ့သည်။ စခန်းမှူးရာထူးသို့ မကြာသေးမီက တိုးမြှင့်ခံရသူ ဒုရဲအုပ် ကျော်မိုးက ရဲ တပ်သားတဦးကို ၎င်းတို့နှင့် လိုက်ပါရန် စေလွှတ်ခဲ့သည်။

မြို့ခံများသည် ထုံးစံအားဖြင့် မြို့ပြင် မွတ်ဆလင်ရွာများသို့သွားရန် သို့မဟုတ် မြို့လယ်မှ ထွက်ရန် မေယုလမ်းမကို သုံးကြ သည်။ သို့သော် ထိုရဲသားနှင့် မွတ်ဆလင်အုပ်စုသည် ရွာကြီးမြောက် ရခိုင်ရပ်ကွက်ရှိ ဦးဥတ္တမလမ်းတွင် တိုက်ခိုက်ခံရ သည်။ ထိုနေရာသည် ၎င်းတို့အပြန်လမ်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု အမည်မဖော်လိုသော ရဲတပ်ဖွဲ့ဝင်တဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ထိုမွတ်ဆလင်အုပ်စုသည် ထိုနေရာတွင် နောက်ဆုံး၌ မည်သို့မည်ပုံဖြစ်သည်ကို မရှင်းလင်းဘဲ ၎င်းတို့သည် လှေတစင်း ဝယ်ရန် ရောင်နီဦးလှေဆိပ်သို့ သွားပြီး လူအုပ်စုက ခဲများဖြင့် ၎င်းတို့ကို ပေါက်သည်ဟု ဖော်ပြသည်။ တဦး ပွဲချင်းပြီး သေ ပြီး ကျန်သူများ ဒဏ်ရာ ရသည်ဟု ဆိုသည်။

အစိုးရ၏ ကြေညာချက်တွင် သေဆုံးသူအမည်ကို ဖော်ပြသော်လည်း လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်အမည်ကို မဖော် ပြပေ။ ထိုဖြစ်ရပ်အသေးစိတ်ကို ဧရာဝတီသတင်းဌာနက အာဏာပိုင်များကို အကြိမ်ကြိမ် စုံစမ်းသော်လည်း နောက်ထပ် သတင်းအချက်အလက်မပေးပေ။

စစ်တွေဒေသခံများနှင့် မွတ်ဆလင်များက မူလအခြေအနေပြန်ရောက်ပြီ၊ အာဏာပိုင်များက လုံခြုံရေးများ မြို့တွင် ချထားသည်ဟု ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading