• English
Saturday, June 21, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တာဝန်မကျေသည့် တရားသူကြီးများ အမည်စာရင်းမှတ်မည်

by ထက်နိုင်ဇော်
11 July 2017
in သတင်း
A A
ပြည်သူ့လွှတ်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တခု၌ တွေ့ရသည့် ဦးဝင်းမြင့် / ထက်နိုင်ဇော် / ဧရာဝတီ

ပြည်သူ့လွှတ်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တခု၌ တွေ့ရသည့် ဦးဝင်းမြင့် / ထက်နိုင်ဇော် / ဧရာဝတီ

5.5k
VIEWS
Share on FacebookShare on Twitter

တရားရုံးချိန်အတွင်း သတင်းစာ ဂျာနယ်ဖတ်ခြင်း၊ အပြင်သို့ထွက်၍ ဖုန်းပြောဆိုခြင်းနှင့် အဂတိတရား မကင်းသော တရားသူကြီးများ၏ အမည်စာရင်းကို တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက ပြုစု၍ ယခုလ ၂၁ ရက်နေ့ နောက်ဆုံးထား တင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက နှစ်ပတ်လည် အစီရင်ခံစာ တင်သွင်းပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အထက်ပါ အတိုင်း ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

RelatedPosts

စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

20 June 2025
1.5k
စစ်ကောင်စီအမြစ်မပြတ်သရွေ့ ဘယ်နယ်မြေသိမ်းပိုက်မှုမှ အာမခံချက်မရှိဘူး (ရုပ်/သံ)

စစ်ကောင်စီအမြစ်မပြတ်သရွေ့ ဘယ်နယ်မြေသိမ်းပိုက်မှုမှ အာမခံချက်မရှိဘူး (ရုပ်/သံ)

20 June 2025
53
မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

20 June 2025
186

“ဘယ်တရားရုံးလဲ၊ ဘယ်မြို့နယ်လဲ။ တွေ့ရှိချက်တွေကို ဘယ်မြို့နယ်တွေမှာ ဘယ်အမှုတွေလဲဆိုတာ ပြန်ပြုစုပေးပါ။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးကို တိတိကျကျ ပို့ပါမယ်။ ဒီလို ဆောင်ရွက်နိုင်မှ တရားစီရင်ရေး မဏ္ဍိုင်ကို တတ် နိုင်သမျှ တည့်မတ်မယ်” ဟု ဦးဝင်းမြင့်က ပြောသည်။

တရားသူကြီးများသည် ပြည်သူများ အပေါ်တွင် မောက်မာစွာ ဆက်ဆံခြင်း၊ တရားခွင်တွင် သတင်းစာ ဂျာနယ်ဖတ်ခြင်း၊ ဖုန်းပြောခြင်း၊ ဘက်လိုက်၍ မကြာခဏ ရုံးချိန်းခြင်း၊ ဝရမ်း၊ သမ္မန်စာ အတည်ပြုရမည့် ကိစ္စရပ်များကို လိုသလို ဆောင် ရွက်ခြင်း၊ သက်သေများကို အကုန်မစစ်ဆေးဘဲ တဖက်သတ် အမိန့်ချမှတ်ခြင်းများ ရှိနေသည်ဟု တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဆိုထားသည်။

တရားရုံးများတွင် သက်သေများအား စစ်ဆေးပြီးသည့်အခါ ပြန်လည် ဖတ်ပြခြင်း၊ ဖတ်ရှုပြီး မှန်ကန်ကြောင်း သက်သေအား လက်မှတ်ထိုးခိုင်းခြင်းတို့ ဆောင်ရွက်ရမည် ဖြစ်သော်လည်း မလိုက်နာသည့် တရားရုံးများကို တွေ့ရကြောင်း၊ အချို့ရုံး များတွင် အမှုတွဲ နေ့စဉ်မှတ်တမ်းကို ပြင်ဆင် ရေးသွင်းသည်များလည်း တွေ့ရကြောင်း၊ လာဘ်ပေးလာဘ်ယူမှုများကို ထိရောက်စွာ အပြစ်ပေးရန်နှင့် တာဝန်မကျေသူများကို အလုပ်မှ ရပ်စဲသင့်ကြောင်း အထက်ပါကော်မတီဝင် မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်းက ပြောသည်။

ထို့ုပြင် တရားရေး ဝန်ထမ်းအချို့သည် မိမိတို့ အမှုသည် အနိုင်ရရှိရေးအတွက် တရားသူကြီးများ၊ အစိုးရ ရှေ့နေများ ကြားတွင် လာဘ်ပေးလာဘ်ယူ ပွဲစားများအဖြစ် ဆောင်ရွက်နေသည်ကို သိမြင် တွေ့ရှိရကြောင်း၊ တရားစီရင်ရေး ရပ်ဝန်းမှ တရားရေးလောက ဝန်ထမ်းများ ပျက်စီးနေသည်ကို အချိန်မီ ပြင်ဆင်ရန် လိုကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က “လုပ်ကိုင် ဆောင်ရွက်ပုံ အဆင်မပြေတဲ့ တရားသူကြီးတွေ ရာထူးတိုးသွားတာ မျက်စိရှေ့တင်ပဲ။ ပြည်သူတွေမှာတော့ ဥပဒေပါ အခွင့်အရေးတွေ ဆုံးရှုံးလို့။ တရားရေးနယ်ပယ်မှာ ပြောစရာတွေ များလာပေမယ့် တိတိကျကျ မတုံ့ပြန်နိုင်တဲ့ အခါကျတော့ မထိရောက်ဘူး ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် လူ့အဖွဲ့အစည်းကို တုန်လှုပ်ချောက်ချားစေသော မှုခင်းကြီးများနှင့် အများပြည်သူ စိတ်ဝင်စားသော အမှုများကို စုပေါင်း တာဝန်ယူ၍ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ခြင်း၊ အာဏာ၊ ငွေကြေး၊ ဆွေမျိုး၊ မိတ်ဆွေတို့၏ စွက်ဖက်မှု ကင်းခြင်း၊ ဂျူရီ (အမှု အခင်းကို ထင်မြင်ချက်ပေးရန် အစိုးရက ခန့်အပ်ထားသူ) များက အပြစ်ရှိ၊ မရှိ ဆုံးဖြတ်ပြီး ကျွမ်းကျင်သော တရား သူကြီးက ပြစ်ဒဏ်နှင့် စီရင်ချက်များ ချမှတ်ခြင်းတို့ကို ကျင့်သုံးသင့်ကြောင်း အထက်ပါ ကော်မတီက အကြံပြုခဲ့သည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ် တရားရုံး၌ အမှုစစ်ဆေးနေစဉ် မြို့နယ်တရားသူကြီး၏ ဆုံးဖြတ်ချက်မှာ မှန်ကန်မျှတခြင်း မရှိဟုဆိုကာ တရားလွှတ်တော်ရှေ့နေတဦးက တရားခွင်အတွင်း တရားသူကြီးကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့ပြီး ညစ်ညမ်းသည့် စကားအသုံးအနှုန်းဖြင့် ပြစ်တင်ပြောဆိုခဲ့မှု ဖြစ်ပွားခဲ့သည်

Your Thoughts …
Tags: တရားသူကြီး
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

အီလွန်မတ်စ် ပုတ်ခတ်ပြီးနောက် အမေရိကန် တရားသူကြီးများ ခြိမ်းခြောက်ခံလာရ

အီလွန်မတ်စ် ပုတ်ခတ်ပြီးနောက် အမေရိကန် တရားသူကြီးများ ခြိမ်းခြောက်ခံလာရ

by ဧရာဝတီ
7 March 2025
3k

"အမေရိကန်မှာ ပြည်သူ့အုပ်ချုပ်ရေး ပြန်လည် ထိန်းသိမ်းဖို့ တခုတည်းသောနည်းလမ်းက တရားသူကြီးတွေကို စွဲချက်တင်ဖို့ပဲ" ဟု မတ်စ်က ပို့စ်တခုတွင် ရေးသည်။

အီလွန်မတ်စ် ဝန်ထမ်းထုတ်ပယ်မှု တရားစွဲသင့်ဟု ဆို

အီလွန်မတ်စ် ဝန်ထမ်းထုတ်ပယ်မှု တရားစွဲသင့်ဟု ဆို

by ဧရာဝတီ
7 December 2024
1k

X (Twitter) ရင်ဆိုင်နေရတဲ့ လိမ်လည်မှု၊ မတ်စ်နဲ့ X တို့ကြားက ပူးပေါင်းမှု သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ စွပ်စွဲခံရမှုတွေ အပါအဝင် စွဲချက် ၄ ခုကိုတော့ ပယ်ချသင့်ကြောင်း…

ဒေါ်အောင်ဆန်းစုကြည် အမှုကို စစ်ဆေးနေသည် တရားသူကြီး ဦးမြင့်ဆန်း

နာမည်ပျက် တရားသူကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့ အမိန့်ချသတဲ့လား

by ဧရာဝတီ
22 November 2022
11.2k

ဒေါ်အောင်ဆန်းစုကြည်၏ အမှုများအား စစ်ဆေးသည့် တရားသူကြီးများထဲတွင် ဦးမြင့်ဆန်းသည် နာမည်ကြီး သူ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်လည်း လေးစားမှု လုံး၀ မရှိသည့် ပုံစံမျိုး တွေ့ရသည်ဟု တရားရုံးနှင့် နီးစပ်သူ များက ဆို သည်။

နေပြည်တော်ရှိ ဒက္ခိဏခရိုင် တရားရုံး  / ဧရာဝတီ

တရားသူကြီးများ ကျမ်းကျိန်ရမည့် ဥပဒေကြမ်း အမျိုးသား လွှတ်တော် အတည်ပြု

by ကျော်မျိုး
29 May 2019
5.2k

တရားသူကြီးများ အမှု စစ်ဆေးရန် အတွက် နေ့စဉ် တရားခွင်၌ ကျမ်းသစ္စာ ကျိန်ဆိုရမည့် ဥပဒေ ပါဝင်သော ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ မူကြမ်းကို ယနေ့ ကျင်းပသော အမျိုးသား လွှတ်တော်တွင် အတည်ပြု လိုက်သည်။

ရန်ကုန်တိုင်း တရားရုံးချုပ်  / ဧရာဝတီ

တရားခွင်တွင် တရားသူကြီးများ ကျမ်းသစ္စာ ကျိမ်ဆိုရေး လွှတ်တော်တွင် ဆွေးနွေးမည်

by မိုးမိုး
23 January 2019
7.5k

တရားရုံးများတွင် အမှုများကို ဆုံးဖြတ်ရာတွင် တရားသူကြီး အပါအဝင် အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်းသစ္စာ ကျိန်ဆိုရေး ယနေ့ အမျိုးသား လွှတ်တော်သို့ အဆိုတရပ် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း တရားရုံးချုပ် / ဧရာဝတီ

တရားသူကြီးများ တရားခွင်တက်တိုင်း ကျမ်းသစ္စာ ကျိန်ဆိုရန် ညွှန်ကြား

by သဇင်လှိုင်
29 August 2019
9.3k

တရားသူကြီးများသည် နေ့စဉ် တရားခွင်တက်တိုင်းတွင် ကျမ်းသစ္စာ ကျိန်ဆိုခြင်း သို့မဟုတ် ကတိသစ္စာ ပြုခြင်း ပြုလုပ်ရမည်ဟု

Next Post
ဝါဆိုဝါခေါင် ရေတွေကြီးတော့

ဝါဆိုဝါခေါင် ရေတွေကြီးတော့

Zwel Naing Win/ Facebook

အနုပညာ ငွေကြယ်တပွင့် ၁၀ နှစ်ပြည့်ခဲ့ပြီ

No Result
View All Result

Recommended

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

1 week ago
26.8k
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

5 days ago
4.5k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate