• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လေးမျက်နှာတွင် အင်းလုပ်ကိုင်လိုမှုဖြင့် ဒေသခံရေလုပ်သားများဆန္ဒပြ

by ဆလိုင်းသန့်စင်
14 July 2017
in သတင်း
A A
ရေလုပ်သားများက တိုင်းလွှတ်တော်ကိုယ်စားလှယ်နှင့် ငါးလုပ်ငန်းဦးစီးဌာနကို ဇူလိုင် ၁၃ ရက်က လေးမျက်နှာမြို့တွင် ဆန္ဒပြနေပုံ / ဆလိုင်းသန့်စင် / ဧရာဝတီ

ရေလုပ်သားများက တိုင်းလွှတ်တော်ကိုယ်စားလှယ်နှင့် ငါးလုပ်ငန်းဦးစီးဌာနကို ဇူလိုင် ၁၃ ရက်က လေးမျက်နှာမြို့တွင် ဆန္ဒပြနေပုံ / ဆလိုင်းသန့်စင် / ဧရာဝတီ

5.8k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ အင်းများကို ဒေသခံရေလုပ်သားများ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိအောင် လုပ်ဆောင်နေသည်ဟုဆိုကာ လေးမျက်နှာမြို့နယ် အမှတ် (၁ ) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် လေးမျက်နှာငါးလုပ်ငန်းဦးစီးဌာနကို ရေလုပ်သား၁၀၀ ကျော်က ဇူလိုင် ၁၃ ရက်တွင် ဆန္ဒပြခဲ့ကြသည်။

လေးမျက်နှာမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်နှင့် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးသိန်းတို့က အင်းတန်ဖိုးများကို ရေလုပ်သားများ အခက်တွေ့စေသည့် ဈေးနှုန်းသို့ ပြောင်းလဲသတ်မှတ်ခြင်း၊ အင်းသားကြီးများ အစုအဖွဲ့များကိုသာ အသိအမှတ်ပြုခြင်း၊ အင်းများကို ဒေသခံရေလုပ်သားများက လုပ်ကိုင်ခွင့်မရဘဲ အင်းသားကြီးများသာ လုပ်ကိုင်ခွင့်ရစေရန် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နေခြင်းများကြောင့် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း ဒေသခံရေလုပ်သားများက ပြောသည်။

RelatedPosts

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
276
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
1.1k
တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

10 July 2025
107

ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သည့် လေးမျက်နှာမြို့နယ် မြင်းကုန်းကျေးရွာ ရေလုပ်သားခေါင်းဆောင် ဦးထွန်းလင်းက “ဝန်ကြီးဦးဘဟိန်း (မွေးမြူရေးဝန်ကြီး)က ရေလုပ်သားလေးတွေ လုပ်ကိုင်ခွင့်ရအောင် အင်း ၈ အင်းကို ကြမ်းခင်းဈေးနဲ့ ချထားပေးဖို့ လုပ်တယ်။ အဲဒီမှာ အင်းသားကြီးတွေက သူတို့လူတွေကို ရေလုပ်သားအဖွဲ့တဖွဲ့ သီးသန့်ဖွဲ့ခိုင်းပြီး အင်းကိုဝင်လုတယ်။ ကျနော်တို့ ဆင်းရဲသားရေလုပ်သားတွေက စနစ်တကျ မှတ်ပုံတင်ပြီး လုပ်ခွင့်တောင်းတာ။ အင်းလုပ်ခါနီးကျမှ အင်းသားကြီးတွေရဲ့ ရေလုပ်သားအဖွဲ့တွေနဲ့ ပေါင်းလုပ်ပါ။ ပေါင်းမလုပ်နိုင်ရင် လေလံခုံပေါ်တင်မယ်ဆိုတဲ့အပေါ် ကျေနပ်မှုမရှိလို့ ဆန္ဒဖော်ထုတ်တာပါ” ဟု ဧရာဝတီကို ပြောသည်။

အင်းတန်ဖိုးတိုးမြှင့်ခဲ့သည့်အတွက် ရေလုပ်သားအစုအဖွဲ့များက တောင်းခံသည့် အင်း ၈ အင်းမှာ မူလဈေး ကျပ် ၁၀ သိန်းမှ ကျပ် သိန်း ၃၀ ကျော်အထိ မြင့်တက်ခဲ့ကြောင်း ရေလုပ်သားများက ပြောသည်။

လေးမျက်နှာမြို့နယ်တွင် ကြေးတိုင်အင်း ၃ အင်း၊ ဘုံစားအင်း ၃ အင်း အပါအဝင် အင်းပေါင်း ၃၀ ရှိကြောင်း သိရသည်။ အင်းပေါင်း ၃၀ အနက် ၁၃ အင်းကို အစုအဖွဲ့များအား ချထားပေးပြီး ကျန် ၁၁ အင်းကို ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီး ဌာနရုံးတွင် ဇူလိုင်လ ၁၈ ရက်တွင် လေလံပစ်မည်ဖြစ်ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က အင်းတန်ဖိုးများသည် ခေတ်ကာလနှင့် မလျော်ညီတော့သည့်အတွက် တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ နိုင်ငံတော်အခွန်ဘဏ္ဍာ ပိုမိုရရှိစေရန် ဈေးနှုန်းမြှင့်တင်ခြင်းဖြစ်ကြောင်း၊ လက်ရှိ ဧရာဝတီတိုင်း ရေချိုငါးလုပ်ငန်း ဥပဒေတွင် ရေလုပ်သားအစုအဖွဲ့နှင့် ပတ်သက်၍ ဖွင့်ဆိုချက်ပြည့်စုံစွာ မပါရှိသည့်အတွက် ရေလုပ်သားအစုအဖွဲ့ အားလုံးကို အသိအမှတ်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ဦးစိုးခိုင်က “ အင်းတွေရဲ့ ကြမ်းခင်းဈေးတွေဟာ ခေတ်ကာလနဲ့ လျော်ညီမှုမရှိတဲ့အတွက် တိုင်းအစိုးရရဲ့ ညွှန်ကြားချက်အရ ကြမ်းခင်းဈေး သတ်မှတ်ရေးကော်မတီ ဖွဲ့စည်းပြီး နိုင်ငံတော်အခွန်ဘဏ္ဍာ ပိုရရှိအောင် လုပ်ဆောင်တာပါ။ ဒီဈေးနှုန်းတွေက တိုင်းအစိုးရကိုတင်ပြပြီးမှ သတ်မှတ်ခဲ့တာပါ။ ဘယ်သူမှ မဆွဲနိုင်တဲ့ဈေးနှုန်းကို ကော်မတီကနေ တင်လိုက်ရင်တော့ ကော်မတီမှာတာဝန်ရှိတယ်။ ဒီဈေးကို ဆွဲနိုင်တဲ့လူ ရှိနေရဲ့သားနဲ့ ဒါဟာသူတို့ (ဆန္ဒပြရေလုပ်သားများ) အတွက် မဖြစ်နိုင်ဘူးဆိုရင်တော့ နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးတာပဲအဖတ်တင်မယ်” ဟု ပြောသည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်ကို လေးမျက်နှာ ဒေသခံများက ပြီးခဲ့သည့်နှစ် အောက်တိုဘာလ အတွင်းက ပထမအကြိမ် ဆန္ဒပြခဲ့ကြသည်။

ယခုဆန္ဒပြမှုသည် ဒုတိယအကြိမ်ဖြစ်သောကြာင့် ဦးစိုးခိုင်သည် ဧရာဝတီတိုင်းလွှတ်တော် သက်တမ်းအတွင်း ၂ ကြိမ် ဆက်တိုက် ဆန္ဒပြခံရသည့် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသည်။

Your Thoughts …
Tags: ရေလုပ်သား
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ ကျားဖောင်ပေါ်က ရေလုပ်သားများ / ဆလိုင်းသန့်စင် / ဧရာဝတီ

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျားဖောင်လုပ်ငန်း ပြောင်းလဲလာမလား

by ဆလိုင်းသန့်စင်
13 October 2020
10.2k

နှစ်စဉ် သြဂုတ်လရောက်သည်နှင့် လူတွေရှုပ်ထွေး စည်ကားနေတတ်သည့် ကျားဖောင်လုပ်ငန်းများ တည်ရှိရာ ဖျာပုံ မြို့နယ်ရှိ ပင်လယ်ကမ်းစပ်ဒေသများမှာ ယခုနှစ်တွင် လူသူကြဲပါး ခြောက်ကပ်နေသည်။

ထိုင်း ၄ ဦး ပြန်လွတ်ရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့ ကတိပြု (ရုပ်/သံ)

ထိုင်း ၄ ဦး ပြန်လွတ်ရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့ ကတိပြု (ရုပ်/သံ)

by ဧရာဝတီ
3 December 2024
157

မြန်မာရေတပ်က ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသား ၄ ဦး ပြန်လွတ်ဖို့ နည်းလမ်းပေါင်းစုံသုံးပြီး အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ် က ပြောဆိုကြောင်း ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

ဖျာပုံခရိုင် ပင်လယ်ကျားဖောင် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသံချောင်း  / ဇော်နောင်လင်း / ဧရာဝတီ

ကျားဖောင်လုပ်ငန်းကို လူသတ်ကွင်းလို၊ မူးယစ်ဆေးဝါး စက်ရုံကြီးလို့ ပုံဖော်တာတွေ ရှိနေတယ်

by ဆလိုင်းသန့်စင်
5 January 2020
14.3k

ဒီလုပ်ငန်းကြီးကို ပင်လယ်ပြင်မှာ လူသတ်ကွင်းကြီးလို၊ မူးယစ်ဆေးဝါး စက်ရုံကြီးလို့ ပုံဖော်နေတာတွေ ရှိနေ တဲ့အတွက် ဒါ က ဘယ်လိုပဲဖြစ်ဖြစ် ရေလုပ်ငန်းလောကကို ထိခိုက်စေပါတယ်။ ဖျာပုံမြို့ဟာ ရေလုပ်ငန်းနဲ့ ဆန်စပါး ၂ ခု ကို အခြေခံပါတယ်။

ဖျာပုံမြို့နယ်အနီး ပင်လယ်ပြင်တွင် ငါးပုစွန်ဖမ်းဆီးနေသည့် ကျားဖောင်တစီး ကို တွေ့မြင်ရစဉ်  / မျိုးမင်းထွန်း

ဖျာပုံမြို့နယ်ရှိ ရေလုပ်သား ၃၆ ဦး ပျောက်ဆုံးနေ

by ဆလိုင်းသန့်စင်
28 December 2017
6.6k

ပင်လယ်ပြင်တွင် ငါး၊ ပုစွန်ဖမ်းဆီးကြသည့် ကျားဖောင်များတွင် ရေလုပ်သား ၃ ဦးနှင့် ဖောင်ဦးစီး ၁ ဦး လိုက်ပါလေ့ရှိပြီး ရာသီဥတုဆိုးဝါး၍ လေပြင်းများ တိုက်ခတ်ချိန်တွင် ဖောင်ကြိုးများ ပြတ်၍ ပင်လယ်ပြင် အတွင်းသို့ မျောပါလေ့ရှိသည်။

ဧရာဝတီတိုင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးကို ပုသိမ်မြို့ပေါ်တွင် ဆန္ဒဖော် ထုတ်နေသည့် ရေလုပ်သားများ (ဓာတ်ပုံ - ) / ဆလိုင်းသန့်စင် / ဧရာဝတီ

ဧရာဝတီတိုင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးကို ရေလုပ်သားများ ဆန္ဒဖော်ထုတ်

by ဆလိုင်းသန့်စင်
10 September 2019
7.8k

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်ရှိ ရှားခဲအင်းနှင့် လေးမျက်နှာမြို့နယ်ရှိ ကင်ပွန်းချောင်း အင်းတို့ကို ဒေသခံ ရေလုပ်သား အစုအဖွဲ့များအား ချထားပေးရန် တောင်းဆိုချိန်တွင် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ယခင်နှစ်က လေလံအောင်ခဲ့သည့်အင်းသားကြီးများကို ကြေးတိုင်အင်းများ အဖြစ် ဆက်လက်လုပ်ကိုင်ခွင့် ချပေးလိုက်သည့်အတွက်...

ကျိုက္ခမီတိုက်နယ်ဆေးရုံတွင် တက်ရောက်ကုသခဲ့ရသော ရေလုပ်သား ကိုဖြိုးကိုကို

ရေလုပ်သားတဦးကို ညှဉ်းပန်းနှိပ်စက်သူ ဦးစီး ၂ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

by ဧရာဝတီ
18 January 2018
25k

ပင်လယ်ပြင်ရှိ ကျားဖောင်လှေပေါ်တွင် ဦးစီး ၂ ဦးက ရေလုပ်သား ကိုဖြိုးကိုကိုအား နည်းမျိုးစုံနှင့် ညှဉ်းပန်းနှိပ်စက်ခဲ့မှုဖြင့် ကျိုက္ခမီ နယ်မြေရဲစခန်းက အမှုဖွင့် ဖမ်းဆီးလိုက်သည်။

Next Post
Dateline Irrawaddy : ၆၆ (ဃ) ပြင်ဆင်ရင် အကောင်းအဆိုး ဘာတွေရှိလာမလဲ…

Dateline Irrawaddy : ၆၆ (ဃ) ပြင်ဆင်ရင် အကောင်းအဆိုး ဘာတွေရှိလာမလဲ...

တပတ်အတွင်း သတင်းဓာတ်ပုံ

တပတ်အတွင်း သတင်းဓာတ်ပုံ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate