• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၃ လ ကျော်အတွင်း ရင်းနှီးမြှုပ်နှံမှုမှ ကန်ဒေါ်လာ၃ ဘီလီယံကျော် ရရှိ

by မျိုးပပစန်း
13 July 2017
in သတင်း
A A
ယခု ၃ လကျော်အတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုမှ ကန်ဒေါ်လာ ၃ ဘီလီယံ ရရှိထားသည်။ / Reuters

ယခု ၃ လကျော်အတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုမှ ကန်ဒေါ်လာ ၃ ဘီလီယံ ရရှိထားသည်။ / Reuters

5k
VIEWS
Share on FacebookShare on Twitter

ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လလယ်ထိ ၃လ ကျော်အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း စုုစုပေါင်း ၁၂၆ ခွင့်ပြုပေးခဲ့ရာမှ ကန်ဒေါ်လာ ၃ဘီလီယံကျော်အထိ ရရှိထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

“သတင်းစာထဲကနေလည်း ဦးစားပေးလုပ်ငန်း ၁၀ မျိုးကို ကြေညာထားပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းရဖို့ လုပ်ငန်း ရှင်တွေအနေနဲ့ ဆောလျင်စွာ တင်ဖို့ ညိုနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လျှပ်စစ်လို စီမံကိန်းတွေ ပမာဏ များတာ တွေ လာဖို့ ရှိနေတယ်။ ဒီနှစ်အတွက် ရင်းနှီးမြှုပ်နှံမှုကို ကန်ဒေါ်လာ ၆ ဘီလီယံ ရရှိအောင် မှန်းထားပါတယ်’’ ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဒုညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောကြားခဲ့သည်။

RelatedPosts

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

18 July 2025
741
အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

18 July 2025
26
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

18 July 2025
577

ဇူလိုင်လ ၁၂ ရက်နေ့က ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာန စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနရုံး (ရန်ကုန်) သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ခွင့်ပြုရာတွင် ၃ လအတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုစုပေါင်း ၉၃ ခုမှ ကန်ဒေါ်လာ သန်း ၂၉၀၀ ကျော်နှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုစုပေါင်း ၃၃ ခုမှ ကန်ဒေါ်လာ ၃၉၆ သန်း ကျော် ရရှိထားကြောင်း ၎င်းက ပြောသည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ခွင့်ပြုပေးရာတွင် ခွင့်ပြုမိန့်နှင့် ထုတ်ပေးသည့် လုပ်ငန်းနှင့် အတည်ပြုမိန့်ဖြင့် ထုတ်ပေးသည့် လုပ်ငန်းဟူ၍ ၂ မျိုး ရှိပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၉၃ ခုတွင် ခွင့်ပြုမိန့်နှင့် လုပ်ငန်း ၆၇ ခု၊ အတည်ပြုမိန့်နှင့် ထုတ်ပေး သည့် လုပ်ငန်း ၂၆ ခုတို့ဖြစ်ပြီး ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ၃၃ ခုတွင် ခွင့်ပြုမိန့် ၂၈ ခုနှင့် အတည်ပြုမိန့်ဖြင့် လုပ်ငန်း ၅ ခုတို့ ဖြစ်သည်။

အိမ်ခြံမြေမှသည် ဘဏ်လုပ်ငန်းအထိ လုပ်ကိုင်သော အာရှတွင် အချမ်းသာဆုံး သူဌေးကြီး ပထမ မြန်မာရင်းနှီးမြှုုပ်နှံမှု (FMI) ဥက္ကဋ္ဌ ဆာ့ဂျ်ပန်းက ဒေသတွင်း အဆင်းရဲဆုံးနိုင်ငံဖြစ်သည့် မြန်မာအနေဖြင့် စီးပွားရေးကို ဂရုစိုက်သင့်ကြောင်း၊ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုသည် နှိုင်းယှဉ်ချက်အားဖြင့် ခိုင်မာသော်လည်း ဒေါ်အောင်ဆန်းစုကြည် အာဏာရချိန်မှ စတင် နှေးကွေးသွားပြီး နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုုပ်နှံမှု အကြီးအကျယ် ကျဆင်းသွားကြောင်း ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့က ရန်ကုန်၌ ကျင်းပသည့် စင်ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ်က ကျင်းပသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖြစ်သည့် စက်မှုလုပ်ငန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ လျှပ်စစ်၊ အိမ်ရာအဆောက်အအုံ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ အစာစပ်လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွား၊ အခြားဝန်ဆောင်မှု လုပ်ငန်းများနှင့် စိုက်ပျိုးရေး လုပ်ငန်းတု့ိတွင် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် ၆၅၀၀၀ ကျော် ဖန်တီးပေးထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွင် စင်ကာပူ၊ တရုတ်နှင့် နယ်သာလန်နိုင်ငံတို့က အများဆုံးဖြစ်ပြီး CMP အထည်ချုပ်၊ စားသောက် ကုန်၊ အလှကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများဖြစ်ကာ မြန်မာနိုင်ငံသားများနှင့် ဖက်စပ် လုပ်ကိုင်ကြကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် မြန်မာ့စီးပွားရေးသည် တုံ့နှေးနေသောကြောင့် အစိုးရအနေဖြင့် စီမံကိန်းများ ချမှတ်လုပ်ဆောင်သင့်ကြောင်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များက ဝေဖန်သကဲ့သို့ ပို့ကုန်၊ သွင်းကုန် စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက လည်း လက်ရှိတွင် စီးပွားရေးတုံ့နှေးနေသဖြင့် လည်ပတ်မှု ပြန်လည်ကောင်းမွန်လာရန် အစိုးရအနေဖြင့် စီမံကိန်းတရပ် ချမှတ် လုပ်ဆောင်လိုကြောင်း အကြံပြု ပြောကြားခဲ့သည်။

စင်ကာပူအခြေစိုက် ပင်လယ်ရပ်ခြား တရုတ်ဘဏ်လုပ်ငန်း ကော်ပိုရေးရှင်းကလည်း မြန်မာ့စီးပွားရေးသည် အမေရိကန်၏ အရေးယူပိတ်ဆို့မှု ရုပ်သိမ်းခြင်းအပါအဝင် တခြားစီးပွားရေး အောင်ပွဲများ တိုးတက်မှု အတွက် အသုံးချနိင်ခြင်း မရှိသေး ကြောင်း မကြာမီက အစီရင်ခံစာတခု ထုတ်ပြန်ကာ ဖော်ပြခဲ့သည်။

Your Thoughts …
Tags: ရင်းနှီးမြှုပ်နှံမှု
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

လူသတ်ကောင် မြန်မာစစ်တပ် ကျဆုံးမှာကို တရုတ် မလိုလား

လူသတ်ကောင် မြန်မာစစ်တပ် ကျဆုံးမှာကို တရုတ် မလိုလား

by ဧရာဝတီ
21 December 2023
18.5k

နိုဝင်ဘာလရောက်သောအခါ တရုတ်သည် ထိုပဋိပက္ခတွင် ဘက်ပြောင်းလိုက်ပြီး စစ်ကောင်စီအတွက် ရက်များသည် ရေတွက်၍ ရနိုင်တော့မည်ဆိုသည့် ခန့်မှန်းချက်များ ဖြစ်လာသည်။

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

by ဧရာဝတီ
4 May 2024
12.4k

လူကြီးပိုင်းတွေကို လိမ်တာများတယ်။ လူကြီးပိုင်းတွေက အသက်ကြီးလာတော့ ရင်းနှီးမြှုပ်နှံမှုကို ပိုစိတ်ဝင်စားတယ်။ အသက်ကြီးသွားတော့ အလုပ်တွေဘာတွေမရှိတော့ဘူးလေ။ ရင်းနှီးမြှုပ်နှံမှုကရတဲ့ အမြတ်နဲ့ ထိုင်စားဖို့ပဲ ရှိကြတော့ အဲဒီလိုမျိုး မြူဆွယ်တာပေါ့။

အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့

အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့

by Zachary Abuza
18 January 2024
11.5k

စီးပွားရေးသည် ဆက်လက်ကျဆင်းနေပြီး စစ်မြေပြင်ဆုံးရှုံးမှု မြင့်မားလာသောကြောင့် စစ်ကောင်စီသည် ဓားစာခံရှာနေသည်။

တကောင်း နီကယ်စက်ရုံကို PDF သိမ်းတဲ့အခါ

တကောင်း နီကယ်စက်ရုံကို PDF သိမ်းတဲ့အခါ

by ဇေယျ (အညာ)
1 August 2024
11k

တကောင်းအနီးရှိ ကြာညှပ်ရွာ အပါအဝင် တချို့စခန်းများ ဆုတ်ခွာသွားကြသည်။ PDF တပ်ဖွဲ့များက အားကောင်းမောင်းသန် ဖြစ်လာသည်။

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

by Ankit K
18 March 2025
10.9k

တရုတ်၏ မြန်မာကို ချဉ်းကပ်ပုံနည်းလမ်းသည် ပါကစ္စတန်နှင့် အခြား BRI နိုင်ငံများဖြစ်သည့် သီရိလင်္ကာနှင့် အာဖရိက နိုင်ငံအများအပြားတွင် လုပ်သည့်နည်းလမ်းကို ထင်ဟပ်နေသည်။

Next Post
လွှတ်တော်အပြီး မီဒီယာများသို့ ဖြေကြားနေသည့် ဒုဝန်ကြီး / ဖေသက်ထက်ခင် / ဧရာဝတီ

ဆက်သွယ်ရေးဥပဒေ အချက်ငါးချက်ပြင်ရန် လွှတ်တော်သို့ တင်သွင်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးရှိ စစ်ရှောင်ဒုက္ခသည်စခန်းအတွင်း နေထိုင်ကြသူများ / Reuters

ဒုက္ခသည် ပြန်လည်နေရာချထားမှု မြေယာပြုပြင်ပြောင်းလဲရေးနှင့် ဆက်စပ်ရန် လို

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate