• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ချောင်းဆုံ NLD အမှုဆောင်တချို့ တာဝန်မှ ယာယီ ရပ်ဆိုင်းခံရ

by ဟင်္သာနီ (မွန်မြေ)
17 July 2017
in သတင်း
A A
NLD က ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲအတွက် ချောင်းဆုံမြို့နယ်တွင် မဲဆွယ်စည်းရုံးရေး ပြုလုပ်နေစဉ်။ / ဟင်္သာနီ (မွန်မြေ) / ဧရာဝတီ

NLD က ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲအတွက် ချောင်းဆုံမြို့နယ်တွင် မဲဆွယ်စည်းရုံးရေး ပြုလုပ်နေစဉ်။ / ဟင်္သာနီ (မွန်မြေ) / ဧရာဝတီ

93k
VIEWS
Share on FacebookShare on Twitter

၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအပေါ် မကျေနပ်၍ ဆန္ဒပြရန် ဦးဆောင်ခဲ့သည်ဟု တိုင်ကြားခံရသည့် ဘီလူးကျွန်း ချောင်းဆုံမြို့နယ် NLD အလုပ်အမှုဆောင် ၂၁ ဦးအား စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့ကာ စိစစ် ရန်နှင့် ထိုကာလအတွင်း ၎င်းတို့အား ပါတီတာဝန်များ ယာယီ ရပ်ဆိုင်းထားရန် ဇူလိုင်လ ၁၀ ရက်နေ့က ညွှန်ကြားထား ကြောင်း သိရသည်။

စုံစမ်း စစ်ဆေးရေး အဖွဲ့သည် ဇူလိုင်လ ၁၇ ရက်နေ့တွင် စစ်ဆေးမှု စတင် ပြုလုပ်ခဲ့ပြီး ရက် ၃၀ အတွင်း အပြီးသတ် စစ်ဆေး၍ NLD ဗဟိုသို့ အစီရင်ခံစာ တင်ပြပေးရမည် ဖြစ်ကာ ဗဟိုက ဆုံးဖြတ်ချက် တစုံတရာ ပြုလုပ်သွားမည် ဖြစ် ကြောင်း မွန်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်ဆောင်က ရှင်းပြသည်။

RelatedPosts

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

19 July 2025
13
ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

19 July 2025
286
အာဇာနည်တွေ နေတဲ့တိုင်းပြည်

အာဇာနည်တွေ နေတဲ့တိုင်းပြည်

19 July 2025
191

“သူတို့ အကြံပြုထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ကျနော်တို့ ပယ်ဖျက်လို့ မရဘူး၊ ဒါပေမယ့် ဦးစားပေး နေရာတွေ ရွှေ့လို့ရတယ်၊ မြို့နယ် အလုပ်အမှုဆောင်တွေက ဆန္ဒပြဖို့ အစည်းအဝေးတွေ လုပ်ကြတယ်၊ ဆန္ဒပြကြတယ်၊ အဲဒီ အသံဖိုင် တွေ ပြည်နယ်ကိုလည်း ပို့တယ်၊ ဗဟိုကိုလည်း ပို့တယ်၊ ဗဟိုက သိသွားတော့ တာဝန်ပေးခဲ့တယ်” ဟု ဒေါက်တာ ခင်ဆောင်က ရှင်းပြသည်။

စစ်ဆေးခံ ၂၁ ဦးထဲတွင် ပါဝင်သည့် ချောင်းဆုံမဲဆန္ဒနယ် အမှတ် ၂ မှ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ NLD အလုပ်အမှုဆောင် ဒေါ်ကြည်ကြည်မြက “ကိုယ့်ပါတီကို ကိုယ်ဆန္ဒပြတယ် ဆိုတဲ့ ကိစ္စကတော့ မဖြစ်သင့်ပါဘူး၊ အချင်းချင်းတောင် ဆန္ဒပြနေကြရင် သူတို့ (NLD ကို) ဘယ်လို အားကိုးလို့ ရတော့မှာလဲ ဆိုတဲ့ အပြောမျိုးလေးတွေ ထွက်လာပါတယ်၊ အဲဒါကြောင့် ကြားဖြတ်မှာ ရှုံးခဲ့ရတယ်လို့ သုံးသပ်မိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ချောင်းဆုံမြို့နယ် NLD ပါတီမှ ဦးစောလင်းအောင်၊ ဦးအေးဝင်းနှင့် ဦးကျော်ဖေ စသည့် ကိုယ်စားလှယ်လောင်း ၃ ဦးအား ပထမ၊ ဒုတိယနှင့် တတိယ ဦးစားပေး ဟူ၍ သတ်မှတ် ရွေးချယ်ခဲ့သည်။

ပထမ ဦးစားပေး ရွေးချယ်ခံထားရသူ ဦးစောလင်းအောင်သည် ၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်စဉ်က ရှူံးနိမ့်ထားသဖြင့် ဒုတိယဦးစားပေး ကိုယ်စားလှယ်လောင်းအား ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စေရန် ဗဟိုက ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဒေါ်ကြည်ကြည်မြက သုံးသပ် ပြောကြားသည်။

ထိုသို့ ရွေးချယ်မှုတွင် ဦးအေးဝင်းသည် ဒေသခံမဟုတ်ဟုဆိုကာ ချောင်းဆုံမြို့နယ် NLD ပါတီဝင်များက မကျေနပ် သဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ တွင် လူအင်အား ၅၀ ခန့်ဖြင့် မွန်ပြည်နယ် NLD ပါတီ ဗဟိုဌာနချုပ်သို့ ချီတက်ပြီး ဒေသခံ မွန်တိုင်းရင်းသား ကိုယ်စားလှယ် လိုချင်တယ်၊ နယ်မြေခံ ပြည်သူကို လေးစားပါ စသည့် ဆိုင်းဘုတ် များ ကိုင်ဆောင်၍ ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ချောင်းဆုံမဲဆန္ဒနယ်မှ NLD ကိုယ်စားလှယ် လောင်း ဦးအေးဝင်းသည် မဲအရေအတွက် ၁၂၆၃၆ မဲ ရရှိခဲ့ကာ အဓိက ပြိုင်ဘက်ဖြစ်သည့် USDP (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) မှ ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းက ၁၉၆၆၇ မဲ ရရှိခဲ့သဖြင့် မဲ ၇၀၀၀ ကျော်ဖြင့် အပြတ်အသတ် ရှုံးနိမ့်ခဲ့ရကြောင်း သိရသည်။

Your Thoughts …
Tags: NLD အမှုဆောင်
ဟင်္သာနီ (မွန်မြေ)

ဟင်္သာနီ (မွန်မြေ)

Similar Picks:

No Content Available
Next Post
မေလ ၂၇ ရက် ရန်ကုန်တွင် ကျင်းပခဲ့သော မဘသ ဘုန်းတော်ကြီးများ၏ အစည်းအဝေးတွင် ဦးဝီရသူ ဟောပြောစဉ် / AFP

အစိုးရ ဆင်းပေးရန် ဦးဝီရသူ တောင်းဆို

၂၀၁၆ ခုနှစ်အတွင်းက ဦးရှေကျားကျေးရွာတွင် မြင်ရသော မွတ်ဆလင်ကလေးငယ်များ  / Reuters

မောင်တောတွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဆယ်ကျော်သက် တဦး အပါအဝင် ၃ ဦး သေဆုံး

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.5k

Most Read

  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate