• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထားဝယ်တွင် ကြက်သားနှင့်ကြက်ဥ ဖြန့်ဖြူးရောင်းချမှု ယာယီရပ်ဆိုင်း

by ထွန်းထွန်း
25 July 2017
in သတင်း
A A
ရန်ကုန်တိုင်း၊ ကြက်မွေးမြူရေးခြံတခြံကို ယခုနှစ်ပိုင်းအတွင်းကတွေ့ရပုံ / မျိုးမင်းစိုး / ဧရာဝတီ

ရန်ကုန်တိုင်း၊ ကြက်မွေးမြူရေးခြံတခြံကို ယခုနှစ်ပိုင်းအတွင်းကတွေ့ရပုံ / မျိုးမင်းစိုး / ဧရာဝတီ

6.5k
VIEWS
Share on FacebookShare on Twitter

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ကြက်ခြံတခုအတွင်း ကြက်များသေဆုံးမှု ဖြစ်ပွားပြီးနောက် မြို့ပေါ်နှင့် ရပ်ကွက်တချို့ရှိ ကြက်ခြံများနှင့် ဈေးများအတွင်း ကြက်သားနှင့်ကြက်ဥ ရောင်းဝယ်မှုများ ယာယီ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးဦးအောင်ကျော်မျိုးက “ အခု H1N1 ဆိုပြီး ပေါ်လာတဲ့အချိန် ကြက်ခြံတချို့မှာ အစုလိုက်အပြုံလိုက် သေတယ်။ အဲဒီအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အခုလို ဖြန့်ဖြူးခြင်း ရပ်ဆိုင်းခိုင်းထားတာပါ ” ဟု ပြောသည်။

RelatedPosts

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

24 May 2025
238
အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
281
မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
475

ကြက်သားနှင့် ကြက်ဥရောင်းဝယ်မှုများ ယာယီရပ်ဆိုင်းရန် ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က ထားဝယ်မြို့နယ်၊ ထိန်သစ်အုပ်စုအတွင်း ဝဲကျွန်း (ညောင်ရမ်း) ကျေးရွာရှိ ကြက်ခြံတခုအတွင်း ကြက်ကောင်ရေ ၁ ထောင်ခန့် သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက်၊ ခြံအတွင်းကျန်ရှိသည့် ကြက်များကို ရှင်းလင်းခဲ့ပြီး ရန်ကုန်မြို့သို့ ရောဂါရှာဖွေဓာတ်ခွဲစစ်ဆေးရန် နမူနာပို့ဆောင်ထားကြောင်း သိရသည်။

လက်ရှိအချိန်၌ ကြက်များသေဆုံးရခြင်း အကြောင်းအရင်းအဖြေ မရရှိသေးချိန်တွင် ကြိုတင်ကာကွယ်မှုအနေဖြင့် ထိန်သစ်အုပ်စုအတွင်းရှိ ကြက်မွေးမြူရေးလုပ်ငန်းရှင် ၆ ဦးထံလိပ်မူပြီး ယနေ့မှစတင်၍ ကြက်သားနှင့်ကြက်ဥများ ဖြန့်ဖြူးရောင်းချခြင်း မပြုရန် စည်/ပင်မှ တားမြစ်လိုက်ခြင်း ဖြစ်သည်။

ထားဝယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်အေးက “ကြက်ခြံတွေကို လက်တလော ရောင်းချတာတွေ ပိတ်ထားဖို့ ပြောထားတာတွေ့တယ်။ ပြီးခဲ့တဲ့ရက်ကလည်း ကြက်ခြံတခုမှာ ကြက်တွေသေတော့ ကြိုကာတဲ့အနေနဲ့လုပ်တာ ဖြစ်ပါလိမ့်မယ်။ အခြေအနေအတိအကျတော့ မသိရသေးပါဘူး” ဟု ပြောသည်။

လက်ရှိဓာတ်ခွဲခန်းသို့ ပေးပို့ထားသည့် အဖြေမရရှိခင်အချိန်ရှိ အထက်ပါကဲ့သို့ ကန့်သတ်ချက်ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အဖြေထွက်လာသည့်အပေါ် မူတည်၍ စားသုံးသူများအပေါ် အန္တရယ်မဖြစ်စေပါက ပြန်လည်ရောင်းချခွင့် ပေးသွားမည်ဖြစ်ကြောင်း ဦးအောင်ကျော်မျိုးက ပြောသည်။

လက်ရှိတွင် တုပ်ကွေးရောဂါ H1N1 နှင့်ပတ်သက်၍ ချင်းပြည်နယ်တွင် လူ ၁၀ ဦး ရောဂါခံစားနေရပြီး ၁ ဦး သေဆုံးခဲ့ကြောင်းနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်လည်း တုပ်ကွေးရောဂါ ဖြစ်ပွားနေသည့် လူနာ ၃ ဦး တက်ရောက်ကုသလျှက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပြောဆိုထားသည်။

ရာသီတုပ်ကွေးရောဂါ (Seasonal Flu, A/H1N1 2009) ဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနှင့် အမျိုးသားတဦးတို့ ဇူလိုင်လ ၂၄ ရက်က ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ သေဆုံးသွားကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောသည်။

H1N1 သည် ရာသီတုပ်ကွေးတခုသာဖြစ်ပြီး မြန်မာနိုင်ငံသို့ ၂၀၀၁ ခုနှစ်က စတင်ဝင်ရောက်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ၁၇၆ ဦး ဖြစ်ပွားခဲ့ကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် ၉ ဦး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Your Thoughts …
Tags: H1N1
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ရောဂါရှိနေသူက ချောင်းဆိုးနှာချေလိုက်လို့ လေထဲကို ရောက်လာတဲ့ အမှုန်အမွှားလေးတွေ ရှူ ရှိုက်မိရာက ကူးစက်တာပါပဲ

သိထားသင့်တဲ့ H1N1

by ဒေါက်တာသက်ဦး
15 August 2017
5k

ရောဂါပိုးရှိနေသူက လက္ခဏာတွေ မပြသေးခင် ၁ ရက်လောက်မှာကိုပဲ တခြားသူကို ကူးစက်စေနိုင်ပြီး ဖျားနာ ပြီးနောက် ၇ ရက် လောက်အထိ ( ကလေးတွေဆို ၁၀ ရက်လောက်အထိ) တခြားသူကို ကူးစက်နိုင်ပါသေးတယ်။

ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်  / ထက်ဝေ / ဧရာဝတီ

H1N1 အတွက် လူတိုင်းလူတိုင်း ကာကွယ်ဆေးထိုးစရာ မလိုဘူး

by သဇင်လှိုင်
27 June 2019
23.1k

Surgical Mask တွေ တပ်တာကတော့ ရောဂါ မကူးစက်အောင် တားဆီးတဲ့နေရာမှာ အထောက်အပံ့ မပေးဘူး။ Surgical Mask တပ်တဲ့ သူတွေမှာတောင် ပိုပြီး ကူးစက်ဖို့ လွယ်မယ်။ အဲဒါကို အားမပေးဘူး။

H1N1 သည် မြန်မာနိုင်ငံတွင် အဆိုးဆုံး ဖြစ်ပွားခဲ့သည်မှာ ၂၀၁၇ ခုနှစ်ဖြစ်သည်  / ဧရာဝတီ

H1N1 အရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတိပေး

by ကျော်မျိုး
21 June 2019
15.5k

ရာသီတုပ်ကွေးရောဂါ Influenza A H1N1 pdm 09 သံသယရှိလျှင် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သတင်းပေးပို့၍ ကုသမှုခံယူရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇွန်လ ၂၀ရက် ညက သတင်းထုတ်ပြန်၍ တိုက်တွန်းထားသည်။

H1N1 ရောဂါဖြင့် သေဆုံးသူဟု သံသယရှိသူကို သယ်ဆောင်လာစဉ်

ရာသီတုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ၅၉ ဦးအထိရှိလာ

by သဇင်လှိုင်
18 July 2019
3.6k

သေဆုံးသူဦးရေ၏ ၇၈ ရာခိုင်နှုန်းကျော်သည် နာတာရှည် ရောဂါအခံရှိသူများတွင်ဖြစ်ပြီး၊ ၉ ရာခိုင်နှုန်းခန့်သည် အသက် အရွယ်ကြီး ရင့်လွန်းသူ နှင့် ငယ်ရွယ်လွန်းသူ များဖြစ်ကြောင်း ၁၂ ရာခိုင်နှုန်းကျော်သည် Seasonal Influenza A (H1N1) pdm...

သြဂုတ်လ ၃ ရက်နေ့က H1N1 ရောဂါဖြင့် ဝေဘာဂီဆေးရုံသို့ ရောက်ရှိလာသည့် ဖျာပုံဆေးရုံအုပ်ကြီး ရောဂါပျောက်ကင်းသွား၍ ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။ / မျိုးမင်းစိုး / ဧရာဝတီ

ဖျာပုံဆေးရုံအုပ်ကြီး H1N1 ပျောက်ကင်းသွား၍ ဆေးရုံမှ ဆင်း

by သဇင်လှိုင်
10 August 2017
7.6k

“နေကောင်းလို့ ဆေးရုံက ဆင်းသွားတာပါ ။ အလုပ်ထဲတောင် ပြန်ဝင်နေပါပြီ။ ရောဂါက အရှင်း ပျောက် သွားတာပါ” ဟု ဝေဘာဂီ ဆေးရုံအုပ် ဒေါက်တာအေးအေးအောင်က ဧရာဝတီသို့ ပြောသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး / သက်ထွန်းနိုင် / ဧရာဝတီ

H1N1 လူနာ ၁ ဦးထပ်မံသေဆုံးပြီး ပိုးရှိသူ ၂၃ ဦးထပ်တိုး

by သဇင်လှိုင်
2 August 2017
10.5k

H1N1 ပိုးတွေ့တဲ့သူက ၉၉ ဦး ရှိတယ်။ ပိုးတွေ့တဲ့ထဲမှာ သေဆုံးတဲ့သူက ၁၃ ဦးရှိပါတယ်။ Positive ၂၃ ယောက် ထပ်တိုးတာပေါ့

Next Post
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် မူလတန်းကျောင်းသူ အသတ်ခံရမှု ဓာတ်ပုံ

နားကပ်ချွတ်လုရာမှ မူလတန်းကျောင်းသူကို သတ်မိကြောင်း တရားခံဝန်ခံ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ / သက်ထွန်းနိုင် / ဧရာဝတီ

မစ္စယန်ဟီလီကို လွှတ်တော်တွင်း အပြင်းအထန် ကန့်ကွက်ဝေဖန်မှုများ ပြုလုပ်

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

4 days ago
4.1k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

1 day ago
4k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate