• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မရမ်းချောင် အခွန်မဲ့ ပစ္စည်းဖျက်ပွဲ လူအုပ်နှင့် ဝင်ရောက်ယူခြင်းအား စုံစမ်းစစ်ဆေးနေ

by ဟင်္သာနီ (မွန်မြေ)
6 July 2017
in သတင်း
A A
မရမ်းချောင် စစ်ဆေးရေးဂိတ်၌ ဖျက်ဆီးနေသည့် တရားမဝင် ကုန်စည်များအား ဒေသခံ များမှ လူစုလူဝေးဖြင့် ယူငင် နေကြပုံ /  Zaw Htet Cho Zhc & Myint Soe Facebook

မရမ်းချောင် စစ်ဆေးရေးဂိတ်၌ ဖျက်ဆီးနေသည့် တရားမဝင် ကုန်စည်များအား ဒေသခံ များမှ လူစုလူဝေးဖြင့် ယူငင် နေကြပုံ / Zaw Htet Cho Zhc & Myint Soe Facebook

10.1k
VIEWS
Share on FacebookShare on Twitter

ဖမ်းဆီးရမိထားသည့် အကောက်ခွန်မဲ့နှင့် တားမြစ် ကုန်ပစ္စည်းများအား မွန်ပြည်နယ် ကျိုက်ထို မြို့နယ်တွင်းရှိ မရမ်းချောင် စစ်ဆေးရေး ဂိတ်၌ ဖျက်ဆီးရာ လူစုလူဝေးဖြင့် ဝင်ရောက် လုယက်ခဲ့ကြသည့် ဖြစ်စဉ်ကို ဇွန်လ ၆ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စစ်ဆေးနေကြောင်း သိရသည်။

မွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန ဦးဝဏ္ဏကျော်က “သွားစစ်တာတော့ ဟုတ်တယ်၊ လတ်တလောကတော့ သတင်း ထုတ်ပြန်လို့ မရသေးဘူး” ဦးဝဏ္ဏကျော်က ဆိုသည်။ စုံစမ်း စစ်ဆေးမှုအား “တပတ်၊ ဆယ်ရက်ခန့်” အချိန်ယူ ပြုလုပ်သွားမည်ဟုလည်း ဆိုသည်။

RelatedPosts

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
179
စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

17 June 2025
410
UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ  (ရုပ်/သံ)

UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ (ရုပ်/သံ)

17 June 2025
97

ထို့ပြင် မရမ်းချောင် စုံစမ်းစစ်ဆေးရေး ဂိတ်မှ တာဝန်ရှိသူ တဦး ကလည်း စုံစမ်းစစ်ဆေးမည့် အကြောင်း အတည်ပြု ပြောသည်။ သို့သော် ထိုစုံစမ်း စစ်ဆေးရေး အဖွဲ့အား မည်သူက ဦးဆောင်ပြီး မည်သည့် အချက်အလက်များအား အဓိက စုံစမ်းစစ်ဆေးရန် ကိစ္စနှင့် စပ်လျဉ်း၍မူ ဝန်ကြီးနှင့် စစ်ဆေးရေးဂိတ် တာဝန်ရှိသူများက မဖြေကြားလိုသေးကြောင်း ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်၌ ပြုလုပ်ခဲ့သော အဆိုပါ အခွန်မဲ့နှင့် တားမြစ်ကုန်ပစ္စည်းများ ဖျက်ဆီးပွဲတွင် တာဝန်ရှိသူများ ရှိနေသော်လည်း လူအုပ်ကြီးက ထိုပစ္စည်းများအား ဝင်ရောက် ယူကာ ဆိုင်ကယ်များ၊ ကားများဖြင့် သယ်ဆောင်ခဲ့ကြသည့် ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များ လူမှုကွန်ရက်ပေါ်တွင် ပေါ်ထွက်လာခဲ့ပြီးနောက်တွင် ယခုကဲ့သို့ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် ပြည်နယ်အစိုးရမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

တရားမဝင် ကုန်စည်များ ထိုဂိတ်သို့ မဖြတ်သန်းပဲ ရှောင်ကွင်း သွားလာ နေကြ ခြင်းများလည်း ရှိနေပြီး ဂိတ်ရှောင်လမ်း ၂ လမ်းခန့် ရှိကာ ဂိတ်အား ဖွင့်လှစ်ခြင်းသည် ပြည်နယ် အခွန်ဝင်ငွေ ရရှိရေးထက် ခရီးသွား ပြည်သူများ ဝန်ပို တခုကဲ့သို့သာ ဖြစ်နေကြောင်း မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက သုံးသပ် ပြောကြားသည်။

“ဒီဂိတ်ကို ပြီးခဲ့တဲ့ စစ်ထောက်လှမ်းရေး ခေတ်ကတည်းက ကြီးစိုးခဲ့ပြီးသား၊ နံပတ် (၁) ကုန်စည် စည်းဆင်းမှုကို နှောင့်နှေးစေတာက တစ်ကြောင်း၊ နံပတ် (၂) က အဲမှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေ အဆင်ပြေသွားတာပဲ ရှိတယ်၊ ကျန်တာက ပြည်နယ်အတွက် ဝင်ငွေတိုးတက် လာတယ် ဆိုတာ ဘာမှ မရှိဘူး၊ ဒီဂိတ်ကို ဖွင့်လိုက်လို့ ပြည်နယ် အတွက် ဘယ်လောက် အကျိုးရှိမှာလဲ ၊ ဥပမာ ဟိုတစ်နေ့က ဖမ်းမိတဲ့ ပစ္စည်းတွေကို ဖျက်ဆီးလိုက်တာမျိုးက Win , Win မဖြစ်ပဲနဲ့ အကုန်လုံးက Lose, Lose ဖြစ်နေတယ်” ဟု ဦးအောင်ကျော်သူက ထောက်ပြ ပြောဆိုသည်။

ထို့ပြင် ၎င်းဂိတ်တွင် တာဝန်ကျ စေရန် ဝန်ထမ်းများမှ လာဘ်ပေးမှုများလည်း ရှိနေကြောင်းလည်း ပြီးခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်အဝေးတွင် “ခေတ်မီနည်းပညာများဖြင့် အခွန်ကောက်ခံရေး” အဆို တင်သွင်းခဲ့စဉ် ဦးအောင်ကျော်သူက မရမ်းချောင် စစ်ဆေးရေး ဂိတ်၏ အခြေအနေအား လွှတ်တော်သို့ တင်ပြခဲ့သည်။

ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီး ဘေးရှိ အဆိုပါ မရမ်းချာင် ဂိတ်အား ပြီးခဲ့သည့် ၂၀၀၃ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ကာ မွန်ပြည်နယ် ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်းမှ အပါအဝင် ပြည်သူများ၏ တိုင်ကြားမှုကြောင့် ၂၀၀၁၂ ခုနှစ်တွင် ပိတ်သိမ်းခဲ့ရသည်။

၅ နှစ်ကြာ ပိတ်သိမ်းခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့တွင် တရားမဝင် ကုန်စည် တားဆီး ထိန်းချုပ်ရေး စီမံချက်အရ ပြန်လည် ဖွင့်လှစ်ခဲ့ကာ ထိုဂိတ်တွင် အကောက်ခွန်၊ စားသုံးသူ ကာကွယ်ရေး၊ ရဲတပ်ဖွဲ့ ၊ ယဉ်ထိန်းတပ်ဖွဲ့ ၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၊ ငါးလုပ်ငန်း၊ စိုက်ပျိုးရေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး၊ မွေးမြူရေးနှင့် ကုသရေး စသည့်ဦးစီးဌာန လုပ်ငန်းလိုင်စင်နှင့် သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှု ဌာန စသည့် အဖွဲ့စုံ ၁၁ ဖွဲ့မှ ဝန်ထမ်းပေါင်း ၇၉ ဦး တို့ဖြင့် ၂၄ နာရီပတ်လုံး စစ်ဆေးလျက် ရှိသည်။

ထိုဂိတ် စတင် ဖွင့်လှစ်ခဲ့ချိန် မတ်လ ၁ ရက်နေ့မှ ဇူလိုင်လလယ်ခန့် အထိ ကျပ်သိန်း ၂၄, ၀၀၀ တန်ဖိုးရှိ ပစ္စည်းများအား ဖမ်းဆီး ရမိထားပြီး ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

Your Thoughts …
Tags: အကောက်ခွန်
ဟင်္သာနီ (မွန်မြေ)

ဟင်္သာနီ (မွန်မြေ)

Similar Picks:

သွင်းကုန်အပေါ်  စစ်ကောင်စီ ရည်ညွှန်းဈေး သတ်မှတ်ပြန်

သွင်းကုန်အပေါ် စစ်ကောင်စီ ရည်ညွှန်းဈေး သတ်မှတ်ပြန်

by ဧရာဝတီ
12 August 2024
4.3k

ရည်ညွှန်းဈေး သတ်မှတ်၍ တင်သွင်း ရောင်းချစေခြင်းသည် ရေရှည်အတွက် အဆင်မပြေနိုင်ဘဲ လက်ရှိ ဈေးနှုန်းသတ်မှတ်လုပ်ဆောင်နေသော စက်သုံးဆီ၊ ဒေါ်လာ၊ ရွှေ၊ အခြေခံစားသောက်ကုန်တို့ကဲ့သို့ပင် ပစ္စည်းပြတ်လပ်ခြင်းနှင့် မှောင်ခိုဈေးကွက်သို့သာ ဦးတည်နိုင်ကြောင်း

ထရမ့် ကုန်သွယ်ခွန် တိုးမြှင့်နိုင်ငံများ စာရင်းထဲ စစ်နှင့် ငလျင်ဒဏ်ခံ မြန်မာလည်း ပါ

ထရမ့် ကုန်သွယ်ခွန် တိုးမြှင့်နိုင်ငံများ စာရင်းထဲ စစ်နှင့် ငလျင်ဒဏ်ခံ မြန်မာလည်း ပါ

by ဧရာဝတီ
6 April 2025
4.2k

အရှေ့တောင်အာရှနိုင်ငံများကို ချမှတ်သည့်အခွန်များသည် တရုတ်ကို ထိခိုက်စေရန် ရည်ရွယ်သည်ဟု စင်ကာပူရှိ ISEAS-Yusof Ishak Institute မှ ဝါရင့်သုတေသီ ဒေါက်တာ စီဝါဂေ ဓာမာ နေဂရက ပြောသည်။

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

by သက်ထားမောင်
14 May 2025
2.8k

မြန်မာစစ်ကောင်စီကမူ ရုရှားနှင့်တရုတ်အတွက် ဈေးအပေါဆုံး ရုပ်သေးအစိုးရဖြစ်၏။

တရုတ်အပေါ် သဘောထားတင်းမာသူများ ထရမ့်အစိုးရတွင် ဦးဆောင်ခန့်ထား

တရုတ်အပေါ် သဘောထားတင်းမာသူများ ထရမ့်အစိုးရတွင် ဦးဆောင်ခန့်ထား

by Erin Hale
15 November 2024
2.4k

ဒေါ်နယ်ထရမ့်သည် သူ၏ လာမည့်အစိုးရတွင် တရုတ်ကို ရန်လိုသည့် သဘောထားကြောင့် နာမည်ကြီးသော ခေါင်းဆောင်များအား ရွေးချယ်လိုက်သည်။

ဝ ထိန်းချုပ် ဟိုပန်မှာ တရုတ်ဇာတ်သွင်းပြီး အခွန်မြင့်မားလို့ ဒေသခံတွေ အခက်ကြုံ

ဝ ထိန်းချုပ် ဟိုပန်မှာ တရုတ်ဇာတ်သွင်းပြီး အခွန်မြင့်မားလို့ ဒေသခံတွေ အခက်ကြုံ

by မောင်ကဝိ
20 November 2024
1.6k

အခုတော့ လောင်းကစားလုပ်ငန်းနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေ “မှိုလိုပေါက်နေတယ်" လို့ ဟိုပန်မှာ နှစ်ပေါင်း ၄၀ ကျော်နေထိုင်နေတဲ့ ဒေသခံတဦးက ပြောပါတယ်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ပါ ဖမ်းဆီး ၁ ဦး၊ ပုန်းရှောင် ၃ ဦး

မလေးရှား မူးယစ်ဆေးအမှု ၃ ဦး တိမ်းရှောင်၊ ၄ ဦး ဖမ်းထား

by မိုးမြင့်
23 June 2018
26.1k

မလေးရှား မူးယစ်ဆေး အမှုနှင့် ဆက်စပ်သည်ဟု သံသယရှိသူ ၃ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ၄ ဦးကို ဖမ်းဆီးထိန်းသိမ်းထားသည်။

Next Post
၂၀၁၆ ခုနှစ် တွံတေးမြို့နယ် လယ်ယာမြေ လုပ်ငန်း လုပ်ကိုင်နေသော လယ်သမားတဦးကို တွေ့ရစဉ် / ဧရာဝတီ

ပုံစံ ၇ အပေါင်ထားပြီး လယ်သမားများအား ငွေချေးရန် လွှတ်တော်တွင် မေးမြန်း

Huawei Y Series စမတ်ဖုန်းများ / သီဟတိုး / ဧရာဝတီ

Huawei မှ အသစ်ထွက်တဲ့ Y Series စမတ်ဖုန်းများ

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate