• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ ALD ပါတီနှင့်ပူးပေါင်းမည်

by ခင်ဦးသာ
25 July 2017
in သတင်း
A A
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ  / မျိုးမင်းစိုး / ဧရာဝတီ

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ / မျိုးမင်းစိုး / ဧရာဝတီ

5.6k
VIEWS
Share on FacebookShare on Twitter

ရခိုင်အမျိုးသား ပါတီ (ANP) ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေသည် ၎င်းပါတီမှ နုတ်ထွက်ပြီးနောက် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (Arakan League for Democracy- ALD) ပါတီနှင့် ပူးပေါင်း ဆောင်ရွက်တော့မည် ဖြစ်ကြောင်း သိရသည်။

ဒေါ်ထုမေသည် ANP ပါတီမှ ဇူလိုင်လ ၂၄ ရက်နေ့က နုတ်ထွက်ခဲ့ပြီးနောက် ALD ပါတီဝင် တာဝန်များကို ထမ်း ဆောင်တော့မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အနေအထား၊ ရခိုင်ပြည်နယ်၏ အခြေအနေများသည် အဘက်ဘက်က နိမ့်ပါးနေသည့်အတွက် ပို၍ကြိုးပမ်း လုပ်ဆောင်နိုင်ရေး၊ ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေး၊ လူငယ်များ၏ ပညာရေးများ မြင့်မားလာရေးတို့အတွက် လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် ALD ပါတီဝင် တဦးအဖြစ်က ပို၍ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ခြင်းကြောင့် ANP ပါတီမှ နုတ်ထွက်ရခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်သည့် ALD ပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်ထုမေ က ပြောသည်။

RelatedPosts

တော်လှန်ရေးဗွက်ထခြင်း

တော်လှန်ရေးဗွက်ထခြင်း

20 July 2025
624
စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

20 July 2025
67
ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

20 July 2025
199

ဒေါ်ထုမေက “ANP ပါတီက ကျမ ဘာကြောင့်နုတ်ထွက်ရလဲဆိုတော့ ပြတ်သားရမယ့် အချိန်ရောက်လာပါပြီ၊ လူငယ်အမျိုး သမီးတယောက်ဖြစ်လို့ Comfort Zone လို့ပြောတဲ့နေရာမှာ သက်တောင့်သက်သာ နေဖို့မသင့်တော့ပါဘူး၊ ရှေ့ကလူကြီး တွေလုပ်တာကို နောက်က လိုက်လုပ်ပြီးတော့ သက်တောင့်သက်သာ နေဖို့ မသင့်တော့တဲ့အတွက် နုတ်ထွက်ရတာပါ” ဟု ဆိုသည်။

၎င်း၏ နုတ်ထွက်စာအား လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာ၌ ဇူလိုင်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

သူသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ANP ပါတီ ကိုယ်စားပြု၍ ရမ်းဗြဲမြို့နယ်နှင့် အမ်းမြို့နယ်တို့မှ အမျိုး သား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ALD ပါတီသို့ ၂၀၀၆ ခုနှစ်မှ စတင်ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရခိုင်ပါတီ ၂ ခု ပူးပေါင်းသည့်အခါ ANP ပါတီဝင် ဖြစ်လာခဲ့ကြောင်း သိရသည်။

၎င်းက “ကျမရဲ့ မိခင်ပါတီ ALD ကို ရောက်လာပြီ ဖြစ်လို့ ရခိုင်ပြည်နယ်အရေး ကိစ္စတွေကို ပိုပြီးတော့ လွတ်လပ်စွာ လုပ် ဆောင်ခွင့် ရတော့မှာပါ” ဟု ဆိုသည်။

ANP ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ALD နှင့် ၂၀၁၀ ရွေးကောက်ပွဲ အနိုုင်ရ ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီ (RNDP) တို့အား ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပူးပေါင်းခဲ့ကြသော်လည်း နှစ်ပါတီ ခေါင်းဆောင်များအကြား သဘောထား ကွဲလွဲမှုများဖြစ်ပေါ်ခဲ့ကြသည်။

ALD ပါတီသည် ANP ပါတီမှ ခွဲထွက်၍ ၂၀၁၇ ခုနှစ် မေလတွင် ပြန်လည် မှတ်ပုံတင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၈ ရက် နေ့က တရားဝင် မှတ်ပုံတင်ခွင့် ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပါတီသည် တရားဝင် ပါတီတခု အဖြစ် မှတ်ပုံတင်ခွင့်ရရှိပြီ ဖြစ်၍ ရှေ့လုပ်ငန်းစဉ်များအား ဆက်လက် ဆောင် ရွက်တော့မည် ဖြစ်ပြီး ဗဟိုအလုပ်မှု ဆောင်အဖွဲ့ကိုလည်း မကြာမီ ဖွဲ့စည်းသွားရန် ရှိကြောင်း ပါတီ၏ လက်ရှိ ခေါင်းဆောင် ဦးကျော်မြင့်က ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဦးကျော်မြင့်က “ပါတီက တရားဝင်ပြီဖြစ်လို့ ရခိုင်ပြည်နယ်ရဲ့ အကျိုးစီးပွားတွေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေမှာ ပါဝင်ဆောင်ရွက်တော့မှာပါ၊ အဲဒါအပြင် NLD ပါတီ အပါအဝင် ဒီမိုကရေစီ အင်အားစု အားလုံးနဲ့ ပူးပေါင်းဆောင် ရွက်သွားဖို့ ရှိပါတယ်” ဟု ဆိုသည်။

ALD ၏ မူဝါဒသည် တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး၊ ရခိုင်အမျိုးသား အကျိုးစီးပွား ဖြစ်ထွန်းရေး၊ ရခိုင်ပြည်နယ်နှင့် လူထု အကျိုးစီးပွားအား ရခိုင်လူမျိုးများက ဦးဆောင်ခွင့်ရရေး၊ ပြည်နယ်ထွက် သယံဇာတ ပစ္စည်းများအား လူထုအတွက် အသုံးပြုခွင့်ရရှိရေး စသည်တို့ ပါဝင်ကြောင်း သိရသည်။

ထို့အတူ တရားဥပဒေ စိုးမိုးရေး၊ လယ်ယာမြေ ပြဿနာ၊ လူငယ်များ၏ ပညာရေး ဖွံ့ဖြိုးတိုးတက်လာရေးနှင့်အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေးတို့ကို ပါဝင်ဆောင်ရွက်သွားမည်ဟု ဦးကျော်မြင့် က ပြောဆို ခဲ့သည်။

ပါတီ၏ ရှေ့လုပ်ငန်းစဉ်များအား စတင် ဆောင်ရွက်ရန် အဖွဲ့ဝင် ၅ ဦးပါဝင်သည့် ဦးဆောင် ကော်မတီ တခု အား ဖွဲ့စည်းထားပြီး ခေါင်းဆောင် အဖြစ် ဦးကျော်မြင့်ပါဝင်ပြီး ဦးအောင်စိုး၊ ဦးဦး လှမြင့်၊ ဦးသာသာမောင်၊ ဦးမျိုးကျော် စသည်တို့ ပါဝင်သည်။

Your Thoughts …
Tags: ALDANP
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.3k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

AA ဘယ်လက်မောင်းတံဆိပ်နှင့် ရင်ထိုး / အောင်ကျော်ထက် / ဧရာဝတီ

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁)

by မောင်မောင်စိုး
11 June 2020
66.8k

၂၀၀၉ ခုနှစ်တွင် လူအင်အား ၃၀ ပင်မပြည့်သည့် AA တပ်ဖွဲ့သည် ၁၀ နှစ်အကြာတွင် အင်နှင့်အားနှင့် သူ၏အစွမ်းအစကို ထုတ်ပြလာသည်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်ဒုက္ခသည်စခန်းမှ မောင်နှမကို ၂၀၁၉ စက်တင်ဘာလအတွင်း မြင်ရစဉ် / ဇော်ဇော် 

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၈)

by မောင်မောင်စိုး
26 June 2020
27.5k

ရခိုင်စစ်ပွဲအပါ တိုင်းရင်းသားလက်နက်ကိုင်ပြဿနာကို ဖြေရှင်းရန်အတွက် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေထွက်ပေလိမ့်မည်။

၂၀၁၉ ဇန်နဝါရီလ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ဗိုလ်ချုပ်ထွန်းထွန်းညီ (အလယ်လူ) / ဧရာဝတီ

စစ်တပ်က ရခိုင်နဲ့ ဗမာကို ရန်တိုက်ပေးသလား

by ပေါ်ထွန်း
8 January 2022
12.8k

ရခိုင်ပြည်နယ်တွင်း အများဆုံးနေထိုင်ကြသော လူမျိုးစုနှစ်စုအကြား ပြဿနာ ဖန်တီးပြီး သွေးခွဲမည်ကို AA ခေါင်းဆောင်များနှင့် ရခိုင်နိုင်ငံရေး အင်အားစုများက သတိကြီးစွာ စောင့်ကြည့် နေကြရသည်။

၂၀၂၀ မတ်လအတွင်း AA အား  NLD အစိုးရက မတရားသင်းအဖြစ် လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် လည်းကောင်း ကြေညာခဲ့သည် / ဧရာဝတီ

ရခိုင်စစ်ပွဲနှင့် သူ၏ ဇာတ်ကောင်များ (အပိုင်း ၅)

by မောင်မောင်စိုး
19 June 2020
30.7k

NLD အများစုပါဝင်သည့် လွှတ်တော်များတွင် ရခိုင်အရေးဆွေးနွေးသည်ကို မတွေ့ရပေ။

AA ၏ လူအင်အား ၄၀၀၀ ခန့် ရခိုင်မြောက်ပိုင်းတွင် ဖြန့်ခွဲလှုပ်ရှားနေသည်ဟု ခန့်မှန်းသုံးသပ်ရပါသည် / အောင်ကျော်ထက်

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၂)

by မောင်မောင်စိုး
12 June 2020
45.6k

လက်နက်ကိုင်တပ်ဖွဲ့ ၁ ဖွဲ့ ဖွဲ့စည်းသည်နှင့် လိုအပ်ချက်များ များပြားပေသည်။

Next Post
စပါးရိတ်သိမ်းနေမှု မြင်ကွင်း / ဆလိုင်းသန့်စင် / ဧရာဝတီ

သီးနှံအစိုဓာတ် တိုင်းတာသည့် ဓာတ်ခွဲခန်း ပထမဆုံး ဖွင့်လှစ်မည်

ရန်ကုန်တိုင်း၊ ကြက်မွေးမြူရေးခြံတခြံကို ယခုနှစ်ပိုင်းအတွင်းကတွေ့ရပုံ / မျိုးမင်းစိုး / ဧရာဝတီ

ထားဝယ်တွင် ကြက်သားနှင့်ကြက်ဥ ဖြန့်ဖြူးရောင်းချမှု ယာယီရပ်ဆိုင်း

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.2k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

4 days ago
5.1k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate