သတင်း

မီဒီယာအမှုများ တရားရုံးကို ဖိအားပေးမည် မဟုတ်ဟု တပ်မတော်ပြော

Want create site? Find Free WordPress Themes and plugins.

ပုဒ်မ ၆၆(ဃ)၊ ပုဒ်မ ၁၇(၁)တို့ဖြင့် တပ်မတော်၏တရားစွဲခံနေရသည့် မီဒီယာနှင့် သက်ဆိုင်သော အမှုများကို ပြန်လည် ရုပ်သိမ်းရန် မရှိသော်လည်း တရားရုံးသို့ မည်သည့် ဖိအားမှပေးမည် မဟုတ်ဘဲ တရားရုံး အဆုံးအဖြတ်အတိုင်း လက်ခံ သွားမည်ဟု တပ်မတော်က ပြောဆိုလိုက်သည်။

ဇူလိုင်လ ၂၇ ရက်နေ့က နေပြည်တော်တွင် သတင်းမီဒီယာအဖွဲ့များနှင့် မီဒီယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ် အောက်တွင် တွေ့ဆုံစဉ် အထက်ပါအတိုင်း တပ်မတော် ခေါင်းဆောင် တချို့က ပြောဆိုခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အတွင်းရေးမှူး ဦးသီဟစောက ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကို ပြောသည်။

“လက်ရှိမှာ အမှုတွေက ရဲနဲ့ တရားရုံးဆီကို ရောက်နေပြီ။ အဲဒီမှာ တပ်မတော်က ဘာဖိအားမှ ပေးမှာမဟုတ်ဘူး။ ဖိအား ပေးထားတာလည်း မရှိဘူး။ တရားစီရင်ရေးက သူ့ဘာသာသူ တရားမျှတအောင် စီရင်ရုံပဲ ရှိတော့တယ်လို့ ပြော တယ်။ တပ်မတော်က ဆတ်ဆတ်ထိမခံ မဟုတ်ဘဲနဲ့ သေချာလေ့လာပြီးမှ ဒီလိုလုပ်တာပေါ့နော်”ဟုလည်း ဦးသီဟစော က ပြောပြ သည်။

ဧရာဝတီ သတင်းထောက် တဦးနှင့် ဒီဗီဘီ သတင်းထောက် ၂ ဦးတို့သည် ရှမ်းပြည်နယ်ရှိ ပလောင်(တအာင်း) လွတ် မြောက်ရေး တပ်မတော် ထိန်းချုပ်နယ်မြေမှ သတင်းရယူပြီးအပြန် ဇွန်လထဲတွင် တပ်မတော်၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲ၍ သီပေါ အကျဉ်းထောင်တွင် ထိန်းသိမ်း ခံထားရသည်။

The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ သည်လည်း ၎င်း၏ ဂျာနယ်နှင့် အွန်လိုင်းစာမျက်နှာတွင် ဖော်ပြ ခဲ့ သည့် “ကျဉ်ထောင်စုသစ္စာ”ဆိုသည့် သရော်စာ ဆောင်းပါး တပုဒ်ကြောင့် ပုဒ်မ ၆၆ (ဃ)ဖြင့် တပ်မတော်၏အမှုဖွင့် ခြင်း ကို ခံခဲ့ရပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ် တရားရုံးတွင် အချုပ်နှင့် တရားရင်ဆိုင် နေရသည်။

ဦးသီဟစောက “၁၇(၁)နဲ့ ငြိတယ်၊ မငြိဘူး ဆိုတာကတော့ ၁၇(၁)နဲ့ ငြိတယ်လို့ ယူဆလို့ ဆွဲတာပေါ့။ ၁၇(၁)က အဖွဲ့ အစည်း တခုချင်းစီနဲ့လည်း ဆိုင်တယ်။ လောလောဆယ်တော့ ကိုကျော်မင်းဆွေ အမှုရော၊ ၁၇(၁) အမှုကိုရော တရား ရုံး ကပဲ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် တပ်မတော်က Pressure ပေးတာ မရှိဘူးပေါ့။ အမှုကိုလည်း ပြန်ရုပ်သိမ်းဖို့ လည်း မရှိဘူးပေါ့”ဟု ပြောသည်။

တပ်မတော်၊ သတင်းမီဒီယာနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့က ဆွေးနွေးပွဲတွင် မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများ အပါအဝင် လက်ရှိ ဖြစ်ပေါ်နေသည့် မီဒီယာနှင့် တပ်မတော်ကြား ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း၊ သို့သော် ရလဒ် ထွက်ရှိခြင်း မရှိဘဲ ယခုကဲ့သို့ မကြာခဏ တွေ့ဆုံရန်သာ သဘောတူညီခဲ့ကြကြောင်း သိရသည်။

တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အောင်ရဲဝင်းက “သတင်း မီဒီယာသမားသည်လည်း တိုင်းပြည်အကျိုး ပြည်သူ့ အကျိုးကို ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ကျနော် ဆိုလိုတာကတော့ ကျနော်တို့နဲ့ သတင်း မီဒီယာသမားတွေနဲ့ ရပ်တည်ချက်၊ ရည်ရွယ်ချက်တွေ တူပါတယ်။ ဒီလိုမျိုးတူနေတဲ့ အဖွဲ့အစည်းနှစ်ခုကြားမှာ ကျနော့် အမြင် ပြောတာနော်။ ရေရှည်မှာ ဆက်ဆံရေး မကောင်းစရာ မရှိပါဘူး”ဟု ဆွေးနွေးပွဲ အဖွင့် အမှာစကားတွင် ထည့် သွင်း ပြောကြားသွားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading