• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မအူပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးစိန်ဝင်း NLD ပါတီမှ နုတ်ထွက်

by ထက်နိုင်ဇော်
21 July 2017
in သတင်း
A A
မအူပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်း / U Sein Win facebook

မအူပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်း / U Sein Win facebook

11.6k
VIEWS
Share on FacebookShare on Twitter

အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းသည် ၎င်း၏ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုပါရန် တင်ပြလာသဖြင့် ဇူလိုင်လ ၂၁ ရက်တွင် ပါတီက နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း NLD ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောသည်။

ဦးဉာဏ်ဝင်းက “ ပါတီဝင်အဖြစ် ဆက်ပြီးမလုပ်ဆောင်လိုတော့တဲ့အတွက် ဇူလိုင် ၁၇ ရက်က နုတ်ထွက်ခွင့်ပြုဖို့ တင်ပြလာတယ်။ အဲဒီတော့ သူ့ဆန္ဒအတိုင်း လိုက်လျောတဲ့အနေနဲ့ ဒီနေ့နုတ်ထွက်ခွင့်ပြုလိုက်တာပေါ့” ဟု ဧရာဝတီကို ပြောသည်။

RelatedPosts

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
28
မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
93
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
131

ဧရာဝတီတိုင်း၊ မအူပင်လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ပါတီ၏ကန့်သတ်ချုပ်ချယ်မှုများ၍ တသီးပုဂ္ဂလပုံစံဖြင့် လွတ်လပ်စွာ လယ်သမားအရေး ဆောင်ရွက်နိုင်ရန် ပါတီမှနုတ်ထွက်ရခြင်း ဖြစ်ကြောင်းနှင့် ၎င်း၏နုတ်ထွက်စာကို ဇူလိုင်လ ၁၄ ရက်ကပင် တင်ပြခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။

ဇူလိုင်လ ၁၄ ရက်တွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မအူပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစီရင်ခံစာကို တင်ပြဆွေးနွေးစဉ် လွှတ်တော်ကော်မတီများ အနေဖြင့် အစိုးရကို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် ဝန်ကြီးဌာန ၂၂ ခု ရှိသကဲ့သို့ ကော်မတီ ၂၂ ခု ထားရှိရန် အကြံပြုဆွေးနွေးခဲ့ရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကော်မတီအစီရင်ခံစာနှင့် မဆိုင်၍ ဆွေးနွေးခွင့်မပြုဘဲ ၎င်း၏ ပြောဆိုချက်ကို ပြန်လည်ရုပ်သိမ်းခိုင်းခဲ့သည်။

“ကျနော်က လက်မှုလယ်ယာကို စက်မှုလယ်ယာပြောင်းနိုင်ဖို့အတွက် အစိုးရကို ကော်မတီတွေက စောင့်ကြည့်နိုင်ဖို့ စေတနာနဲ့ ဆွေးနွေးတာ။ ဒါပေမယ့် လူပုံလယ်မှာ အရှက်ခွဲခံခဲ့ရတယ်။ ကျနော်ပြောတာကို ပြန်မရုတ်ချင်လို့ ဆက်ပြောတာကို မိုက်ပိတ်ထားပြီး ပြန်ရုတ်ခိုင်းတော့ အားလုံးအကျိုးရှိဖို့အတွက် ကျနော့်စကားတွေကို ပြန်ရုတ်သိမ်းပေးခဲ့ရတယ်” ဟု ဦးစိန်ဝင်းက ဆိုသည်။

ထိုကိစ္စသည်လည်း ပါတီမှနုတ်ထွက်ခဲ့သည့် အကြောင်းတခုဖြစ်ပြီး၊ ယင်းနေ့မှာပင် ပါတီမှနုတ်ထွက်စာကို ရေးဖြစ်ခဲ့သည်ဟု ဦးစိန်ဝင်းက ဆက်ပြောသည်။

“နောက်ဆုံးတော့ ကျနော်နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီနေ့ကလည်း ကျနော့်ကို အစည်းအဝေးပြီးတော့ သူက (ဦးဝင်းမြင့်) လာခဲ့ဖို့ ခေါ်တယ်။ ကျနော် မသွားတော့ဘူး။ ဒေါသထွက်နေတော့ ကျနော်သွားလို့ မဖြစ်ဘူးလေ။ ၁၉ ရက်မှာ ပါတီက အတည်ပြုပေးခဲ့တယ်။ ၂၀ ရက်နေ့မှာ ကော်မရှင်က ဖုန်းဆက်အကြောင်းကြားပေးတယ်” ဟု ၎င်းက ပြောသည်။

ယင်းနေ့က ဦးစိန်ဝင်းကို လွှတ်တော်ဝန်ထမ်းတဦးက လာခေါ်ရာတွင် ၎င်းက “ဘယ်သူခေါ်ခေါ် မလိုက်နိုင်ဘူး”ဟု ပြန်လည်ပြောဆိုခဲ့သည်ကို တွေ့ခဲ့ရကြောင်း လွှတ်တော်ကိုယ်စားလှယ်တချို့က ဧရာဝတီကို ပြန်ပြောပြသည်။

ဦးစိန်ဝင်းသည် NLD ပါတီသို့ ၂၀၁၁ ခုနှစ်တွင် ဝင်ရောက်ခဲ့သူဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီး လွှတ်တော်ထဲတွင် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီဥက္ကဌ ဖြစ်လာသည်။

သို့သော် ၂၀၁၆ ခုနှစ်တွင် ကိုယ်ကျိုးစီးပွားအတွက် ၎င်းကိုအသုံးချသည်ဟုဆိုကာ ဦးစိန်ဝင်းက လုပ်ငန်းရှင်တဦးနှင့် NLD ပါတီဝင် ၄ ဦးတို့ကို လိမ်လည်မှု၊ အသရေဖျက်မှုတို့ဖြင့် အမှုဖွင့်ခဲ့ရာ ပါတီမူဝါဒအရ ပါတီဝင်အချင်းချင်း တရားစွဲဆိုခြင်းများ မပြုလုပ်ရန် ဖျောင်းဖျသော်လည်း ၎င်းကနားမထောင်သဖြင့် ကော်မတီဥက္ကဌရာထူး တာဝန်မှလည်းကောင်း၊ မအူပင်မြို့နယ် NLD အလုပ်မှုဆောင်အဖြစ်မှလည်းကောင်း ရပ်စဲခဲ့ကြသည်။

Your Thoughts …
Tags: ဦးစိန်ဝင်း
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

မအူပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်း / U Sein Win facebook

လွတ်လွတ်လပ်လပ် လုပ်ချင်လို့ NLD ပါတီက ထွက်လာသူ ဦးစိန်ဝင်း

by ဆလိုင်းသန့်စင်
22 July 2017
8k

NLD ပါတီမှ နှုတ်ထွက်ရသည့် အကြောင်းရင်းများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ အကြောင်း ဦးစိန်ဝင်းကို ဆက်သွယ် မေးမြန်းထားပါသည်။

Next Post
ပညာရေး ဝန်ကြီးဌာန ဝန်ကြီးနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး အောင်ရဲကွန်း Ong Ye Kung  စင်ကာပူရဲ့ အနာဂတ် ခေါင်းဆောင် ဖြစ်လာမလား / todayonline.com

အချေအတင် ငြင်းခုန်လာတဲ့ စင်ကာပူ

နယ်ခြားစည်းရိုးနားတွင် ကင်းစောင့်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ / ဧရာဝတီ

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း - ၅

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.5k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate