မြန်မာအရပ်သားအစိုးရက မြောက်ကိုရီးယားနှင့် အဆက်အသွယ်မရှိကြောင်း ပြောသော်လည်း မြန်မာစစ်ဘက်သည် မြောက် ကိုရီးယားနှင့် ဆက်ဆံနေပြီး ထရမ့်အစိုးရက ထိုလက်ကျန် ဆက်ဆံရေးများ လုံးဝရပ်တန့်ရန် ဖိအားပေးနေသည်ဟု အငြိမ်း စားနှင့် လက်ရှိအမေရိကန်အရာရှိများက ပြောသည်။
မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံတမန်က ယခုအပတ် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် မြန်မာခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နှင့် စစ်ဘက်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်တို့နှင့် ထိုကိစ္စကို တွေ့ဆုံဆွေးနွေးခဲ့သည်။
အမေရိကန်အထူးသံတမန် ဂျိုးဆက်ယွန်း၏ မြန်မာနိုင်ငံခရီးစဉ်သည် စစ်အုပ်ချုပ်ရေး ဆယ်စုများစွာက စတင်ခဲ့သော မြောက်ကိုရီးယားနှင့် မြန်မာဆက်ဆံရေးကို အမေရိကန်က စိုးရိမ်ကြောင်း ပြသနေသည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန် ကြီးဌာနအဆင့်မြင့် အရာရှိတဦး၏အဆိုအရ သောကြာနေ့က သိရသည်။
“မြောက်ကိုရီးယားနဲ့ ဘယ်လို ဆက်ဆံရေးမဆို၊ အထူးသဖြင့် စစ်ဘက်ဆက်ဆံရေးဟာ မြောက်ကိုရီးယားရဲ့ ဒေသတွင်းနဲ့ ကမ္ဘာတဝန်း ခြိမ်းခြောက်မှုကို အဆုံးသတ်ဖို့ ကြိုးစားရာမှာ အကျိုးမဲ့စေကြောင်း ဖော်ပြဖို့ အခွင့်အလမ်းတခုပါ” ဟု အမည်မဖော်လိုသော ထိုအရာရှိက ရိုက်တာသတင်းဌာနသို့ ပြောသည်။
မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံကြား မည်သို့သော စစ်ဘက်ဆက်ဆံရေးရှိနေသည် ထုတ်ဖော်ပြောရန် သူ ငြင်းသည်။
ဝါရှင်တန်ရှိမြန်မာသံရုံးသို့ မေးမြန်းမှုကို လတ်တလော တုံ့ပြန်ခြင်း မရှိသေးပေ။
မြန်မာစစ်ဘက်၏ ကာကွယ်ရေးပစ္စည်းဝယ်ယူရေးအဖွဲ့ကို ယခုနှစ်အတွင်း ချမှတ်ခဲ့သည် ပိတ်ဆို့အရေးယူမှုသည် မြန်မာ စစ်ဘက်နှင့် မြောက်ကိုရီးယားဆက်ဆံရေးအပေါ် နှစ်ပေါင်းရှည်ကြာသော စိုးရိမ်မှုကို ထင်ဟပ်နေသည်ဟု အထက်ပါ အ မေရိကန်အရာရှိက ပြောသည်။
၂၀၁၁ ခုနှစ်က အမည်ခံ အရပ်သားအစိုးရသို့ အကူးအပြောင်း မတိုင်မီကပင် မြောက်ကိုရီးယားနှင့် လက်နက်အရောင်းအ ဝယ်နှင့်စစ်ဘက်ဆက်ဆံရေး အဆုံးသတ်ခဲ့သည်ဟု မြန်မာနိုင်ငံက ပြောသည်။
ယခင်က မြန်မာစစ်တပ်သည် မြောက်ကိုရီးယားမှ လက်နက်များ တင်သွင်းခဲ့သည်ဟု ယုံကြည်ရပြီး မြောက်ကိုရီးယား တပ် ဖွဲ့ဝင်များလည်း မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်ခဲ့သည်ဟု အမေရိကန် အရာရှိဟောင်းနှစ်ဦးက ပြောသည်။
မည်သည့် လက်ကျန်ဆက်ဆံရေးမဆို စစ်အစိုးရခေတ်မှ စခဲ့သည့် စစ်တပ် ၂ ခုအကြား လက်ကျန်လုပ်ငန်းများ ဖြစ်နိုင်ပြီး နျူကလီးယားလုပ်ငန်း ဖြစ်နိုင်ခြေမရှိဟု အထက်ပါအရာရှိဟောင်း ၂ အနက် တဦးက ပြောသည်။
သံတမန်ရေးရာကို အားထားခြင်း
မြန်မာအပေါ် မြောက်ကိုရီးယားနှင့် ပတ်သက်သော နောက်ထပ်အရေးယူမှုမလုပ်ဟု မယူဆနိုင်ကြောင်း အထက်ပါ အမေ ရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိက ပြောသည်။
“ကျနော်တို့အမျိုးသား လုံခြုံရေးအကျိုးစီးပွားအတွက် အခြေအနေ အရမ်းဆိုးလာရင်တော့ အရေးယူပိတ်ဆို့မှု အပါအဝင် လုပ်စရာတွေ အများအပြားရှိပါတယ်” ဟု သူပြောသည်။
သို့သော် လတ်တလောတွင် အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတွင် သံတမန်ရေးနည်းကိုသာ အဓိက အား ထားနေသည်။ သယံဇာတပေါများပြီး သေနင်္ဂဗျူဟာ ကျစွာတည်ရှိနေသော မြန်မာနိုင်ငံကို အမေရိကန်က တရုတ်၏အ ဝန်းအဝိုင်းမှ ခွဲခြားထားလိုသောကြောင့်ဖြစ်သည်။
မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ဖြတ်တောက်သည်ဟု အမေရိကန်က မယုံကြည်မချင်း မြန်မာနိုင်ငံနှင့်ဆက်ဆံရေး အပြည့်အဝ ပြန်လည် တိုးတက်ရန် ခက်မည်ဟု သူက အလေးအနက်ပြောသည်။
မြောက်ကိုရီးယားက နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သည်ဟု ကြေညာပြီး ကျွမ်းကျင်သူများက အလက်စကာ ပြည် နယ်အထိ ရောက်အောင်ပစ်နိုင်သည်ဟု ယုံကြည်သည့် တိုက်ချင်းပစ်ဒုံးကျည်ကို ဇူလိုင်လ ၄ ရက်နေ့တွင် မြောက်ကိုရီးယား က စမ်းသပ်ခဲ့ပြီးနောက် အမေရိကန်အထူးသံတမန် ယွန်းသည် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်။
ယွန်းသည် တနင်္လာနေ့က ရန်ကုန်သို့ရောက်ရှိလာသောအခါ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် ဦးကျော် ဇေယျက မြန်မာနှင့် မြောက်ကိုရီးယားစစ်ဘက်ဆက်ဆံရေး မရှိသည်မှာ ကာလကြာမြင့်ပြီဖြစ်ကြောင်းနှင့် မြန်မာ သည် ထို သို့သောဆက်ဆံရေးကို တားမြစ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို လိုက်နာကြောင်း ပြောသည်။
“နှစ်နိုင်ငံအကြား ပုံမှန်ဆက်ဆံရေးသာ ရှိပါတယ်။ ကျနော်သိသလောက်ကတော့ စစ်ဘက်ချင်းဆက်ဆံရေး လုံးဝမရှိပါဘူး။ လုံးဝပါ” ဟု သူက သတင်းထောက်များကို ပြောသည်။
မြန်မာအာဏာပိုင်များသည် မြောက်ကိုရီးယားနှင့် ယခင်ဆက်ဆံရေး အကြွင်းအကျန်ရှိသည်ကို ပြတ်ပြတ်သားသား မငြင်း ဆန်ဘဲ ထိုဆက်ဆံရေးသည် ယခင်ကဲ့သို့ မဟုတ်ကြောင်း ပြောသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိက ပြောသည်။
မြန်မာနိုင်ငံ၏ယခင်စစ်အစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်သောကြောင့် မြောက်ကိုရီးယားကဲ့သို့ပင် ပြင်ပကမ္ဘာက ဝိုင်းပယ်ခံခဲ့ရပြီး မြောက်ကိုရီးယားနှင့် အဆက်အသွယ်ရှိသည်ဟု သိထားကြသည်။
တပ်မတော်ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအရာရှိချုပ်ရုံး DDI သည် အီရန်၊ မြောက်ကိုရီးယားနှင့် ဆီးရီးယား လက်နက်မပြန့်ပွားရေး ဥပဒေအရ မတ်လက အရေးယူပိတ်ဆို့ခံခဲ့ရသည်။
မြောက်ကိုရီးယားကို ရုပ်ဝတ္တုအရ အကူအညီပေးသည်ဟု စွပ်စွဲခံရပြီး DDI ကို ၂၀၁၂ ခုနှစ်ကလည်း အရေးယူ ပိတ်ဆို့ ခဲ့ဖူးသည်။ အောင်မြင်သော နိုင်ငံရေးအကူးအပြောင်းကို အသိအမှတ်ပြုသည့်အနေဖြင့် အိုဘားမားအစိုးရက မြန်မာနိုင် ငံအပေါ် အရေးယူပိတ်ဆို့မှုအများအပြားကို ရုပ်သိမ်းပေးပြီးနောက် DDI သည် အရေးယူပိတ်ဆို့ထားသည့်စာရင်း လွတ် မြောက်ခဲ့ဖူးသည်။
(Reuters သတင်းဌာန၏ Exclusive: U.S. presses Myanmar to cease military ties with North Korea ကို ဘာသာပြန်ဆိုသည်)