• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ABSDF မှ ဦးမင်းဌေး အမှု နောက်ဆုံး တရားလိုပြ သက်သေ ရုံးထုတ် စစ်ဆေး

by ငြိမ်းငြိမ်း
10 July 2017
in သတင်း
A A
ရဲဘော် မင်းဌေးနှင့် ဗန်းမော် အကျဉ်းထောင်တွင် တွေ့ဆုံနေသော ABSDF ကိုယ်စားလှယ် အဖွဲ့ / Moe Hlaing / Facebook / Moe Hlaing / Facebook

ရဲဘော် မင်းဌေးနှင့် ဗန်းမော် အကျဉ်းထောင်တွင် တွေ့ဆုံနေသော ABSDF ကိုယ်စားလှယ် အဖွဲ့ / Moe Hlaing / Facebook / Moe Hlaing / Facebook

3.5k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဗဟို ကော်မတီဝင် ဦးမင်းဌေး ဖမ်းဆီးခံရ မှု နှင့် ပတ်သက်ပြီး ယနေ့ ကချင်ပြည်နယ် မိုးမောက် တရားရုံးတွင် တရားလိုပြ သက်သေ တဦး ဖြစ်သော မိုးမောက် ရဲစခန်းမှူး ဒု ရဲမှူး ဦးခင်မောင်ထွေးကို စစ်ဆေးသည်။

ဒုရဲမှူး ဦးခင်မောင်ထွေးသည် တရားလိုပြ သက်သေ ၁၀ ဦးထဲမှ နောက်ဆုံး သက်သေလည်း ဖြစ်သည်။

RelatedPosts

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
147
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
99
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
267

ယနေ့ ရုံးထုတ် စစ်ဆေးမှုတွင် နောက်တကြိမ် ရုံးချိန်းကို ဇူလိုင် ၁၇ ရက်သို့ ချိန်းဆိုလိုက်ပြီး ဦးမင်းဌေးအား အမှုဖွင့် စွဲဆို ထားသည့် မတရားသင်း ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် စွဲချက်တင် မတင်ကို ုဆုံးဖြတ်မည် ဖြစ်ကြောင်း ရုံုးချိန်းသို့ သွားရောက် ခဲ့သော ဦးမင်းဌေး၏ ဇနီး ဒေါ်နန်းယဉ် က ဧရာဝတီသို့ ပြောသည်။

ရုံုးထုတ်ချိန်တွင် ဦးမင်းဌေးက ၎င်းအနေဖြင့် ကျန်းမာသည်ဟု ပြောကြောင်း၊ ကျန်းမာရေးသည် ဆိုးဆိုးဝါးဝါး မရှိသော် လည်း ရက်ကြာလာနေသဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မည်ကို စိုးရိမ်ကြောင်း ဒေါ်နန်းယဉ် က ပြောပြသည်။

“ကျန်းမာရေးက သူက ကောင်းတယ်ပြောပေမယ့် ပြီးခဲ့တဲ့ ၁ ရက်၊ ၂ ရက်က သူဖျားတယ်လေ။ သူကတော့ ကိုယ်တွေ စိတ် မချမ်းမသာ ဖြစ်မှာ စိုးရိမ်ပုံရပါတယ်။ နေကောင်းတယ် ပြောတာပေါ့။ ဒါပေမယ့် ဒီတခေါက် ကြည့်ရတာ သူ့ပုံစံလည်း နည်းနည်းတော့ မလန်းဘူး။ နောက်ပြီး အချိန်ကလည်း ကြာလာတော့ စိတ်ပိုင်းဆိုင်ရာ နည်းနည်းတော့ တမျိုး ဖြစ်မှာပေါ့။ ကိုုယ်တွေ အမြင်အရ ကြည့်မယ်ဆို ထွက်ချက်တွေက ဘာမှမဟုတ်ဘဲ ကြာနေသလိုကြီး ဖြစ်နေတာ”ဟုလည်း သူက ရှင်းပြသည်။

ဦးမင်းဌေးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က ဗန်းမော်- လွယ်ဂျယ် ကားလမ်းပေါ်ရှိ စိန်လုံ ဂိတ်တွင် တပ်မတော် က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) နှင့် ဆက်သွယ် သည်ဟု ဆိုကာ ဗန်းမော်မြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၂၁ က တရားလို ပြုလုပ် ၍ အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ABSDF သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ကို သမ္မတ ဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ အတွင်းက လက်မှတ် ရေးထိုးထားသည့် အဖွဲ့ ဖြစ်သည်။

ကချင်ပြည်နယ်တွင် ဦးမင်းဌေး ဖမ်းဆီးခံရပြီးနောက်၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် ABSDF ခေါင်းဆောင်များ သည် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ထံ လိပ်မူ စာရေးပြီး ဥက္ကဌအနေဖြင့် အမှုတွင် ကြားဝင် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ ကြောင်း သိရသည်။

ထိုတောင်းဆိုမှုကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော် နှင့် JMC တို့ထံလည်း မိတ္တူပေးပို့ခဲ့သည်ဟု ဆိုသည်။

ABSDF က JMC သို့ မည်သည့်တိုင်ကြားစာမျှ မပေးပို့ဘဲ ထိုုပြဿနာကို အစိုးရနှင့် တိုင်ရိုက် ဖြေရှင်းနေသည်ဟု တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးသည့် အဖွဲ့များကြား အငြင်း ပွား မှုများကို ကြားဝင် ဆောင်ရွက်ပေးရန် တာဝန်ရှိသော JMC ၏ အတွင်းရေးမှူး တဦးဖြစ်သူ ဒေါက်တာ ရွှေခါးရ်က ဇူလိုင်လ ၅ ရက်နေ့ က ရန်ကုန်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောသည်။

“JMC မှာဖြစ်ဖြစ် ကျန်တဲ့ကော်မတီမှာဖြစ်ဖြစ် အလုပ်လုပ်တဲ့အခါ နည်းလမ်းအမျိုးမျိုးသုံးပြီး လုုပ်ရတယ်။ ပြဿနာ တခုခု ဖြစ်လာရင် နှစ်ဖက် Bilateral တွေ ဖြေရှင်းရတာ ရှိသလို ကျနော်တို့ JMC ကော်မတီကနေ ဖြေရှင်းရတာတွေ ရှိပါတယ်။ ရဲဘော် မင်းဌေး ကိစ္စနဲ့ပတ်သက်လို့ ABSDF နဲ့ အစိုးရ ကြားမှာပဲ ဖြေရှင်းမှုလုပ်နေတာ တွေ့ရပါတယ်။ အခုထက်ထိ ABSDF ဘက်က ရဲဘော်မင်းဌေး ဖမ်းဆီးခြင်းကိစ္စနဲ့ ပတ်သက်လို့ JMC ကို တရားဝင် တိုင်ကြားစာ တင်သွင်းမှု မရှိသေးပါ ဘူး”ဟု ဦးရွှေခါးရ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

တရားဝင်တိုင်ကြားမှု မရှိခဲ့ဟု ဆိုခြင်းနှင့်ပတ်သက်၍ JMC သို့ စာနှစ်စောင် ပေးပို့ခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ထံသို့လည်း ဒီဇင်ဘာလ ၃၀ ရက် ရက်စွဲဖြင့် ABSDF အဖွဲ့ဝင်များက ပေးပို့ခဲ့သည်ဟု သိရသည်။

JMC သို့ ဒီဇင်ဘာလ ၂၉ ရက်နေ့နှင့် ဇန်နဝါရီလ ၃ ရက်နေ့ ရက်စွဲများဖြင့်ပေးပို့သော စာများသည် ပြဿနာကို ကူညီ ဖြေရှင်းပေးရန် တရားဝင် တိုင်စာများဖြစ်သည်ဟု ABSDF ခေါင်းဆောင်များက ပြောသည်။

“ဒါဟာ JMC ကို တရားဝင် တိုုင်စာ သဘောမျိုး မဖြစ်ဘူးလား။ ဒီပြဿနာကို ဖြေရှင်းပေးဖို့ စာထဲမှာလည်း တောင်းဆို ထားတယ်။ ဘယ်လိုတိုင်စာမျိုးကို ABSDF က ထပ်ပြီးတော့ ရေးရမှာလဲပေါ့” ဟု JMC အဖွဲ့ဝင်လည်းဖြစ်၊ ABSDF ဗဟို ဦးဆောင် ကော်မတီဝင်လည်း ဖြစ်သည့် ဦးဆလိုင်းယောအောင် က ပြောဆိုသည်။

အထက်ပါ JMC အတွင်းရေးမှူး၏ ပြောကြားချက်ကြောင့် JMC သည် ၎င်း၏တာဝန်အတိုင်း NCA လက်မှတ်ရေးထိုး ထားသော အဖွဲ့များကြား အငြင်းပွားမှု ဖြေရှင်းရမည့် အခန်းကဏ္ဍ ကို ဝေဖန်စရာ ဖြစ်ခဲ့သည်။

တပ်မတော်က ဦးမင်းဌေးကို ဖမ်းဆီးပြီးနောက် KIA ကို ကူညီနေသည်ဟု သံသယရှိသောကြောင့် ဖမ်းဆီးထား ကြောင်း ABSDF ကို အကြောင်းကြားခဲ့သည်။

အဆိုပါ စွပ်စွဲချက်များကို JMC သို့ ဇန်နဝါရီလက ပေးပို့သော စာမှတဆင့် ABSDF က တုံ့ပြန် ဖြေရှင်းခဲ့သည်ဟု ဦးဆလိုင်းယောအောင် က ရှင်းပြသည်။

Your Thoughts …
Tags: ABSDF
ငြိမ်းငြိမ်း

ငြိမ်းငြိမ်း

ဧရာဝတီ

Similar Picks:

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

by Anthony Davis
11 November 2024
15.8k

၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲ-ထိန်းချုပ်မှုအပေါ် မူတည်သည်။

အင်းတော်တွင် ဖမ်းထားသူများကို စစ်တပ် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်

အင်းတော်တွင် ဖမ်းထားသူများကို စစ်တပ် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်

by ဟိန်းထူးဈာန်
6 November 2024
13.9k

အင်းတော် အဓမ္မပြုကျင့်မှုများနှင့် ပတ်သက်ပြီး SNA ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းကို မှတ်ချက်တောင်းရန် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းမကိုင်ပေ။

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

by ဧရာဝတီ
10 November 2023
10.2k

နောက်ထပ်မြို့များကိုလည်း တော်လှန်ရေး အင်အားစုများက သိမ်းပိုက်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

by စွယ်တော်
17 March 2025
8.7k

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေကြသည့် ထို နှစ်မြို့တွင် တိုက်ပွဲကာလအတွင်း စစ်ရှိန်လျှော့ချခြင်း၊ စစ်ဗျူဟာပြောင်းခြင်းများ ရှိခဲ့သည်ကို တွေ့ရသည်။

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

by ဧရာဝတီ
14 November 2023
7.3k

ထီးချိုင့်မြို့သည် ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိပြီး မြို့တွင်း၌ တောင်ကုန်းများ ပေါများသလို နှစ်ဖက် စလုံးအတွက် ဗျူဟာကျသည့် မြို့ဖြစ်သဖြင့် လွယ်လွယ်နှင့် မသိမ်းနိုင်သေးခြင်းဖြစ်ကာ မြို့ကို မရမချင်း ကြိုးစားသွား မည်ဟုလည်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

တော်လှန်ရေးအဖွဲ့များ သတိပြုရမည့် ပအိုဝ်း PNO နှင့် ရှမ်းနီ SNA

တော်လှန်ရေးအဖွဲ့များ သတိပြုရမည့် ပအိုဝ်း PNO နှင့် ရှမ်းနီ SNA

by ကိုဦး
15 February 2025
6k

ရှမ်းနီ SNA ကိုလည်း စစ်တပ်က PNO ပြည်သူ့စစ်ကဲ့သို့ ၎င်း၏ လက်အောက်ခံ ပြည်သူ့စစ်အဖြစ် သဘောထားသည်။

Next Post
ပုသိမ်မြို့ရှိ ခုတင် ၅၀၀ ဆေးရုံကြီးတွင် တွေ့ရသည့် ကလေးလူနာများ / ဆလိုင်းသန့်စင် / ဧရာဝတီ

သွေးလွန်တုပ်ကွေးရောဂါကြောင့် ဧရာဝတီတိုင်းတွင် လူ ၂၀ သေဆုံး

အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး တိုင်ဖျက်ရေးနေ့ ၂၀၁၇ ခုနှစ် ဇွန်လ ၂၆ ရက်က ဝ တောင်ပိုင်း ပုံပါကျင်မြို့မှာ ပြုလုပ်တဲ့ မူးယစ်ဆေးဝါး မီးရှို့ပွဲ / မျိုးမင်းစိုး

ဝ ဒေသမှာ မူးယစ်ဆေး အမှန်တကယ် ကင်းစင်နိုင်ပြီလား

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate