နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အစိုးရသည် တိုင်းပြည်အတွက်လွန်စွာ လိုအပ် နေသော စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို လျစ်လျူရှု့ထားကြောင်း အာရှတွင် အချမ်းသာဆုံး သူဌေး ကြီး တဦးဖြစ်သည့် ပထမမြန်မာရင်းနှီးမြှုပ်နှံမှု (FMI) ဥက္ကဋ္ဌ ဆာ့ဂျ်ပန်းက ပြောကြောင်း Reuters သတင်းကဆိုသည်။
ပြီးခဲ့သည့် ကြာသာပေတေးနေ့က ရန်ကုန်၌ ကျင်းပသည့် စင်ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ်က ကျင်းပ သည့် အခမ်းအနားတွင် FMI ဥက္ကဋ္ဌ ဆာ့ဂျ်ပန်းက“သူတို့က စီးပွားရေးဘက်ကို လျစ်လျူရှု့တယ်ဆိုတာ အသေအချာပဲ။ စီးပွားရေးရဲ့ အရေးပါမှု ကို သူတို့နားမလည်ကြဘူး”ဟု ဆိုလိုက်ခြင်းဖြစ်သည်။
ထို့အပြင် အိမ်ခြံမြေမှသည် ဘဏ်လုပ်ငန်းအထိ လုပ်ကိုင်သော FMI အုပ်စု အကြီးအကဲ ဥက္ကဋ္ဌ ဆာ့ဂျ်ပန်းက ဒေသတွင်း ဆင်းရဲဆုံးနိုင်ငံဖြစ်သည့် မြန်မာအနေဖြင့် စီးပွားရေးကို ဂရုစိုက်သင့် ကြောင်း အာဏာပိုင် များကို တိုက်တွန်းလိုက်ပြီး၊ မြန်မာ့ စီးပွားရေး စွမ်းဆောင်မှု ကောင်းသင့်သလောက် မကောင်းခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် အာဏာရသည် မှ စ၍ တနှစ်ကျော်ကြာမြင့်နေပြီဖြစ် ကြောင်း ဆိုသည်။
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုသည် နှိုင်းယှဉ်ချက်အားဖြင့် ခိုင်မာသော်လည်း ဒေါ်အောင်ဆန်းစုကြည် အာဏာရချိန်မှ စတင် နှေးကွေးသွားပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ်ကျဆင်း သွားသည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ အဆိုအရ ၂၀၁၆ ခုနှစ်တွင် စုစုပေါင်း ပြည်တွင်းထုတ်လုပ် မှု သည် ၆.၃ ရာခိုင်နှုန်းသို့ကျဆင်းသွားပြီး ယခင်နှစ်ကထက် ၁ ရာခိုင်နှုန်း အပြည်အဝနီးပါး ကျသည် ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာစစ်တပ်နှင့် လူမျိုးစုလက်နက်ကိုင်များအကြား ၁၀စုနှစ်များစွာ ကြာပြီဖြစ်သည့် တိုက်ခိုက်မှုများကို အဆုံးသတ်ရေး ဦးစားပေးအဖြစ် သတ်မှတ်ထားသော်လည်း ထိုရည်မှန်းချက် အောင်မြင်ရေး၏ အထိရောက်ဆုံး ကရိယာမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည် ဟု သူက ဆိုသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အောင်မြင်မှု အမျာအပြားရသော်လည်း လှုပ်ရှားတက်ကြွနေသည့် စီးပွားရေးမရှိပါက အထက်ပါရည်မှန်းချက်များကို ထိခိုက်နိုင်ပြီး ရေရှည် ငြိမ်းချမ်းရေးမရနိုင် ဟုလည်း သူဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းပြည်၏ စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးခြင်းအပြင် လူမျိုးစု လက်နက်ကိုင်များနှင့် တိုက်ပွဲများ ပိုမိုဖြစ်လာခြင်း၊ ရခိုင်ပြည်နယ်အကျပ်အတည်းများကို စမ်းတဝါးဝါး ကိုင်တွယ်နေရသည်။
အစိုးရအနေဖြင့် ပိုမိုထိရောက်သော ဗျူရိုကရေစီ စနစ်တည်ဆောက်ရန် ရင်းနှီးမြုပ်နှံမှုကို အဆင် ပြေစေမည့် လွယ်ကူရှင်းလင်းသည့် ဥပဒေမူဘောင်တခု တည်ဆောက်ရန် လိုကြောင်း အဂတိလိုက် စားမှု ကင်းခြင်းမှလွဲပြီး ကျန်အရာများ အားလုံးရှိပြီး မြန်မာနိုင်ငံတွင် ဦးသန့်ရှင်းဟာ အခေါ်ခံရသူ ဆာ့ဂျ်ပန်းက ဆိုသည်။
စင်္ကာပူအခြေစိုက် ပင်လယ်ရပ်ခြား တရုတ်ဘဏ်လုပ်ငန်းကော်ပိုုရေးရှင်းကလည်း မြန်မာစီးပွားရေးမှာ အမေရိကန်၏ အရေးယူပိတ်ဆို့မှု ရုပ်သိမ်းခြင်းအပါအဝင် တခြားစီးပွားရေး အောင်ပွဲများကို တိုးတက်မှု အတွက် အသုံးချနိုင်ခြင်းမရှိသေးကြောင်း မကြာမီက အစီရင်ခံစာတခုထုတ်ပြန်ကာ ဖော်ပြ သည်။
ထိုအစီရင်ခံစာတွင် “ဒီအပြောင်းအလဲများ ကို ပထမဆုံးကြေညာစဉ်က အကောင်းမြင်မှုများကို လက်တွေ့ အချက်အလက်များက ဖျက်ဆီးလိုက်သည်” ဟု ရေးသားထားသည်။