• English
Wednesday, July 9, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်မြို့ရှိ ဈေး ၂၀ကို စတင် အဆင့်မြှင့်မည်

by မျိုးပပစန်း
21 July 2017
in သတင်း
A A
ရန်ကုန်မြို့ရှိ ဈေး ၂၀ ကို စတင် အဆင့်မြှင့်မည်  / ဧရာဝတီ

ရန်ကုန်မြို့ရှိ ဈေး ၂၀ ကို စတင် အဆင့်မြှင့်မည် / ဧရာဝတီ

13.2k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့ရှိ ဈေးပေါင်း ၁၇၄ ခုကို အဆင်မြှင့်တင်သွားမည်ဖြစ်ပြီး လတ်တလောတွင် ဈေး ၂၀ ကို စစ်တမ်း ကောက်ယူ နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇူလိုင်လ ၂၀ ရက်နေ့ UMFCCI တွင် ပြုလုပ်သည့် အဋ္ဌမ အကြိမ် ဒုသမ္မတနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်း မင်းဒင်က ကဏ္ဍတရပ်လုံးမှ ကုန်စည်များသည် သီရိမင်္ဂလာဈေးတွင်သာ လည်ပတ် ရောင်းချနေရသောကြောင့် အလေအ လွင့်များနေပြီး အချိန်ကြန့်ကြာခြင်းတို့ကြောင့် ယခု တည်ဆောက်နေသည့် တညင်းကုန်း လက်ကားဈေးနည်းတူ ရန်ကုန်တိုင်းအတွင်း ခရိုင်အလိုက် သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် သီးသန့်လက်ကားဈေးများ ဖော်ဆောင်ရန် ဆွေးနွေးစဉ် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

RelatedPosts

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

9 July 2025
24
ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

9 July 2025
110
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
101

တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကျနော်တို့ဆီမှာ ရှိနေတဲ့ ဈေးစနစ်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဈေးမဖြစ်ဘူး။ ဒါကြောင့် ဒီဈေး ၁၇၀ ကျော်ကို အဆင့်မြှင့်တင်တဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဈေးတွေ ဖြစ်လာအောင် အခုစမ်းသပ်ပြီးတော့ဈေး ၂၀ကို စပြီးတော့ အဆင့်မြှင့်တင်သွားမယ်။ စပြီး ပြောင်းလဲသွားမယ်” ဟု ပြောသည်။

ဈေး ၂၀ ကို စတင် အဆင့်မြှင့်မည်ဟု ဆိုသော်လည်း ထိုဈေးများ၏ အမည်များကိုမူ ထုတ်ဖော် ပြောကြားသွားခြင်း မရှိပေ။

ယင်းကဲ့သို့ ဈေး ၂၀ ကို အရင်ဆုံး ရွေးချယ်ပြုလုပ်ရခြင်းမှာ customer များနှင့် ရင်းနှီး ကျွမ်းဝင်စေရန်၊ ကျန်းမာရေးနှင့် ညီညွတ်သော ဈေးများ ဖြစ်စေရန်နှင့် စားသုံးသူနှင့် ရောင်းချသူ နှစ်ဦးနှစ်ဖက် မျှတမှု ရှိသောဈေးနှုန်းများ ဖြစ်စေရန် ရည်ရွယ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက “ဒါကတော့ ဝန်ကြီးချုပ်ဘက်က ရှိနေတဲ့ စီမံကိန်းကို တင်ပြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ တုံ့ပြန်မှု အကောင်းဆုံးဖြစ်တဲ့ ဈေးကို စတင်မှာဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ရန်ကုန်မြို့သည် လူဦးရေ ၁၀ ရာခိုင်နှုန်းခန့် နေထိုင်သဖြင့် အသေးစားနှင့် အလတ်စား ထုတ်ကုန် (SME) လုပ်ငန်းများမှ ထုတ်ကုန်များမှာ ရောင်းချစရာ နေရာများများ ရှိနေမှသာ အဆင်ပြေမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

အဓိကအားဖြင့် ကျန်းမာရေးအတွက် ကောင်းမွန်သော၊ ကုန်ပစ္စည်း စိုက်ပျိုး ထုတ်လုပ်သူများအတွက် အလွယ်တကူ ရောင်းချနိုင်သော နေရာအပြင် စားသုံးသူများ အဆင်ပြေရန် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ယင်းဆွေးနွေးပွဲမှ သိရသည်။

ယခု အစိုးရလက်ထက်တွင် ယင်းကဲ့သို့ ဈေးများ အဆင့်မြှင့်တင်ခြင်းကို ပထမဆုံးအကြိမ် စတင်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: ဈေး
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

မိန်းမ နှင့် ဈေး

မိန်းမ နှင့် ဈေး

by ခင်ဆွေဦး
18 February 2024
1.1k

မိန်းမတယောက်ဟာ တော်တာ၊ လှတာ မဟုတ်ရင် ရုပ်ဝတ္ထု ပစ္စည်း (Material Things) နဲ့ ဖြည့်ရင်း သူတို့ရဲ့ မပြည့်တဲ့ ဘောင်ဘင်ခတ် အိုးကို ဖြည့်ပြီး သိမ်ငယ်စိတ် (Inferiority complex) ကို ဖျောက်နေကြတာ...

ဧပြီ ၃ ရက်နေ့ လှိုင်သာယာတွင် ၃ ပေအကွာမှ ဈေးဝယ်နေကြသူများ / ထက်ဝေ

ရောင်းသူနှင့် ဝယ်သူ အကြား ၃ ပေခြားဖို့ ရန်ကုန်စည်ပင် သတ်မှတ်

by သဇင်လှိုင်
4 April 2020
29.6k

အဆိုပါ ညွှန်ကြားချက်ကို ပြီးခဲ့သည့် မတ်လ နောက်ဆုံးအပတ်မှ စတင်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာန လက်အောက်ရှိ ဈေးပေါင်း ၁၈၄ ဈေးကို ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

Next Post
မျှားနေတာ

မျှားနေတာ

ပရီးမီးယားလိဂ်မှာ ပြန်လည် မြင်တွေ့ရတော့မယ့် ဟာနန်ဒက်

ပရီးမီးယားလိဂ်မှာ ပြန်လည် မြင်တွေ့ရတော့မယ့် ဟာနန်ဒက်

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

14 hours ago
3.4k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate