• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်တွင် ကင်ဆာရောဂါ ကာကွယ် ကုသမှု UICC နှင့် ပူးပေါင်း ပြုလုပ်

by သဇင်လှိုင်
24 July 2017
in သတင်း
A A
ရန်ကုန်မြို့တွင် ကင်ဆာရောဂါ ကာကွယ်၊ ကုသခြင်းများကို UICC နှင့် ပူးပေါင်းပြီး ပြုလုပ်နေပြီဖြစ်သည်။

ရန်ကုန်မြို့တွင် ကင်ဆာရောဂါ ကာကွယ်၊ ကုသခြင်းများကို UICC နှင့် ပူးပေါင်းပြီး ပြုလုပ်နေပြီဖြစ်သည်။

3k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတကာ ကင်ဆာရောဂါ ဖြစ်ပွားမှု ထိန်းချုပ်ရေးအဖွဲ့ (The Union For International Cancer Control – UICC) နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး သားအိမ်ခေါင်းကင်ဆာနှင့် အခြားကင်ဆာရောဂါများနှင့် ပတ်သက်၍ ကာကွယ်၊ ကုသရေး လုပ်ငန်းများ စတင် လုပ်ကိုင်နေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

UICC အဖွဲ့သည် မြို့ကြီးများ၏ ကင်ဆာစိန်ခေါ်မှုဟု အမည်ပေးထားသည့် အစီအစဉ်အရ ပူးပေါင်း ဆောင်ရွက်ရန် ကမ္ဘာ့ မြို့ကြီးများအနက် ပါရာဂွေးနိုင်ငံ အက်ဆန်ကွိုင်မြို့၊ ကိုလံဘီယာ နိုင်ငံ ကာလီမြို့နှင့် မြန်မာနိုင်ငံမှ ရန်ကုန်မြို့တို့ကို ရွေး ချယ်ပြီး ကင်ဆာရောဂါ ကာကွယ်ရေး၊ စောစီးစွာ ရှာဖွေ ဖော်ထုတ် ကုသရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင် ရွက်မည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

RelatedPosts

တော်လှန်ရေးဗွက်ထခြင်း

တော်လှန်ရေးဗွက်ထခြင်း

20 July 2025
574
စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

20 July 2025
67
ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

20 July 2025
191

ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မကူးစက်တတ်သော ရောဂါများ ကာကွယ် နှိမ်နင်းရေးဌာနခွဲမှ ဒေါက်တာဦးမြင့်ရွှေက “UICC အနေနဲ့ သူ့ရဲ့ စိတ်ဝင်စားမှုအရ ရွေးချယ်ခဲ့တာလို့ပဲပြောရမယ်။ ကင်ဆာရောဂါ ဖြစ်ပွားပြီး သေဆုံးနေမှုများကို ကျဆင်းအောင် လုပ်မယ်ဆိုပြီး မြို့ပေါ်ကို ရွေးလိုက်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကမ္ဘာမှာ တဝက်ကျော်သော ပြည်သူတွေ သည် မြို့ပေါ်မှာနေထိုင်တယ်။ အဲဒီထဲမှာမှ မြို့ပြ မှာပါတဲ့ ကမ္ဘာ့မြို့ ၃မြို့ကို အရင် ရွေးလိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရွေးချယ်ထားသော မြို့ကြီးများတွင် ဆေးရုံ ဆေးခန်းဝန်ဆောင်မှုများ၊ အခြေခံအဆောက်အအုံ လိုအပ်ချက်များ ဖြည့်တင်း ပေးမည် ဖြစ်ပြီး ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ကုသခြင်း စသည့် လုပ်ငန်းစဉ်များကို ပံ့ပိုးပေးခြင်း၊ ကျန်းမာရေး ဝန်ဆောင်မှု စနစ်များ၊ ကွန်ရက်ချိတ်ဆက်မှုများ၊ အများပြည်သူ စောင့်ရှောက်မှု စနစ်များ ပံ့ပိုးပေးခြင်း၊ ဖွံ့ဖြိုးရေး သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ စီစဉ်ပေးခြင်း၊ သတင်းအချက်အလက်များ စုဆောင်းပေးခြင်းတို့ ပြုလုပ်မည် ဖြစ် ကြောင်း UICC မှ သိရသည်။

အဆိုပါ အစီအစဉ်အရ ဦးဆောင်ဦးရွက် ပြုလုပ်နိုင်သူများနှင့် ချိတ်ဆက်ပြီး မြို့ကြီးများတွင် ဖြစ်ပေါ်နေသည့် ကင်ဆာ ဖြစ်ပွားနှုန်းကို လျှော့ချရန် ဆောင်ရွက်ရမည့် စီမံကိန်း၊ အစီအမံများကို ပုံဖော်ပြီး ကမ္ဘာလုံးဆိုင်ရာ ကင်ဆာဖြစ်ပွားနှုန်းကို လျှော့ချနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း UICC ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

၂၀၂၅ ခုနှစ်တွင် ကူးစက်ခြင်းကြောင့် မဟုတ်သည့် နာတာရှည်ရောဂါများကြောင့် သေဆုံးမှုကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ မျှော်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မကူးစက်တတ်သော ရောဂါများ ကာကွယ် နှိမ်နင်းရေးဌာနခွဲ မှ ဒေါက်တာဦးမြင့်ရွှေက “ကင်ဆာကို အထူးသဖြင့် ကုသရေး အရည်အသွေးမြင့် ဝန်ဆောင်မှု ဖြစ်စေရေးကို သူတို့က ဦးစားပေးတယ်။ အရည် အသွေးမြင့် ကုသမှုကို ဦးတည်တယ်။ ကင်ဆာရောဂါဟာ ကုသလို့ မပျောက်ပေမယ့် ကုသနေစဉ်အတွင်းမှာ အရည် အသွေး အကောင်းဆုံး ကုသမှုကို ရနိုင်သလောက် ရသွားဖို့ ရည်ရွယ်တယ်” ဟု ဧရာဝတီကို ပြောသည်။

ကင်ဆာရောဂါသည် စားသောက်၊ နေထိုင်မှုအပေါ် မူတည်၍ ဖြစ်ပွားလေ့ရှိ၍ ယင်းအပေါ် မူတည်ကာ ကာကွယ်၊ ကုသရေးလုပ်ငန်းများကို လိုက်လျောညီထွေဖြစ်ရန် ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဇူလိူင်လ ၁၇ ရက်နေ့က ရန်ကုန်မြို့တော်တွင် ကင်ဆာရောဂါကာကွယ်ရေး၊ စောစီးစွာ ရှာဖွေဖော်ထုတ် ကုသရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် အလုပ်အမှုဆောင်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

လက်ရှိ ကမ္ဘာ့လူဦးရေ၏ ၅၄ ရာခိုင်နှုန်းသည် မြို့ကြီး၊ ပြကြီးများတွင် နေထိုင်နေကြသဖြင့် မြို့ကြီးများကိုဦးစွာ ရွေးချယ်ပြီး ကင်ဆာတိုက်ဖျက်ရေး လုပ်ငန်းများ စတင်နေကြောင်း ၊ ၂၀၁၄ ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် သတင်းအချက်အလက်များအရ သားအိမ်ခေါင်း၊ အသည်း စသည့် ကင်ဆာရောဂါများကြောင့် နှစ်စဉ် သေဆုံးသူ ၇သောင်းခန့်အထိ ရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတကာကင်ဆာရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေးအဖွဲ့ (UICC) သည် ၁၉၃၃ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဖာမြို့တွင် အခြေစိုက်ကာ နိုင်ငံပေါင်း ၁၆၀ ၌ ကင်ဆာရောဂါဆိုင်ရာ အဖွဲ့အစည်းပေါင်း ၁ ထောင်ကျော်နှင့် ချိတ်ဆက် ထားသော နိုင်ငံတကာ အဖွဲ့အစည်းဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရများနှင့် ချိတ်ဆက်ပြီး ကင်ဆာ ရောဂါဆိုင်ရာ မူဝါဒများ ချမှတ်ခြင်း၊ သုတေသနပြုလုပ်ခြင်းတို့ ဆောင်ရွက်နေသည်။

Your Thoughts …
Tags: ကင်ဆာ
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

ကျန်းမာရေးအဖွဲ့အစည်းတွေက ဒီဆေးသောက်သုံးမှုဟာ ဘေးထွက်ဆိုးကျိုးတွေ များပြားလာနိုင်တယ်လို့ သတိပေးထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပါတယ်

ခွေး သန်ချဆေးဟာ ကင်ဆာရောဂါ ပျောက်စေတယ်လို့ သတင်းများ ထွက်ပေါ်

by ဟယ်လ်သင်
22 November 2019
7.3k

ဒီဆေးသောက်သုံးအပြီး ၃ လခန့်အကြာလောက်မှာ ဆရာဝန်တွေ လက်လျှော့ထားတဲ့ အဆုတ်ကင်ဆာရောဂါဟာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်တယ်လို့လည်း သူက ရှင်းလင်းထားပါတယ်။

ခံတွင်းကင်ဆာ လူနာတွေ အားလုံးက ကွမ်းစားကြသည်

ခံတွင်းကင်ဆာ ဝေဒနာရှင်အားလုံး ဆေးရွက်ကြီး ငုံဝါးသူများ ဖြစ်

by ဧရာဝတီ
24 November 2017
13.2k

ကွမ်းစားကြသဖြင့် ခံတွင်းကင်ဆာ အဖြစ်များပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက် ခြင်း တို့လည်း ခံတွင်းကင်ဆာ ဖြစ်ပွားစေသည့် အကြောင်းရင်းများတွင် အကျုံးဝင်သည်။

သေဆုံးနှုန်းအများဆုံး ကင်ဆာရောဂါများ

သေဆုံးနှုန်းအများဆုံး ကင်ဆာရောဂါများ

by ချစ်ဖေ (တောင်တွင်းမြေ)
9 April 2017
20k

အစားအသောက်၊ အနေအထိုင်တွေ ပြောင်းလဲဆင်ခြင်လာမှုရဲ့ အကျိုးဆက်တွေပါ။ အခု ပြောမယ့်ကင်ဆာ အမျိုးအစားတွေကတော့ သေဆုံးမှု အများဆုံးနဲ့ ဖြစ်ပွားမှု အများဆုံး စာရင်းဝင်တွေ ဖြစ်ပါတယ်။

ကင်ဆာဘေး ကင်းဝေးအောင် နည်းလမ်း ၉ ချက်ဆောင်

ကင်ဆာဘေး ကင်းဝေးအောင် နည်းလမ်း ၉ ချက်ဆောင်

by ဧရာဝတီ
11 January 2018
10.6k

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ချပြတဲ့ နည်းလမ်းတွေနဲ့ ကင်ဆာရောဂါကနေ ကင်းဝေးရေး အတွက် အထောက်အကူပြုမယ့် ဆောင်ရန်၊ ရှောင်ရန်တွေကို တင်ပြလိုက်ပါတယ်။

ကင်ဆာဖြစ်စေနိုင်တဲ့ စားသောက်နေထိုင်မှု ပုံစံကို ရှောင်ပါ

ကင်ဆာဖြစ်စေနိုင်တဲ့ စားသောက်နေထိုင်မှု ပုံစံကို ရှောင်ပါ

by ချစ်ဖေ (တောင်တွင်းမြေ)
21 February 2018
7.9k

အဝလွန်ခြင်းက အစာအိမ်ပြွန်ကင်ဆာ၊ ပန်ကရီယ (သရက်ရွက်) ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ စအိုကင်ဆာတွေ အပါအဝင် ရင်သားကင်ဆာ၊ ကျောက်ကပ် ကင်ဆာနဲ့ သိုင်းရွိုက်ကင်ဆာတွေ ဖြစ်စေဖို့ ပိုစေတယ်လို့...

နေ့စဉ် စားသောက်နေတဲ့ အစားအစာတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းအရင်း များစွာ ပါဝင်ပါတယ်

နေ့စဉ် စားသောက်နေသော အစားအစာများမှ ကင်ဆာဖြစ်စေနိုင်သော အစားအသောက် ၅ မျိုး

by ဟယ်လ်သင်
9 March 2018
6.5k

ဆားရည်စိမ်ထားတဲ့ အစားအစာတွေနဲ့ ချဉ်ဖတ်တွေဟာ အစာအိမ်ကင်ဆာကို ဖြစ်ပွားစေနိုင်ပါတယ်။ အစာအိမ် ကင်ဆာဖြစ်ပွားမှုဟာ စားသောက်တဲ့ အစားအစာနဲ့ တိုက်ရိုက် ဆက်စပ်နေတာကြောင့် ကြာရှည်ခံအောင်

Next Post
စတင်ရောင်းချနေပြီ ဖြစ်တဲ့ Samsung Galaxy Note 8 နှစ်မျိုး

စတင်ရောင်းချနေပြီ ဖြစ်တဲ့ Samsung Galaxy Note 8 နှစ်မျိုး

မအူပင်ခရိုင် ပန်းတနော်နှင့် ဓနုဖြူနယ်ခြား ဒေသတွင် တိုင်းအစိုးရ၏တားမြစ်ချက်ကို ချိုးဖောက်၍ တာပတ် နေသည့် လုပ်ငန်းကို ဇူလိုင်လဆန်းပိုင်းတွင် ဒေသခံများက ဝိုင်းဝန်းတားဆီးနေစဉ်  / ဆလိုင်းသန့်စင်  / ဧရာဝတီ

မအူပင်ခရိုင်တွင် စီမံကိန်း မပြုလုပ်ဖြစ်သည့် မြေဧက ၁သိန်းကျော် ရှိနေ

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.2k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
5k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate