သတင်း

မန္တလေးမြို့ရှိ အာဇာနည်ဗိမ္မာန် ပြုပြင်ရန် သီးသန့်ဘတ်ဂျက်မရှိ

Want create site? Find Free WordPress Themes and plugins.

၁၃၀၀ ရာပြည့်အရေးတော်ပုံတွင် ကျဆုံးခဲ့သော အာဇာနည် ၁၇ ဦးကို ဂူသွင်းသဂြိုဟ်ခဲ့သည့် အာဇာနည် ဗိမ္မာန်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းရန်အတွက် မန္တလေးတိုင်းအစိုးရအဖွဲ့တွင် သီးသန့်ဘတ်ဂျက် မရှိသေး ကြောင်း တိုင်းစည်ပင်သာယာရေးဝန်ကြီး ဒေါက်တာရဲလွင်က ပြောသည်။

“အာဇာနည်ဗိမ္မာန် သန့်ရှင်းသာယာလှပရေးအတွက် သီးသန့်ဘတ်ဂျက် လျာထားချက် မရှိသော်လည်း စည်ပင်က အထိုက်အလျောက်တော့ လက်ရှိမှာလည်း ဆောင်ရွက် နေပါတယ်။ ယခုထက်ပိုမို သာယာ လှပရေးအတွက် စည်ပင်သာယာရေး ကော်မတီက ဆက်လက်တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်သလို လုပ်အားပေး လိုတဲ့သူများကိုလည်း ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ၎င်းက လွှတ်တော်တွင် ဖြေကြား သည်။

ဇူလိုင်လ ၇ ရက်တွင် ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဆဌမ ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က “ချမ်းမြသာစည် မြို့နယ် တမ္မဝတီ ရပ်ကွက်ရှိ ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမ္မာန်အား အစိုးရအဖွဲ့ သို့မဟုတ် မြို့တော် စည်ပင်ကော်မတီ၏ သီးသန့်ဘတ်ဂျက် ရန်ပုံငွေဖြင့် ဖြစ်စေ ပြုပြင်ထိန်းသိမ်းရန် အစီအစဉ်ရှိ၊ မရှိ” မေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က “အာဇာနည်ကုန်းကို ခေတ်အဆက်ဆက်က ပစ်ပယ်ထားလို့ အခုဆိုရင် သုသာန်တစပြင်လို ဖြစ်နေပါတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီး ထိန်းသိမ်းမှု မရှိတဲ့အတွက် ပျက်စီးယိုယွင်းလာပါတယ်။ အမျိုးသားရေး အတွက် စွန့်လွှတ်စွန့်စားခဲ့တဲ့ အာဇာနည်တွေကို ဂုဏ်ပြုသောအားဖြင့် ပြုပြင်ထိန်းသိမ်းဖို့ အစီအစဉ်ရှိ၊ မရှိ မေးရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် အာဇာနည်ဗိမ္မာန်ဝင်းအတွင်း စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ ပန်းဥယျာဉ် နှင့် ကစားကွင်းများ ဌာနက ပန်းပင်များ စိုက်ပျိုးခြင်း၊ လမ်းဘေးဝဲယာ အလှပန်းပင်များ ထားရှိခြင်း၊ သန့်ရှင်း ရေး နေ့စဉ် ပြုလုပ်ခြင်း၊ အဆောက်အအုံနှင့် ကုန်ရုံဌာနက ဝင်းတံခါးများ ပြုပြင်ခြင်း၊ အဆောက်အအုံများ ဆေးသုတ်ခြင်း၊ လျှပ်စစ်မီးများ တပ်ဆင်ခြင်း၊ အများသုံးသန့်စင်ခန်းများ တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်ဟု စည်ပင်ဝန်ကြီး ဒေါက်တာရဲလွင်က ပြောသည်။

၁၃၀၀ ပြည့်အရေးတော်ပုံကာလတွင် မန္တလေးမြို့မှ ရဟန်းရှင်လူပြည်သူ ၁ သိန်းကျော် ဆန္ဒပြခဲ့ကြရာမှ ပစ်ခတ်နှိမ်နင်းခံရသဖြင့် ရဟန်း ၇ ပါးနှင့် လူ ၁၀ ဦး ကျဆုံးခဲ့ပြီး ၎င်းအရေးတော်ပုံတွင် ကျဆုံးခဲ့သူများအား မန္တလေးမြို့ တမ္ပဝတီရပ်ကွက်ရှိ သူကြွကုန်းနေရာတွင် ဂူသွင်းသဂြိုဟ်ခဲ့ပြီး အာဇာနည်ဗိမ္မာန် အဖြစ် အမည်ပေးခဲ့ကြောင်း မန္တလေးမြို့မိမြို့ဖများထံမှ သိရသည်။

သို့ရာတွင် ၎င်းနေရာမှာ ယခင်အစိုးရအဆက်ဆက်က ပြုပြင်ထိန်းသိမ်းခြင်းမပြုခဲ့ဘဲ နှစ်ကာလကြာမြင့် လာသည်နှင့်အမျှ ဗိမ္မာန်အတွင်း ခြုံနွယ်များဖြင့်ပြည့်နှက်၍ အဆောက်အအုံများ ပျက်စီး ယိုယွင်းလာခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading